AURA Wellness Center

AURA Wellness Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AURA Wellness Center, Pilates Studio, 40A Street, Between 54 & 55 Street, Mandalay.

✨ ပျော်ရွှင် • ကျန်းမာ • ငြိမ်းချမ်းရာ
🌿 AURA Wellness Center
🧘 Yoga & Pilates Studio
📱 TikTok: @aurawellnesscenter28
💬 WeChat: aurayoga22422
📞 09762333319
📲 Viber: 09404889885

30/08/2026

မှန်မှန်ပြော အခုကြည့်နေတဲ့သူတွေက နောက်ဆုံးအဖွဲ့မလား? 😜❤️

29/08/2026

"ခန္ဓာကိုယ်တောင့်တင်းနေရင် yoga ဆော့လို့မရဘူး"ဆိုတာ တကယ်လား

မဟုတ်ပါဘူး... အဲ့ဒါဟာမှားယွင်းနေတဲ့ အယူအဆတစ်ခုပါ။
"Yoga ဆိုတာ ခန္ဓာကိုယ် ပျော့ပြောင်းမှ လုပ်ရတာ မဟုတ်ဘူး၊ ပျော့ပြောင်းလာအောင် လုပ်ရတာ ဖြစ်ပါတယ်"

အယူအဆ အမှားတွေကို အတူတူ လေ့လာကြည့်ကြရအောင်

❌ မှားယွင်း သောအယူအဆ: Yoga ဆိုတာ ခန္ဓာကိုယ်ပျော့ပြောင်းတဲ့ သူတွေဘဲ လေ့ကျင့်ရတဲ့
အားကစား။
☑ အမှန်တရား:Yoga ဆိုတာ ကြွက်သားတွေ တောင့်တင်းနေသူတွေ၊ ခန္ဓာကိုယ် လှုပ်ရှားမှု နည်းပါးသူတွေအတွက် အထိရောက်ဆုံး ဖြစ်ပါတယ်။ လေ့ကျင့်မှု တစ်ခုချင်းစီကနေ ကြွက်သားတွေကို ဖြည်းဖြည်းချင်း ဖြေလျော့ပေးပြီး ပျော့ပြောင်းလာအောင် တည်ဆောက်ပေးတာပါ။

Aura Wellness Center မှာဆိုရင် -
ရုံးဝန်ထမ်းတွေမှာ အဖြစ်များတဲ့ ဇက်ကြောတက်တာ၊ ခါးနာတာတွေဟာ ခန္ဓာကိုယ် တောင့်တင်းမှုကနေ စတာပါ။ ကျွန်တော်တို့ဆီက ကျွမ်းကျင်ဆရာမတွေက မိတ်ဆွေရဲ့ လက်ရှိ တောင့်တင်းနေတဲ့ အခြေအနေအလိုက် အစပြုနိုင်မယ့် အနေအထား (Modify Poses) တွေနဲ့ စနစ်တကျ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ပစ္စည်းကိရိယာ စုံလင်မှုနဲ့ အနီးကပ်စောင့်ရှောက်မှုတွေ ရှိတဲ့အတွက် ဒဏ်ရာရမှာကိုလည်း လုံးဝ စိုးရိမ်စရာ မလိုပါဘူး။

"တောင့်တင်းနေတာဟာ Yoga စလုပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။"

