28/08/2026
𝟗𝟕𝟖/𝟏𝟎𝟎𝟎 👀
A7 Football Online Agent - A7FOA
မင်္ဂလာပါခင်ဗျ🙏 Ibet 789 / 555mix ဆော့ကစားချင်တဲ့ညီကိုများအတွက်
တိကျ မှန်ကန် မြန်ဆန်သောဝန်ဆောင်မှုများအတွက်-"A7 Football Online Agent ”
👉 Viber ☎️ 09 40 444 2500 ဆီလာခဲ့ပေးပါခင်ဗျ
28/08/2026
𝟗𝟕𝟖/𝟏𝟎𝟎𝟎 👀
28/08/2026
ယူနိုက်တက်တို့ကတော့ ချန်ပီယံလိဂ်ပြန်ကန်ခွင့်ရတဲ့ နှစ်မှာပဲ ဂျာမန်ဘီလူးကြီး ဘိုင်ယမ်မြူးနစ်နဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်
လုခ်ရှောနဲ့ အိုလစ်ဆေးတို့ကတော့ တကယ့်ကို ထိပ်တိုက်တွေ့ကြပါပြီ
တန်းတက်အသင်းနဲ့တောင် ရုန်းကန်ခဲ့ရတဲ့ ယူနိုက်တက်အနေနဲ့ ဘိုင်ယမ်နဲ့အတွေ့မှာ မထင်မှတ်ထားတာတွေ လုပ်ပြသွားမလား စောင့်ကြည့်ရပါမယ်။
27/08/2026
မနေ့ညက ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲမက်ဒရစ်က ရီးရဲဆိုဆီဒက်အသင်းကို ၄-၁ နဲ့အနိုင်ရခဲ့ပြီး ဘာပေ ၊ ဘယ်လင်ဟမ် ၊ ဗီနီးရှပ်တို့ ၃ ယောက်စလုံး ပုံစံကောင်းပြခဲ့ကြပါတယ် ။ အမ်ဘာပေက ဟက်ထရစ်သွင်းခဲ့ပြီး ဘယ်လင်ဟမ်က ၂ ဂိုးဖန်တီးခဲ့ကာ ဗီနီးရှပ်ကတော့ ၁ ဂိုးသွင်းပြီး ၁ ဂိုးဖန်တီးခဲ့ပါတယ် ။ အမ်ဘာပေကတော့ ရီးရဲမက်ဒရစ်အသင်းအတွက် ဂိုးပါဝင်ပတ်သက်မှု ၁၀၀ အထိ ရောက်ရှိသွားခဲ့ပါပြီ ။ နည်းပြကြီး မော်ရင်ညိုအတွက်လည်း ဘာနေဗျူးကွင်းမှာပြန်ကစားတဲ့ ပထမဆုံးပွဲမှာ ဂိုးပြတ်နိုင်ပွဲနဲ့အဖွင့်လှပခဲ့ရပါတယ် ။
24/08/2026
ထိပ်တန်းလိဂ် (၅) ခုရဲ့ တန်ဖိုးအမြင့်ဆုံးကစားသမားများ💷💷💷💷💷
🇪🇸 La Liga — တန်ဖိုးအမြင့်ဆုံး ကစားသမား ၅ ဦး 💰
🏴 Premier League — တန်ဖိုးအမြင့်ဆုံး ကစားသမား ၅ ဦး 💰
🇮🇹 Serie A — တန်ဖိုးအမြင့်ဆုံး ကစားသမား ၅ ဦး 💰
🇩🇪 Bundesliga — တန်ဖိုးအမြင့်ဆုံး ကစားသမား ၅ ဦး 💰
🇫🇷 Ligue 1 — တန်ဖိုးအမြင့်ဆုံး ကစားသမား ၅ ဦး 💰
ဘယ်လိဂ်က ကစားသမားတွေက ပိုကြမ်းမယ်ထင်လဲ????
