Goal Bet MM

Goal Bet MM

Share

ဘောလုံးနှင့်ပတ်သက်သောသတင်းများကိုအကောင်းဆုံးတင်ဆက်ပေးမဲ့ GOALBETMM

31/07/2026

ပြတ်သားလှချည်လား ရီးရဲလ်မက်ဒရစ်ရယ်..🥲🥲
စပိန်သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီရှပ်စ်ကို အသင်းမှာ ဆက်နေမလား၊ ထွက်သွားမလားဆိုတာကို ရွေးချယ်ခိုင်းလိုက်ပြီလို့ သိရပါတယ်။

ဗင်နီရှပ်စ်အတွက် အသင်းဘက်ကနေ နောက်ထပ် မြင့်မားတဲ့ကမ်းလှမ်းမှုကို လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့ သတိပေးလိုက်ပြီး လက်ရှိကမ်းလှမ်းထားတာကို လက်ခံမလား၊ လက်မခံဘူးဆိုရင် အသင်းကနေ ထွက်ခွာနိုင်တယ်လို့ အပြတ်အသတ်ရာဇသံပေးလိုက်တာပါပဲ။

ဒါကြောင့်မို့ ရီးရဲလ်မှာ ဆက်ရှိ၊ မရှိဆိုတာဟာ ဗင်နီရှပ်စ်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါပြီ။ ရီးရဲလ်ကတော့ အသင်းရဲ့ ဘဏ္ဍာရေးမူဘောင်ကို ကျော်လွန်ပြီး ဘယ်ကစားသမားကိုမှ ပစားပေးမှာမဟုတ်ဘူးဆိုတာကို နောက်တကြိမ်ထပ်မံသက်သေပြလိုက်တာလည်း ဖြစ်ပါတယ်။


#ဘောလုံးသတင်း
#ရီးရဲလ်
#ဗင်နီရှပ်

Photos from Goal Bet MM's post 31/07/2026

စနေနေ့အတွက် ready ဖြစ်နေတဲ့ ယူနိုက်တက်အသင်းသားများ🔥😍😍


#ဘောလုံးသတင်း
#မန်ယူ

30/07/2026

မန်ချက်စတာယူနိုက်တက်အသင်းဟာ AC Milan တောင်ပံကစားသမား Rafael Leão ကို ခေါ်ယူနိုင်ရေးအတွက် စုံစမ်းမေးမြန်းမှု (inquiry) ပြုလုပ်ထားပါတယ်။

Leão ဟာ လက်ရှိမှာ AC Milan ရဲ့ အဓိကအစီအစဉ်တွေထဲမှာ မပါဝင်တော့ဘဲ၊ ဒီနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းကနေ ထွက်ခွာဖို့ အသင့်ရှိနေပါတယ်။


#ဘောလုံးသတင်း
#မန်ယူ

Photos from Goal Bet MM's post 30/07/2026

မာနကြီးတဲ့ တိုက်စစ်မှူးကြီး ရပ်ရှ်ဖိုဒ့်🙂‍↕️

တောင်ပံတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ယူနိုက်တက် က​နေ ထွက်ခွာနိုင်မည့်အခြေအနေမျိုးမှာ တစ်ခြားသော အသင်းကြီးတစ်သင်းဆီ ပြောင်းရွှေ့ခွင့်ရမှ ထွက်ခွာ သွားမည်ဖြစ်သည်။ သူ့အနေနဲ့ ဆော်ဒီ ကလပ် ဒါမှ မဟုတ် တူရကီ ကလပ်သို့ပြောင်းရွှေ့မည် မဟုတ်ပါဘူးတဲ့ဗျာ


#ဘောလုံးသတင်း
#မန်ယူ
#ရပ်ရှ်ဖိုဒ့်

30/07/2026

ကာရင်တန်မှာ ယူနိုက်တဒ်ပရိသတ်တစ်ယောက်က Andrey Santos ကို “ ခင်ဗျားအကြိုက်ဆုံး ယူနိုက်တဒ်ဂန္တဝင်ကစားသမားက ဘယ်သူလဲ ? ” လို့ မေးခဲ့ရာ Andrey Santos က “ Wayne Rooney ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်


#ဘောလုံးသတင်း
#မန်ယူ

30/07/2026

ဆရာမော်ကတော့ လာမယ့်ရာသီအတွက် ပြင်ဆင်မှုအဖြစ် ပထမဆုံး Official ခြေစမ်းပွဲမှာ လီဂါနက်စ်ကို ၄-၁ နဲ့ အနိုင်ယူပြီး ပွဲထွက်လှပသွားပါတယ်။ ဗယ်လ်ဗာဒီ၊ ဂွန်ဇာလိုဂါစီယာနဲ့ မက်စတန်တူနိုတို့က ဂိုးတွေသွင်းပေးခဲ့ပါတယ်။ နောက်တဂိုးကတော့ ပြိုင်ဘက်အသင်းက ကိုယ့်ဂိုးကိုယ်သွင်းခဲ့တာပါ။