ခန္ဓာကိုယ် ပျော့ပျောင်းလန်းဆန်းလာဖို့ AWC နဲ့အတူ ဒီနေ့ပဲ စတင်လိုက်ရအောင်။

🪷𝐀𝐮𝐫𝐚 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫
📲 09762333319
📍𝟒𝟎𝐀 𝐒𝐭, 𝐁𝐭 𝟓𝟒 & 𝟓𝟓 𝐒𝐭, 𝐘𝐞 𝐌𝐨𝐧 𝐓𝐚𝐮𝐧𝐠, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
📩 Contact Information | ဆက်သွယ်ရန် –
📧 Email: [email protected]
🪷 𝐀𝐮𝐫𝐚 𝐘𝐨𝐠𝐚 𝐒𝐭𝐮𝐝𝐢𝐨
📲𝟎𝟗𝟗𝟒𝟎𝟔𝟔𝟒𝟓𝟓𝟓
📍𝟐𝟕 𝐬𝐭 , 𝐁𝐭 𝟕𝟑𝐬𝐭-𝟕𝟒𝐬𝐭 𝐓𝐡𝐢𝐫𝐢𝐦𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐂𝐨𝐧𝐝𝐨 ,
𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫𝐳𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
📩 Contact Information | ဆက်သွယ်ရန် –
📧 Email: [email protected]

29/08/2026

Aura မှာ သင်တန်းလာတက်ဖို့ ဘာတွေယူလာရမလဲဆိုပြီး စဉ်းစားနေပြီလား? 🤔

Aura ရဲ့ မိသားစုဝင်အသစ်လေးတွေအတွက် လာတက်တဲ့အခါ အဆင်ပြေအောင် ဒီ Checklist လေးအတိုင်း ပြင်ဆင်လာခဲ့ရုံပါပဲ။

အရေးကြီးဆုံးက
☑ Yoga ဖျာ
☑ ရေဓာတ်လုံလောက်အောင် ရေဘူးနဲ့
☑ မျက်နှာသုတ်/ချွေးသုတ်ပဝါ
☑ သက်တောင့်သက်သာရှိတဲ့ Yoga ဝတ်စုံနဲ့
ချွေးထွက်များတဲ့သူဆိုရင် လေ့ကျင့်ခန်းပြီးနောက် ပြောင်းလဲဝတ်ဖို့ အပိုအဝတ်အစား

အဝတ်အစားအတွက် စိတ်မပူပါနဲ့နော်။ မိတ်ဆွေတို့ အဆင်ပြေပြေ လေ့ကျင့်နိုင်ဖို့ Aura Wellness Center မှာလည်း လိုအပ်တဲ့ ဝတ်စုံတွေကို စနစ်တကျ စီစဉ်ပေးထားပါတယ်။ ✨

ကျန်းမာသန်စွမ်းတဲ့ Lifestyle တစ်ခုကို အတူတူ စတင်ဖို့ Aura က စောင့်ကြိုနေမယ်နော်။"

Aura Wellness Center 🏢
📞 09 762 333 319
📍 40A Street, Between 54 & 55 Street, Ye Mon Taung, Mandalay
📧 Email: [email protected]

🇲🇲✨

29/08/2026

💞 အားလုံးစောင့်မျှော်နေကြတဲ့ 💞
9 days Yoga Foundation RETREAT
~~~~~~~~~~~~~~~~
🍀 Batch 81 🍀
@ Aura Wellness Centre
~~~~~~~~~~~~~~~~
Date: September 21 ~ Oct 1
Time: 9:30 am ~ 11:30 am
Place: 40A, Bet 54 x 55, ရဲမွန်တောင်, မန္တလေး

Investment : 250000 kyats
~~~~~~~~~~~~~~~
Yoga Trainer & Program Facilitator :
Tr. Khaing Nyein နဲ့အတူ

💕 မိမိရဲ့အတွင်းစိတ်ကို လက်ရှိအရှိတရားကနေ ပိုပြီကောင်းမွန် မြင့်မားတဲ့ အသိတရားရရှိနိုင်ဖို့ နဲ့ သိစိတ်ရှိရှိ ရှင်သန်နိုင်ဖို့

💕 ကိုယ့်မှာရှိတဲ့ တောက်ပတဲ့အလင်းရောင် ကို ကိုယ်တိုင်ရှာဖွေနိုင်မှသာလျှင် အခြားသူတွေရဲ့ အလင်းရောင်ကို အသိအမှတ်ပြုပေးတတ်လာပြီး ဘဝကို အဆင်ပြေပြေလျှောက်လှမ်းနိုင်မှာဖြစ်တဲ့အတွက် ….. ဒီ ၉ရက်သင်တန်းက ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပန်တိုင်ထိ မှန်ကန်တဲ့ အသိအမြင်ဖြစ်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်ဖို့ စိတ်အလေ့အကျင့်တွေ လက်တွေ့ရှာဖွေနိုင်မယ့် အခွင့်အရေးပါ။

🍀 နေ့စဉ်ဘဝရှင်သန်မှုမှာလည်း မှန်ကန်တဲ့ဘဝနေနည်းနဲ့အတူ ဘဝရဲ့အနှစ်သာရတွေ ရရှိစေဖို့ အထောက်အပံ့ကောင်းတွေဖန်တီးနိုင်မှာပါ။
~~~~~~~~~~~~~~~~~~~~
🧘‍♀️ ယောဂကျင့်စဉ်ကို အခြေခံကျကျ
နားလည်ပြီး ယောဂရဲ့အနှစ်သာရကို ကိုယ်တိုင်ရှာဖွေ ခံစား လေ့ကျင့်လိုသူများ၊ ယောဂပညာကို ပြန်မျှဝေနေသူများ

