The United Times

The United Times

Share

Welcome to “The United Times". Here we go ! News & Views, All about Manchester United !!!

11/08/2026

🚨📰| မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူနေရာအတွက် RB Leipzig အသင်းရဲ့ ကစားသမား David Raum ကို စောင့်ကြည့်နေပါတယ်။

Via:

11/08/2026

🚨📰💣 BREAKING | Arsenal အသင်းရဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမား Myles Lewis-Skelly ကို Manchester United ထံ ကမ်းလှမ်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်းတွေအရ Arsenal ဟာ Newcastle အသင်းကနေ Bruno Guimarães ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူထားတဲ့အတွက် အဆိုပါပြောင်းရွှေ့ကြေးထဲက တစ်စိတ်တစ်ပိုင်းကို ပြန်လည်ရရှိဖို့ Lewis-Skelly ကို ရောင်းချဖို့ စဉ်းစားနေတာဖြစ်ပါတယ်။

Manchester United အပြင် Chelsea အသင်းကိုလည်း Lewis-Skelly ရဲ့ အပြောင်းအရွှေ့အခြေအနေကို အသိပေးထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် Chelsea ဘက်ကတော့ အခုချိန်အထိ တရားဝင်ကမ်းလှမ်းမှု ပြုလုပ်မလားဆိုတာ မသေချာသေးပါဘူး။

Lewis-Skelly ရဲ့ အလားအလာရှိတဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် ၄၅ သန်းဝန်းကျင် ဖြစ်နိုင်တယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

Lewis-Skelly အသက် ၁၉ နှစ်သာရှိသေးပေမယ့် Arsenal ရဲ့ ပထမအသင်းမှာ အရေးပါလာခဲ့တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

📌 Source:

-Skelly

Photos from The United Times's post 11/08/2026

BACK IN TRAINING 😎💪

09/08/2026

🚨📰| အသင်းရဲ့ နောက်ခံကစားသမား Lisandro Martinez တစ်ယောက် အခုချိန်အထိ အသင်းနဲ့ လာရောက်ပူးပေါင်းနိုင်ခြင်းမရှိသည်မှာ ဒဏ်ရာရနေခြင်းကြောင့် မဟုတ်ဘဲ ကမ္ဘာ့ဖလား ဗိုလ်လုပွဲကစားထားသည်မှာ ၃ ပတ်သာရှိသေးတာကြောင့် အသင်းဘက်က နားရက်ပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

Via:

09/08/2026

🚨📰BREAKING | Manchester United ဟာ Marcus Rashford ကို ကျောနံပါတ် No.14 ပေးဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

[Fabrizio Romano]

Photos from The United Times's post 09/08/2026

🚨📰BREAKING | Marcus Rashford, Matheus Cunha, Tynan Thompson, Benjamin Sesko, Senne Lammens, Kobbie Mainoo, JJ Gabriel, de Ligt တို့ဟာ အိုင်ယာလန်မှာ ရောက်ရှိနေတဲ့ အသင်းရဲ့လူစာရင်းနဲ့ လာရောက်ပူးပေါင်းနိုင်ခဲ့ကြပြီဖြစ်ပါတယ်။

09/08/2026

🚨📰BREAKING | မန်ယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမားလေး Louis Page ကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေပါတယ်။ နှစ်သင်းကြားဆွေးနွေးမှုမှာလည်း အတော်လေးခရီးရောက်နေပြီလို့ သိရပါတယ်။
Via:

09/08/2026

🚨📰 | အသင်းရဲ့ တိုက်စစ်ကစားသမား Marcus Rashford ဟာ ယနေ့မှာပဲ အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းဆီကို ရောက်ရှိလာခဲ့ပါတယ်။
မန်ယူနိုက်တက်အသင်းဘက်ကတော့ Marcus Rashford အနေနဲ့ အသင်းမှာဆက်ရှိဖို့ အခွင့်အရေးများနေတယ်လို့ ယုံကြည်ထားပါတယ်။

[Fabrizio Romano]

08/08/2026

👉 အသင်းနဲ့ လေ့ကျင့်ရေးစဆင်းတာ တစ်ပတ်နီးပါးပဲရှိသေးတယ်။
PSG နဲ့ ပွဲမှာ လူစားဝင်လာတယ်။
၂၈ မိနစ်ကစားသွားတဲ့ အချိန်အတွင်းမှာ ပေးပို့မှုအားလုံး ၁၀၀ % အောင်မြင်ခဲ့တယ်။
ဘောလုံးနဲ့အတူရွေ့လျားတာ ၉ ကြိမ်လုပ်နိုင်ခဲ့တယ်။ ပေးလိုက်တဲ့ pass တိုင်းကလည်း လုံးဝကို အလွင့်ကြီးတွေ။
ကွင်းလယ်မှာ အကောင်းဆုံးထိန်းကြောင်းပြခဲ့ပြီး Fernandes နဲ့ လည်း အချိတ်အဆက်မိမိလှုပ်ရှားနိုင်ခဲ့တယ်။
Youri Tielemans ကို မန်ယူနိုက်တက်က ပေါင် ၃၅ သန်းနဲ့ ရခဲ့တာပါ။

08/08/2026

⏰FT: Man United 1-1 PSG (ပွဲပြီးအမြင်👀)