ပွဲထွက်လူစာရင်းမှာ အာနိုးလ်၊ ဒင်းဟောက်ဆန်၊ အဆန်စီယို၊ ကာရီယက်စ်၊ ကာမာဗင်ဂါ၊ ဗယ်လ်ဗာဒီ၊ ဂူလာ၊ မက်စတန်တူနို၊ ဂါစီယာနဲ့ စီရီယာ (လူငယ်အသင်းက) တို့ ပါဝင်ခဲ့ပါတယ်။

ရီးရဲလ်ကို ပထမအကြိမ်နည်းပြခဲ့တုန်းက မော်ရင်ဟိုဟာ ရော်နယ်ဒို၊ ဘန်ဇီမာတို့ရဲ့ တိုက်စစ်နဲ့အတူ လာလီဂါမှာ ဂိုးသွင်းစံချိန်တွေပါ တင်ခဲ့တာပါ။ ဒါမျိုးကို နောက်တကြိမ်မြင်ရမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။


#ဘောလုံးသတင်း
#ရီးရဲလ်
#မော်ရင်ဟို

30/07/2026

ဘာဒီယာရှီးလ်ကို ချယ်လ်ဆီးအသင်းထံ ကနဦး ကမ်းလှမ်းထားတဲ့ နာပိုလီ
-------------------

🔵 နာပိုလီအသင်းဟာ အသက် ( ၂၅ ) နှစ်အရွယ် ပြင်သစ် ဗဟို နောက်ခံကစားသမား ဘီနွိုက်စ် ဘာဒီယာရှီးလ်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းထံ ကနဦး ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

🔵 ဒါ့အပြင်...ဘီနွိုက်စ် ဘာဒီယာရှီးလ်အတွက် နာပိုလီအသင်းရဲ့ ချယ်လ်ဆီးအသင်းထံ ကနဦး ကမ်းလှမ်းမှုမှာ အဌား ပြောင်းရွှေ့ကြေး ယူရို ( ၃ ) သန်း + လာမယ့်ရာသီမှာ မဖြစ်မနေ ဝယ်ယူခွင့်နဲ့ တစ်နှစ်လုပ်ခလစာ ယူရို ( ၂.၅ ) သန်း ပေးချေသွားဖို့ အဆိုပြုထားတယ်လို့ သိရပါတယ်။


#နာပိုလီ
#ဘောလုံးသတင်း

29/07/2026

ချန်ပီယံခါးပတ်ကြီးနဲ့အတူ ရေကူးကန်ထဲမှာ မိုက်နေကြတဲ့ Ronaldo နဲ့ Edu Aguirre ဘော်ဒါနှစ်ဦး🔥🔥

Streamer Ibai Llanos စီစဉ်တဲ့ အပျော်တမ်း Boxing ပြိုင်ပွဲမှာ "ရော်နယ်ဒိုရဲ့ မိတ်ဆွေ VS မက်ဆီရဲ့ မိတ်ဆွေ" ဆိုပြီး ရင်ခုန်စရာ ထိုးသတ်ခဲ့ကြတာပါ။

ပွဲမစခင်ကတည်းက နှစ်ဖက်ပရိတ်သတ်တွေ လေတိုက်လို့ ကောင်းခဲ့သလို YouTube/Streaming Platform တွေပေါ်မှာ ကြည့်ရှုသူ သန်း (၄၀) ကျော် အထိ စံချိန်တင် စောင့်ကြည့်ခဲ့ကြတဲ့ ပွဲလည်း ဖြစ်ပါတယ်။

အဆိုပါပွဲမှာတော့ ရော်နယ်ဒိုရဲ့ ဘော်ဒါကြီး Edu က မက်ဆီရဲ့ ဘော်ဒါ Gastón ကို အပြတ်အသတ် အနိုင်ရရှိသွားခဲ့ပြီး ချန်ပီယံခါးပတ်ကြီးကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ ဧကရီ CR7 က သူ့ဘော်ဒါ ရယူပေးခဲ့တဲ့ ချန်ပီယံခါးပတ်ကြီးကို ရေကူးကန်ထဲအထိ အတူတူ ကိုင်မြှောက်ပေးရင်း အောင်ပွဲခံခဲ့ကြတာပါ!


