13/08/2026
🤨 မက်ဆီတစ်ယောက် ပရီးမီးယားလိဂ်ကို ပြောင်းဖို့ တော်တော်လေးနီးစပ်ခဲ့တာ သိပြီးပြီလား။
😞 ၂၀၂၀ တုန်းက ဘာစီလိုနာမှာ သူတော်တော်လေး စိတ်ပျက်နေတယ်။ ကလပ်ဥက္ကဋ္ဌဖြစ်တဲ့ ဘာတိုမြူက သူ့ကို သစ္စာဖောက်ခဲ့တယ်လို့ ခံစားခဲ့ရပြီး အသင်းကလည်း ပုံရိပ်အကြီးအကျယ်ကျဆင်းနေချိန်ပါ။
🤔 ဘိုင်ယန်မြူးနစ်ကို ၈ -၂ ဂိုးနဲ့ အရှက်တကွဲ ရှုံးပြီးတဲ့နောက်မှာတော့ ဒါကိုသည်းမခံနိုင်တော့တဲ့ မက်ဆီက ဂွါဒီယိုလာရဲ့အိမ်မှာ (၄) နာရီနီးပါး တိတ်တဆိတ်တွေ့ခဲ့တယ်။ ဘာတွေပြောခဲ့လဲဆိုတော့ မန်စီးတီးကို ပြောင်းရွှေ့နိုင်ခြေ၊ ဂွါဒီယိုလာအနေနဲ့ သူ့ကို ဘယ်လိုသုံးလို့ဖြစ်နိုင်မလဲဆိုတာနဲ့ ကလပ်အသင်းအနေနဲ့ ဒီအပြောင်းအရွှေ့ကို ဖြစ်မြောက်အောင် လုပ်နိုင်မလားဆိုတဲ့အချက်တွေ တိုင်ပင်ခဲ့တာပါ။
👎 နောက်တော့ ဘာစီလိုနာကနေ ထွက်ခွင့်ရဖို့ တရားဝင်တောင်းဆိုခဲ့ပေမယ့် ကလပ်အသင်းဘက်က သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) ဟာ အကျုံးဝင်နေဆဲဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့တယ်။ သူချစ်တဲ့ ကလပ်အသင်းနဲ့ တရားတပေါင် ရင်ဆိုင်မယ့်အစား မက်ဆီတစ်ယောက် နောက်ထပ်တစ်ရာသီနေဖို့ ခက်ခက်ခဲခဲဆုံးဖြတ်ပြီး ဆက်နေဖြစ်ခဲ့တယ်။
👊 ဘာစီလိုနာမှာ အခြေအနေတွေက ပိုဆိုးလာပြီး ၂၀၂၁ မှာတော့ ကလပ်ရဲ့ ဘဏ္ဍာရေးပြဿနာတွေကြောင့် သူ့အတွက် စာချုပ်သစ် မှတ်ပုံတင်နိုင်ခြင်း မရှိတော့ပါဘူး။ အဲဒီအချိန်မှာ မန်စီးတီးက ဂျက်ဂရီးလစ်ရှ်အတွက် ပေါင်သန်း (၁၀၀) သုံးထားပြီး ဟယ်ရီကိန်းကိုပဲ အာရုံစိုက်နေတာဖြစ်လို့ မက်ဆီလည်း PSG ကို ပြောင်းသွားခဲ့တယ်။
✍️ အဲဒီနွေရာသီ နှောင်းပိုင်းမှာပဲ စီရော်နယ်ဒိုတစ်ယောက် မန်ချက်စတာယူနိုက်တက်ကို ပြန်ရောက်လာခဲ့တယ်။ ပြောရမယ်ဆိုရင် မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ "မန်ချက်စတာ ဒါဘီ"ကို EPL မှာ တွေ့ခွင့်ရနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
☝️နောက်တော့ မန်စီးတီးက ပရီးမီးယားလိဂ်ဖလားကို လေးကြိမ်ဆက်တိုက်ရခဲ့ပြီး သမိုင်းဝင် ဖလားသုံးလုံး (Treble) ကိုပါ ရယူနိုင်ခဲ့တယ်။ မက်ဆီလည်း လီဂူးဖလား (၂) ကြိမ်ရခဲ့ပေမယ့် ပြင်သစ်ကလပ်အတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလား မယူပေးနိုင်ခဲ့လို့ သူ့ရဲ့ PSG ကစားသမားဘဝဟာ မျှော်လင့်ထားသလောက် မအောင်မြင်ဘူးလို့လည်း ဘောလုံးပရိသတ်တွေ မြင်ခဲ့ကြတာပါ။