💚မိမိအတွက်အချိန်သီးသန့်ပေးပြီး မိမိစိတ်ကိုမိမိကိုယ်တိုင် လေ့လာချင်သူများ

♥️ မှန်ကန်တဲ့ စိတ်ထားတွေနဲ့ စိတ်၏ ငြိမ်းချမ်းမှုကို တည်ဆောက်ရန် ရည်ရွယ် ထက်သန်သူများ ၊

❤️ ကိုယ့်ဘဝကို ကိုယ်တိုင်ကုစားရင်း အခြားသူများကို ကူချင်သူများ

❤️ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ အသိတွေ ကို အကျင့်တရားထိပြောင်းပြီး လေ့ကျင့်လိုသူများ ...

🧘‍♀️Yoga ပညာရပ် ကို လေ့လာလိုသူများနဲ့ မိမိခန္ဓာကိုယ်စောင့်ရှောင်ခြင်းဖြင့် မိမိစိတ်ကို စောင့်ရှောက်လိုသူများအတွက် ……

ရည်ရွယ်ထားတဲ့ ယောဂ ကျင့်စဉ် ကိုအခြေခံပြီး မိမိကိုယ်ကို အချိန်ပေးနားထောင် သွားမယ့် သင်တန်းဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~
To Register >>> CB
~~~~~~~~~~~~~~~~~~~~~~~
🌿🕊️ ၉ ရက် ခရီးစဉ် 🌿🕊️

Day 1 ~ What is Yoga?
Day 2 ~ What is Asana?
Day 3 ~ Uncovering your true nature.
Day 4 ~ Social Ethics
Day 5 ~ Personal Practices
Day 6 ~ Power of Thoughts & Transformation
Day 7 ~ 7 Chakras
Day 8 ~ 8 Limbs of Yoga
Day 9 ~ Essence of Yoga
~~~~~~~~~~~~~~~~~~~~~~~~~
အတွေ့အကြုံသစ်/အတွေးအမြင်သစ်/ရှုထောင့်သစ် တစ်ခုဆီကို 🍀 ရောက်ပြီးတဲ့ စိတ်🍀တစ်ခု ဟာ ရှုထောင့်ဟောင်း/ အတွေးအမြင်ဟောင်း တွေဆီ ဘယ်တော့မှ ပြန်မသွားတော့ဘူး...။
~~~~~~~~~~~~~~~~~~~
" A mind that is stretched by a new experience can never go back to its old dimensions. "
~ Oliver Wendell Holmes
~~~~~~~~~~~~~~~~~~~~

23/08/2026

✨ WE ARE HIRING ✨
FULL-TIME / Part Time PILATES INSTRUCTOR

Aura Wellness Center မှာ အတူတကွ လက်တွဲပြီး Wellness Community နဲ့ မိမိကိုယိကို အတွက်ပါ ပိုမိုကောင်းမွန်စွာ တည်ဆောက်သွားချင်တဲ့သူအတွက် Full-Time / Part Time Pilates Instructor အဖြစ်လက်တွဲဖို့ ဖိတ်ခေါ်ပါတယ်။ 🤍