ပွဲချိန်အတွင်း ပထမပိုင်းရော ဒုတိယပိုင်းမှာပါ အကောင်းဆုံးပုံစကို မြင်ခဲ့ရတယ်။ Team Play ကနေ အခွင့်ရေးကောင်းတွေကို တောက်လျှောက်ဖန်တီးနိုင်ခဲ့တယ်။ ပွဲအစ အငိုက်မိပြီး ပြိုင်ဘက်ကို ၁ ဂိုးပေးခဲ့ရသည့်တိုင်အောင် အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်။

ရာသီကြိုပွဲစဉ်တွေတစ်လျှောက်လုံး Andrey Santos ပြထားတဲ့ ခြေစွမ်းက တကယ်ကို အထင်ကြီးစရာကောင်းသလို Mount ထွက်သွားခဲ့သည့်တိုင်အောင် ကွင်းလယ်ကို အကောင်းဆုံးထိန်းထားနိုင်ခဲ့တယ်။

လူငယ်ကစားသမားလေး Shae Lacey ပုံစံကိုကြည့်ရတာ စီနီးအသင်းကြီးမှာ အသုံးတော်ခံဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ အတော်လေးကို လုပ်ရဲကိုင်ရဲရှိတယ်။ အတော်လေးလည်း အဆင်ပြေတယ်။

Amad နဲ့ Mbeumo ကလည်း ရာသီသစ်အတွက် ယုံကြည်မှုအပြည့်ရှိနေပြီလို့ ယူဆထားလို့ရပါတယ်။ လူစားဝင်လာတဲ့ Fernandes နဲ့ Tielemans ဟာ မိနစ်အငယ်ဆိုပေမယ့် ခဏလေးအတွင်းမှာ အချိတ်အဆက်မိမိလှုပ်ရှားနိုင်ခဲ့သလို အသင်းနဲ့ လေ့ကျင့်ချိန်တစ်ပတ်ပဲရှိနေသေးတာတောင် အကောင်းဆုံးပုံစံတွေနဲ့ ပြန်လာနိုင်ခဲ့တာက အရမ်းကို ကောင်းပါတယ်။

အသင်းရဲ့ နောက်တန်းက Harry Maguire ရဲ့ တည်ငြိမ်မှုကိုလည်း ကောင်းကောင်းကြီးမြင်တွေ့ခဲ့ရသလို ရာသီသစ်မှာ Yoro နဲ့ Heaven အတွဲကိုလည်း မြင်ချင်ပါသေးတယ်။ နောက်တန်းတစ်ခုလုံး တည်ငြိမ်ပြီး တာဝန်ကျေခဲ့ကြပါတယ်။

ပြောစရာကတော့ Mount က ခြေစွမ်းပိုင်းနဲ့ပက်သက်ရင် ထောက်ပြစရာအားနည်းချက်ရှိမနေပေမယ့် မထင်ရင် မထင်သလို ဒဏ်ရာရရနေတာကတော့ ဘယ်လိုမှအဆင်မပြေပါဘူး။ သူ့အတွက်လည်း မကောင်းသလို အသင်းအတွက်လည်း အဆင်မပြေပါဘူး။ ခုလည်း ရာသီသစ်မစခင် အချိန်မှာပဲ ဒဏ်ရာရသွားပြန်ပါပြီ။

နောက်ထပ် Flecther ညီနောင်ကတော့ ရောင်းရင်ရောင်း အငှားချရင်ချ တစ်ခုခုလုပ်ရတော့မှာပါ။ သူတို့နှစ်ယောက်လုံးက အသင်းကြီးမှာ ကစားရမယ့် Level မျိုးမှာ ရှိမနေသေးဘူး။ ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းမှာလည်း အားနည်းနေသလို ကစားပုံအရလည်း ကြည့်ရတာ ဘယ်လိုမှ အဆင်ပြေမနေပါဘူး။

အသင်းမှာလက်ရှိလိုနေသေးတာကတော့ အတက်အဆင်းအကောင်းဆုံးလုပ်နိုင်မယ့် LB တစ်ယောက်၊ လုပ်နှုန်းအားကောင်းကောင်းနဲ့ ရုန်းပေးနိုင်မယ့် DM တစ်ယောက်၊ တိုက်စစ်ကိုဦးဆောင်နိုင်မယ့် အရံ တိုက်စစ်မှူး Backup Striker တစ်ယောက်နဲ့ နောက်တန်းအင်အားတောင့်တင်းစေဖို့ CB တစ်ယောက်တော့ ထပ်ဖြည့်ဖို့ လိုနေပါသေးတယ်။ အပြောင်းအရွှေ့ရာသီ မပိတ်ခင် LB, DM, ST အနည်းဆုံး ၃ ယောက်တော့ ရောက်လာဖို့ မျှော်လင့်ပါတယ်။ ဖြည့်ကို ဖြည့်ရမယ့် နေရာတွေပါ။

ဘယ်လိုပဲဖြစ်ဖြစ် PSG နဲ့ ပွဲမှာတော့ နည်းပြ Michael Carrick ရဲ့ ကစားဟန် Idea ကိုမြင်တွေ့ခဲ့ရပြီး အလုပ်လည်းဖြစ်ခဲ့တယ်။ အခွင့်ရေးတွေလည်း အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ရာသီစတာနဲ့တစ်ပြိုင်နက် လူအင်အားအပြည့်နဲ့ ကစားနိုင်မယ်ဆိုရင် ဒီထက်ပိုကောင်းမယ်၊ ဒီထက် သွင်းဂိုးတွေကို မြင်ရမယ်လို့ ယုံကြည်ပါတယ်။

Want your business to be the top-listed Gym/sports Facility in Meiktila?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Thazin Street
Meiktila