👋 တကယ်လို့ မန်စီးတီးသာ မက်ဆီကို ခေါ်နိုင်ခဲ့မယ်ဆိုတဲ့ What If .. ဖြစ်ခဲ့မယ်ဆိုရင် ပရိသတ်တွေလည်း ပရီးမီးယားလိဂ်မြက်ခင်းစိမ်းတွေပေါ်မှာ မက်ဆီ - ရော်နယ်ဒို အားပြိုင်မှုကို တဝကြီးကြည့်ခဲ့ရမှာ သေချာပါတယ်။
Update တွေ သိရဖို့ VPN မလိုတဲ့ Telegram ကိုလည်း Join ထားနိုင်ပါတယ် 👇👇👇
https://t.me/mgdaedoechannel
12/08/2026
✌️အင်တာရောက်သွားတဲ့ ဂျက်စပန့်
🔁 အင်္ဂလန်နဲ့ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ စပါးညာနောက်ခံလူ ဂျက်စပန့်ကတော့ မထင်မှတ်ဘဲ အင်တာကို ပြောင်းသွားပါပြီ။ ပြောင်းရွှေ့ကြေးက (၃၁) သန်းနီးပါးဖြစ်ပြီး စပန့်ဟာ ဂျီနိုအာမှာ ကစားခဲ့ဖူးလို့ အီတလီမြေကို တကျော့ပြန်သွားမှာဖြစ်ပါတယ်။
Update တွေ သိရဖို့ VPN မလိုတဲ့ Telegram ကိုလည်း Join ထားနိုင်ပါတယ် 👇👇👇
https://t.me/mgdaedoechannel
12/08/2026
🗓️ August 12 ရက်နေ့ဟာ ကမ္ဘာမြေပေါ် ဘာလော့တယ်လီရောက်ရှိလာတဲ့နေ့ဖြစ်ပါတယ်။
ခြေစွမ်းကမိုက်မိုက်၊ ဆံပင်ကေလည်းမိုက်မိုက်
ပိုဆိုးတာ အကျင့်စရိုက်ကပါမိုက်မိုက်ဖြစ်နေတဲ့
ဘာလော့တယ်လီကို အားကျဖူး၊ နှာခေါင်းရှုံ့ဖူးကြမှာပါ။
မှတ်မှတ်ရရ မန်စီးတီးရဲ့
ရာသီကြိုခြေစမ်းပွဲတစ်ခုမှာ
ဂိုးခါနီးအလုံးကို နောက်ပေါက်နဲ့
မခန့်လေးစားပိတ်လိုက်တာ
ဘေးထွက်သွားလို့ မန်ချီနီကြီး ဒေါသထွက်ပြီး
ချက်ချင်းလူစားလဲပစ်လိုက်တာတော့
ဘာလော့တယ်လီရဲ့ ရယ်ရခက် ငိုရခက်
Nostalgia တစ်ခုပဲ။
အောင်ပွဲခံရင် အောက်ကဂျာစီကိုမပြီး
ရေးထားတာက Why Always Me စာသားနဲ့
အလန်းစားဂိုးတွေသွင်းပြခဲ့ဖူးတဲ့
တစ်ခါက မာရီယိုအတွက်
သတိတရမွေးနေ့ပါ .. 🎁🎉
Update တွေ သိရဖို့ VPN မလိုတဲ့ Telegram ကိုလည်း Join ထားနိုင်ပါတယ် 👇👇👇
https://t.me/mgdaedoechannel
11/08/2026
➡️ မန်စီးတီးက အသင်းရဲ့ကွင်းလယ်လူတွေဖြစ်တဲ့ ရိုဒရီနဲ့ ရန်းဒါးစ်တို့ ဒီအပြောင်းအရွှေ့မှာ ထွက်ဖို့များနေလို့ အန်ဇိုဖာနန်ဒက်စ်ကိုခေါ်ဖို့ အရှိန်မြှင့်လာတယ်လို့ သတင်းတွေကဆိုပါတယ်။
➡️ ဒါပေမယ့် ချယ်ဆီးဘက်ကတော့ သူတို့ရဲ့အာဂျင်တိုင်းကို ပေါပေါလောလောအောက်ဈေးနဲ့ ရောင်းဖို့ဆန္ဒမရှိဘဲ အနည်းဆုံး သန်း ၁၂၀ အထိခေါ်ဖို့ပြင်နေတာပါ။
➡️ တကယ်သာ အဲ့တိုင်းဖြစ်ခဲ့ရင် အဲလိယော့အန်ဒါဆင် + အန်ဇိုဖာနန်ဒက်စ် သန်း (၁၀၀) ကျော်တန် (၂) ယောက်ကို မန်စီးတီးကွင်းလယ်မှာမြင်ရမှာပါ။
🤨 ဒီအပြောင်းအရွှေ့ တကယ်ဖြစ်လာနိုင်မလား ..
