U Nar Oak Football Club

U Nar Oak Football Club

Share

Try Big Play Hard

23/08/2026

ရလဒ်ဆိုးကနေ ရုန်းမထွက်နိုင်သေးတဲ့ U Nai Auk FC

21/08/2026

U Nai Auk FC အသင်းမှ Saw Aung Phyo Lin
အဇာဘိုင်ဂျန် FIFA U-15 ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၅ လူရွေးချယ်ပွဲ
ကျင်းပမည့် ပဏာမလူစာရင်းတွင် ပါဝင်
————-

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်မှ ၃၁ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အဆင့်လူငယ်ပြိုင်ပွဲတစ်ခုဖြစ်သည့် FIFA U15 World Cup and Festival သို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၅ လူငယ်လက်ရွေးစင်အသင်းကို အကောင်းဆုံးဖွဲ့စည်းနိုင်ရန်အတွက် ကစားသမားရွေးချယ်ပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

သတင်းပို့ခြင်း

ရက်စွဲ - ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်

နေရာ - အမျိုးသားဘောလုံးအကယ်ဒမီ (ရန်ကုန်)

ပြုလုပ်မည့်အစီအစဉ် - ထုတ်ပြန်ထားသည့် စာရင်းပါ ကစားသမားများအနေဖြင့် သြဂုတ်လ ၂၆ ရက်တွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်သတင်းပို့ရမည် ဖြစ်သည်။ (နယ်ဝေးမှ ကစားသမားများကို နေထိုင်ရေး စီစဉ်ပေးသွားမည် ဖြစ်သည်)

ကစားသမားရွေးချယ်ပွဲ ကျင်းပမည့်အစီအစဉ်

ရက်စွဲ - သြဂုတ်လ ၂၇ ရက်မှ ၂၈ ရက်အထိ

နေရာ - အမျိုးသားဘောလုံးအကယ်ဒမီကွင်း (ရန်ကုန်)

ယှဉ်ပြိုင်မှုပုံစံ - 8 vs 8 Competition စနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။

ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမည့် ကစားသမားများ

အဆိုပါ လူရွေးချယ်ပွဲသို့ အောက်ပါဒေသများနှင့် ပြိုင်ပွဲများမှ ရွေးချယ်ခံထားရသည့် လူငယ်ကစားသမားများ လာရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

ရန်ကုန်နှင့် မန္တလေးမြို့များမှ Open Try Out စနစ်ဖြင့် ရွေးချယ်ထားသော ကစားသမားများ

FIFA/ MFF U-15 LEAGUE 2026 (တောင်ကြီး) မှ ကစားသမားများ

FIFA/ MFF U-15 LEAGUE 2026 (မန္တလေး / မော်လမြိုင်) နှင့် နေပြည်တော် (RTC) မှ ကစားသမားများ

FIFA/ MFF U-15 LEAGUE 2026 (ရန်ကုန်) မှ ကစားသမားများ

ပဏာမလူစာရင်း ကြေညာခြင်းနှင့် စခန်းသွင်းလေ့ကျင့်ခြင်း

လူရွေးချယ်ပွဲအပြီးတွင် MFF Academy selection team (YGN) နှင့် MFF Academy selection team (MDY) အပါအဝင် စုစုပေါင်း ကစားသမား ၃၂ ဦးကို ရွေးချယ်၍ မြန်မာ ယူ-၁၅ ပဏာမ လက်ရွေးစင်အသင်းကို ဖွဲ့စည်းသွားမည်ဖြစ်သည်။ အဆိုပါ ပဏာမ ကစားသမား ၃၂ ဦး စာရင်းကို သြဂုတ်လ ၃၁ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ကာ အဇာဘိုင်ဂျန်ခရီးစဉ်အတွက် အပြီးသတ် ကစားသမားများကို ဆက်လက်ရွေးချယ်သွားမည်ဖြစ်သည်။

20/08/2026

လိဂ်ပွဲ၏ တတိယမြောက်ပွဲစဥ် အကောင်းဆုံးယှဥ်ပြိုင်ကြိုးစားကြပါစို့

15/08/2026

အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးမြူးခဲ့ပေမဲ့ ဒုတိယ ပွဲစဥ်မှာ ထပ်မံရှုံးနိမ့်ခဲ့ပါတယ်

အကောင်းဆုံး ထပ်မံကြိုးစားပါဦးမည်

14/08/2026

အမှတ်ပေးပြိုင်ပွဲ ဒုတိယအပတ် ကျိုက်ခမီ အသင်းနှင့်ပွဲစဥ်မှာ အကောင်းဆုံးရလဒ် ရရှိအောင် ထပ်မံကြိုးစားကြပါစို့ ညီငယ်တို့ရေ

09/08/2026

U 15 League ပြိုင်ပွဲဝင် U Nai Auk FC အတွက် ဂျာစီ တံဆိပ်ရိုက်လေး

ဒီနေ့ ပွဲစဥ်အတွက် အကောင်းဆုံးကြိုးစားကြတာပေါ့ ညီငယ်တို့ရေ

05/08/2026

U Nai Auk U 15 အသင်း အဖွင့်ပွဲစဥ်ကို လာမည့်
သြဂုတ်လ ၉ ရက်နေ့ ညနေ ၃.၃၀ အချိန် ရာမညအားကစားပြိုင်ဝင်းမှာ Yarmanya Youth Fc နှင့် စတင်ယှဥ်ပြိုင်ကစားရပါတော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်

ကြိုးစားကြပါစို့ ညီငယ်တို့ရေ

Photos from U Nar Oak Football Club's post 04/08/2026

၂၀၂၆ ခုနှစ် မော်လမြိုင် ဇုန်မှာ ကျင်းပပြုလုပ်သည့် အသက် ၁၅ နှစ်အောက် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် ပွဲစဥ်ဇယား ထွက်ပေါ်လာပါပြီ
အကောင်းဆုံးကြိုးစားကြပါစို့ ညီငယ်တို့ရေ

29/07/2026

၃၀.၇.၂၀၂၆
နံနက် ၁၀ နာရီ ရာမည အားကစားကွင်းတွင် မွန်ပြည်နယ် မော်လမြိုင် ဇုန် ယူ ၁၅ လိဂ် ပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မည့် အသင်းများမှ ပလေယာများအားလုံး လူတွေ့စစ်ဆေးမည် ဖြစ်ပါသည်။

U Nai Auk FC အသင်းမှ ညီငယ်များအားလုံး
မှတ်ပုံတင်မူရင်း အိမ်ထောင်စု စာရင်းမူရင်း စမတ်ကဒ် မူရင်း တစ်ပါးတည်းယူဆောင်လာကြပြီး နံနက် ၉ နာရီ ကော့နှတ် ကျေးရွာ ကြယ်စင်သစ် ဆိုင်တွင် လာရောက်စုဝေးပေးကြပါရန် အသိပေးအပ်ပါသည်။

Want your business to be the top-listed Gym/sports Facility in Mawlamyine?

Click here to claim your Sponsored Listing.

Location

Website

Address

KawHnut-ZarThaPyin Street
Mawlamyine