#ရော်နယ်ဒို
#လက်ဝှေ့

28/07/2026

ဒီရာသီ မန်ယူ Top 4 ဝင်မှာ မဟုတ်ကြောင်း ခန့်မှန်းလိုက်တဲ့ ထရွိုင် ဒီနေး

‘ ဒီရာသီမှာ မန်ယူ ချန်ပီယံလိဂ်ဝင်ခွင့် ရမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကာရစ်ဟာ တပတ် ၃ပွဲ ကစားရမယ့် အနေအထားကို ဘယ်လို ကိုင်တွယ်မလဲ ကျွန်တော်တို့ မသိပါဘူး။ ချန်ပီယံရှစ်မှာတော့ ကျွန်တော်တို့ တွေ့ခဲ့ပေမယ့်၊ အခုအဆင့်မှာတော့ မသိသေးပါဘူး။

အခုဆို မန်ယူဟာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေနဲ့ ကာရာဘောင် ပြိုင်ပွဲ အားလုံးကို ကြည့်ရပါတော့မယ်။ မနှစ်ကလိုလည်း ရှုံးထွက်ဖလားတွေမှာ သူတို့ အစောကြီး ထွက်လို့ မရတော့ပါဘူး။ ဘရူနို ဖာနန်ဒက်စ်ဆိုရင် မနှစ်ကလို ထပ်ပြီး စွမ်းဆောင်ပြနိုင်ပါ့မလား?

သူတို့မှာ ဒီပြိုင်ပွဲ၄ခုလုံး အတွက် လုံလောက်တဲ့ ကစားသမား အင်အား ရှိနေတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါက သူတို့ကို Top 4 race မှာ ကျကျန်စေခဲ့မှာပါ။ ကျွန်တော့ရဲ့ Top 4 ဟာ အာဆင်နယ် အဆင့်၁၊ မန်စီးတီး အဆင့်၂၊ လီဗာပူး အဆင့်၃နဲ့ ချဲလ်ဆီး အဆင့်၄ ဖြစ်ပါတယ်။ ‘ 🗣️ ထရွိုင် ဒီနေး

#ဘောလုံးသတင်း
#မန်ယူ
#ထရွိုင်ဒီနေး

28/07/2026

ဗီနီစီးယပ်စ် သာအာဆင်နယ်ရောက်ရင်ဘာတွေဖြစ်သွားမလဲ…❗️❗️❗️
အာဆင်နယ်ကတော့ ဗီနီစီးယပ်စ်ကို အရောက်ခေါ်ယူဖို့အတွက် အသင်းသမိုင်းမှာ အကြီးမားဆုံးသော စာချုပ်သစ် ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါတယ် လက်ရှိ ရီးရဲလ်မှာ သူ ရရှိနေတဲ့ တစ်ပတ် ပေါင် ၄ သိန်းဆိုတဲ့ လုပ်ခလစာထက် ပိုမို များပြားတဲ့ ပမာဏနဲ့ စည်းရုံးပြီး အပြောင်းအရွှေ့ ဖြစ်မြောက်လာစေဖို့ အစွမ်းကုန် ကြိုးပမ်းလာတာပါ

ဒီလို ကြီးမားလှတဲ့ အပြောင်းအရွှေ့ စီမံကိန်းဟာ ဒီဘက်ခေတ် အာဆင်နယ်ရဲ့ အကြီးမားဆုံး ခေါ်ယူမှု ဖြစ်လာနိုင်သလို ချန်ပီယံလိဂ် ဖလားကြီးကို သိမ်းပိုက်နိုင်ဖို့အတွက် အဓိက လိုအပ်နေတဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် အာဆင်နယ်ဘက်က ပစ်မှတ်ထားနေတာ ဖြစ်ပါတယ် အသက် ၂၆ နှစ်အရွယ် အရွယ်ကောင်း ကမ္ဘာ့အဆင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ခဲ့ရင် အာဆင်နယ်ရဲ့ တိုက်စစ်အင်အားဟာ သိသိသာသာ အရှိန်အဟုန် မြင့်တက်သွားမှာပါ

ဗီနီစီးယပ်စ်သာ အာဆင်နယ်ကို တကယ် ရောက်ရှိလာခဲ့ရင် အာဆင်နယ်ဟာ ဘယ်ပြိုင်ဘက်ကမှ ထိန်းချုပ်နိုင်စွမ်း မရှိတော့မယ့် စူပါအသင်းတစ်သင်းအဖြစ် ပြောင်းလဲသွားတော့မှာ သေချာနေပါပြီ



#အာဆင်နယ်
#ဘောလုံးသတင်း

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Mandalay