Update တွေ သိရဖို့ VPN မလိုတဲ့ Telegram ကိုလည်း Join ထားနိုင်ပါတယ် 👇👇👇
https://t.me/mgdaedoechannel
10/08/2026
👉 ရာသီသစ်မှာ ဘယ်သူအရင်ထုတ်ခံရမလဲ စာရင်းထွက်လာတဲ့ EPL နည်းပြတွေ
🌊 ပရီးမီးယားလိဂ်စဖို့ ၂ ပတ်လောက်တောင် မလိုတော့တဲ့အချိန်မှာ ဘယ်သူအရင်ဆုံးထုတ်ခံရမလဲဆိုတဲ့ နည်းပြတွေစာရင်းလည်းထွက်လာပါတယ်။ အားလုံးက ဒီအချိန်မှာ မျှော်လင့်ချက်အပြည့်နဲ့ အိပ်မက်တွေလတ်ဆတ်နေတာဖြစ်ပေမယ့် မထင်မှတ်ဘဲ ခြေချော်လက်ချော်ဖြစ်ပြီး အသင်းနဲ့ အကွဲအပြဲဖြစ်သွားနိုင်တဲ့ နည်းပြတွေလည်းရှိလာနိုင်လို့ ဒီလို SACKED LIST ထွက်လာတာဖြစ်ပါတယ်။
🥇ဒီစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတာ တန်းတက် (၃) သင်းဖြစ်တဲ့ ဟူးလ်စီးတီးနည်းပြ ဂျက်ကီရိုဗစ်၊ အစ်ဆွစ်ချ်နည်းပြ ဂယ်ရီအိုနေးလ်၊ ကိုဗင်ထရီနည်းပြ လမ်းပတ်တို့ဖြစ်ပြီး သူတို့နောက်မှာ ဖောရက်စ်နည်းပြသစ် ဂလက်စ်စနာ၊ လိဒ်စ်နည်းပြ ဖာကီတို့ရှိနေပါတယ်။ EPL ပါဖောမန့်စ်၊ တခြားလိဂ်ပြိုင်ပွဲရလဒ်တွေ၊ မန်နေဂျာနဲ့ အသင်းရဲ့သမိုင်းကြောင်း၊ ပရိသတ်တွေရဲ့နည်းပြအပေါ်သဘောထား၊ Current Form နဲ့ ကလပ်အသင်းတွေရဲ့မျှော်လင့်ထားမှုအပေါ် ဖြည့်ဆည်းနိုင်ခြင်းရှိမရှိတွေပေါ်မှာမူတည်ပြီး တွက်ချက်ထားတာပါ။
🎯 မထင်မှတ်ဘဲ ဇာဗီအလွန်ဆို၊ ဒီဇာဘီတို့လည်း 1 to 10 ထဲမှာ ရှိနေပြီး သူတို့ရဲ့ အရည်အချင်းကို သံသယရှိစရာမလိုပေမယ့် အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့တွေရဲ့ မထင်ရင်မထင်သလို ဆုံးဖြတ်ချက်တွေကြောင့် မထင်မှတ်ဘဲရလဒ်ဆိုးတောက်လျှောက်ကြုံလာရင် ရုတ်တရက်နည်းပြအပြောင်းအလဲဖြစ်နိုင်ချေကိုပါ ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။
✍️ မောင်ဒဲ့ဒိုး
Update တွေ သိရဖို့ VPN မလိုတဲ့ Telegram ကိုလည်း Join ထားနိုင်ပါတယ် 👇👇👇
https://t.me/mgdaedoechannel