24/08/2026
ဂိုးတထောင် ပြည့်တော့မယ့် ရော်နယ်ဒို အတွက် ဆုတောင်းပေးခဲ့တဲ့ ဖီဖာ ဥက္ကဌ အင်ဖန်တီနို
ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒိုဟာ မနေ့က ပဲရစ်မှာ ကျင်းပခဲ့တဲ့ Esports ကမ္ဘာ့ဖလား အပိတ်ပွဲကို တက်ရောက်ရင်း၊ ဖီဖာ ဥက္ကဌ ဂျီယန်နီ အင်ဖန်တီနိုနဲ့ တွေ့ဆုံခဲ့ပြီး၊ ၄င်းတို့ အကြား အောက်ပါအတိုင်း စကားလုံး ဖလှယ်ခဲ့ကြပါတယ်။
ရော်နယ်ဒို - ‘ ခင်ဗျား နေကောင်းတယ်မလား? ‘
အင်ဖန်တီနို - ‘ ကောင်းပါတယ်။ ၂၃ဂိုးပဲ လိုတော့တယ် မဟုတ်လား? ‘
ရော်နယ်ဒို - ‘ ဟုတ်ကဲ့ .. ၂၃ဂိုးပဲ လိုတော့တာပါ ‘
အင်ဖန်တီနို - ‘ ကံကောင်းပါစေကွာ။ let’s go .. let’s go ‘
ရော်နယ်ဒို - ‘ ကျေးဇူးတင်ပါတယ် ‘
23/08/2026
၅ ပွဲဆက်နိုင်ပွဲပျောက်လာတဲ့ အင်တာမိုင်ယာမီအသင်း
ဒီနေ့မနက်ကစားခဲ့တဲ့ပွဲမှာ တိုရန်တိုအသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ ရှုံးခဲ့ပါတယ် ။ ဒီပွဲနဲ့ဆိုရင် နောက်ဆုံး ၅ ပွဲမှာ ၄ ကြိမ်မြောက်ရှုံးနိမ့်မှုဖြစ်ပြီး ကျန်တဲ့တပွဲကလည်း သရေရလဒ်ထွက်ပေါ်ခဲ့တာပါ ။ မက်ဆီ တဂိုးသွင်းပေးခဲ့ပေမယ့် လုံလောက်မှုမရှိခဲ့ပါဘူး ။
16/08/2026
မန်စီးတီးကို ဂိုးပြတ်အနိုင်ကစားပြီး ထိုက်တန်စွာဗိုလ်စွဲခဲ့တဲ့ အာဆင်နယ်
ကွန်မြူနတီရှီးလ် Full Time :
Arsenal 3-0 Man City
ကာလာဖီအိုရီ
ကိုင်ဟာဗက်ဇ်
မာတင် အိုဒီဂတ်
အသင်း ၂ သင်းအကြားက ခြေစွမ်းကွာဟမှုက ကြီးမားလှပါတယ် ။ အာဆင်နယ်တို့ ပရီးမီးယားလိဂ်ကို ဆက်လက်စိုးမိုးထားဖို့ အလားအလာများနေပါပြီ ။ မန်စီးတီးကတော့ နည်းပြသစ်ကို အချိန်ပေးဖို့လိုအပ်တာနဲ့အတူ သူတို့ခေတ်တခေတ်ပြန်ရောက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ ။
16/08/2026
ချဲလ်ဆီးအသင်းသက်တောင့်သက်သာနိုင်ခဲ့တဲ့ အေစီမီလန်ကို ဂိုးပြတ်ရှုံးတဲ့ မန်ယူအသင်း
မန်ယူတို့ ပင်နယ်တီရော ပြိုင်ဘက်နောက်တန်းကစားသမားကပေးတဲ့ဂိုးရောရခဲ့ပေမယ့် အေစီမီလန်ကို အနိုင်မကစားနိုင်ခဲ့ပါဘူး ။ အမော်ရင်ရဲ့ အသင်းဟာ ဒီနေ့ပွဲမှာ ကစားပုံပိုကောင်းခဲ့ပါတယ် ။ အမော်ရင်လည်း အေစီမီလန်နည်းပြဘဝမှာ ပထမဆုံးနိုင်ပွဲကို ရရှိသွားခဲ့ပါပြီ ၊ အသင်းဟောင်းနဲ့ ပြန်ဆုံတဲ့ပွဲမှာ နိုင်ခဲ့တာက သူ့ကို ပိုပြီးပျော်ရွှင်စေခဲ့မှာပါ ။
15/08/2026
ကွာရှင်းဖြစ်ခဲ့သည် ရှိသော် စည်းစိမ်တဝက် ခွဲပေးစရာ မလိုတဲ့ ရော်နယ်ဒို
ပေါ်တူဂီ သတင်းဌာန တခု ဖြစ်တဲ့ Journal De Noticias ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီ စူပါစတား ခရစ်တီယာနို ရော်နယ်ဒို အနေနဲ့ မကြာခင်က ထိမ်းမြား လက်ထက်ခဲ့တဲ့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့ အခန့်မသင့် အကြောင်းမတိုက်ဆိုင်လို့ ကွာရှင်းဖြစ်ခဲ့သည်ရှိသော်၊ ၄င်းရဲ့ စည်းစိမ် ဥစ္စာကို တဝက် ခွဲပေးစရာ မလိုကြောင်း သိရပါတယ်။
ဂျော်ဂျီနာဖက်ကလည်း ဒီလက်ထပ်စာချုပ်မှာ ရော်နယ်ဒို တောင်းဆိုခဲ့တဲ့ အချက်ကို ကျေကျေနပ်နပ် လိုက်လျောပေးထားကြောင်း ယင်းသတင်းက ဆိုပါတယ်။ ဒါကြောင့် ကွာရှင်းကိစ္စတွေ ရှိခဲ့ရင်တောင်၊ ဂျော်ဂျီနာဟာ ရော်နယ်ဒိုရဲ့ ပိုင်ဆိုင်မှု တပြားတချပ်မှ ရရှိမှာ မဟုတ်ပဲနဲ့၊ ကိုယ်ပိုင်ဝင်ငွေတွေနဲ့ ရပ်တည်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။
14/08/2026
“ကျွန်တော်သာ အခုချိန် အခြားအသင်းတသင်းမှာ ၅ နှစ် ၁၀ နှစ်လောက် ကစားခဲ့တဲ့သူဖြစ်မယ် ၊ မန်ချက်စတာ ၂ သင်းက ကျွန်တော့ကို ကမ်းလှမ်းထားတယ်ဆိုရင် ကျွန်တော်က မန်စီးတီးဖန် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မန်ချက်စတာစီးတီးအသင်းကိုပဲ ရွေးချယ်မှာပါ ။ ဒါက အခုချိန်မှာ လက်ခံရမယ့် အမှန်တရားပါပဲ”
ပေါလ်စခိုး ( မန်ယူဂန္ထဝင်ကွင်းလယ်လူဟောင်း )