03/01/2024
finial ပွဲစဉ်ရဲ့ ပုံရိပ်များ ဖြစ်ပါတယ် ။
Adipati FC team
03/01/2024
finial ပွဲစဉ်ရဲ့ ပုံရိပ်များ ဖြစ်ပါတယ် ။
30/12/2023
Fighting adipati FC
⚽ အကြိုဗိုလ်လုပွဲ ပွဲစဉ် ၂ ⚽
ရှေ့က ကစားခဲ့သည့်ပွဲက ကောင်းမွန်လှသလို . . .
နောက်က ကစားသည့်ပွဲကလည်း အားပေးသူ ပရိသတ် မပြန်နိုင်အောင်ကို ဆွဲဆောင်မှု အပြည့်ဖြင့် ရသမြောက်လွန်းသည့် ပွဲကောင်း တစ်ခု ဖြစ်ခဲ့သည်။
ADiPaTi FC အသင်းက ဦးဆောင် ဂိုး ၂ ဂိုး ရရှိပြီးမှ Eagle FC ကလည်း အနိုင်မခံ အရှုံးမပေး ပြန်လိုက်သွင်းရင်း ပထမပိုင်း အပြီးတွင် ၂:၂ ရလဒ်ဖြစ်ခဲ့သည်။
အဓိပတိ အသင်းမှ အသင်းခေါင်းဆောင် အောင်ကိုကိုစံ ၏ အဝေးကန်သွင်းချက် ဂိုးကလည်း လက်ဖျားခါလောက်အောင် ကောင်းလွန်းသဖြင့် ပရိသတ် လက်ခုပ်သံ မစဲ ဖြစ်ခဲ့သည်။
ပရို ကစားသမား ဘီဘီ (Eagle FC) ၏ Freekick ဂိုးကလည်း ကောင်းလွန်းလှသည်။
ဒုတိယပိုင်းတွင် Eagle FC ဂိုးသမား ပြည့်ဖြိုးကျော်၏ ကာကွယ်မှုများကိုလည်း မေ့ထားလို့ မရလောက်အောင် အရေးပါလှပေသည်။
ပထမပိုင်း ရလဒ်အတိုင်းသာ ပြီးဆုံးခဲ့ပြီး အချိန်ပို မကစားဘဲ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရာ ပင်နယ်တီ (၃:၂) ရလဒ်ဖြင့် အဓိပတိ အသင်းက အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်သွားခဲ့ပါသည်။
အကောင်းဆုံး လူငယ် ကစားသမားဆုကို အဓိပတိ အသင်းမှ ကျောနံပါတ် ၅ အာကာဇော်မှ ရရှိခဲ့ပါသည်။
30/12/2023
Adipati FC ဗိုလ်လုပွဲသို့ တတ်သွားပါပြီ။
အားပေးကြပါဦးဗျ။
29/12/2023
30-12-2023 ဆီမီးဖိုင်နယ်အား ညနေ3နာရီအချိန်
မြို့နယ်ကွင်းတွင် လာရောက် အားပေးနိုင်ပါသည်။
Fighting pr Adipati FC - POL League
29/12/2023
အုပ်စုပွဲအပြီး adipati FC ၏ ရလဒ်
အုပ်စုဒုတိယဖြင့်ဆီမီးဖိုင်နယ်သို့တတ်ရောက်ပါသည်။
27/12/2023
28.12.2023 ညနေ 3နာရီ
ပြင်ဦးလွင်မြို့နယ်ဘောလုံးကွင်း