Requirements
• Pilates Instructor Certification ရှိပြီး အကောင်းဆုံး သင်ကြားနိုင်သူ
• Anatomy နှင့် Body Alignment ကောင်းစွာနားလည်သူ
• Client များကို စနစ်တကျ Guide ပေးနိုင်သူ
• Communication ကောင်းမွန်ပြီး Teamwork ဖြင့် အလုပ်လုပ်နိုင်သူ
• Pilates ကို စိတ်အားထက်သန်ပြီး သင်ယူတိုးတက်လိုစိတ်ရှိသူ

📩 Apply Now
Submit Your CV to:
[email protected]

📍 Aura Wellness Center
Join Our Wellness Community 🤍

22/08/2026

Pilates ကို ကိုယ့်ခန္ဓာကိုယ်နဲ့ ကိုက်ညီတဲ့ Training အဖြစ်ပိုမိုထိရောက်စွာ လေ့ကျင့်ချင်သူများအတွက် 🤍

Aura Wellness Center ရဲ့ Private Pilates Class မှာPersonal Goals နဲ့ Body Condition အလိုက်တစ်ဦးချင်း သီးသန့်အာရုံစိုက်ပြီး လေ့ကျင့်ပေးနေပါပြီ။

Body Shape ကို ပိုမိုကောင်းမွန်စေချင်သူများ၊ကြွက်သားတွေကို တင်းရင်းသန်မာစေချင်သူများအတွက်လည်း သင့်တော်ပါတယ်။ ✨

မိမိနဲ့အဆင်ပြေမယ့် Time Slot ကို စိတ်ကြိုက်ရွေးချယ်ပြီးသီးသန့်၊ သက်သောင့်သက်သာ လေ့ကျင့်နိုင်ပါတယ်။

Book your Private Pilates Class with us now. 🤍

📩 အသေးစိတ်စုံစမ်းရန်နှင့် သင်တန်းအပ်နှံရန် DM မှာ ဆက်သွယ်နိုင်ပါသည်။

20/08/2026

"ပြီးပြည့်စုံတဲ့ ပုံစံထက် စတင်လိုက်တဲ့ မိတ်ဆွေရဲ့ စိတ်ဆန္ဒကို ပိုပြီး တန်ဖိုးထားပါတယ်" ✨

Yoga နဲ့ Pilates ကို အသစ်စတင်လေ့ကျင့်သူပဲဖြစ်ဖြစ်၊ ကာလကြာ လေ့ကျင့်နေသူပဲဖြစ်ဖြစ် မှန်ကန်တဲ့ အနေအထားနဲ့ ထိရောက်တဲ့ ရလဒ်ရဖို့ဆိုတာ အရေးကြီးဆုံးပါပဲ။
​Aura Wellness Center မှာဆိုရင် —
​သင်တန်းသားတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်အနေအထားနဲ့ လိုအပ်ချက်ကို ကျွမ်းကျင်ဆရာမများက အနီးကပ် လေ့လာပေးခြင်း
​ဒဏ်ရာအနာတရမဖြစ်စေဘဲ စနစ်တကျ ကစားနိုင်အောင် တိကျတဲ့ Form တွေကို တစ်ဆင့်ချင်း စိတ်ရှည်လက်ရှည် ပြသပေးခြင်း
​စိတ်ရောကိုယ်ပါ သက်တောင့်သက်သာနဲ့ လွတ်လပ်စွာ လေ့ကျင့်နိုင်မယ့် နွေးထွေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးထားခြင်း
​ခန္ဓာကိုယ် အချိုးအစားပြေပြစ်ပြီး စိတ်ကြည်လင်လန်းဆန်းစေဖို့ Aura နဲ့အတူတူ စတင်လိုက်ရအောင်နော်။ 🌿🧘‍♀️
Aura မှာ ကျွန်တော်တို့ တန်ဖိုးထားတာက "ပြီးပြည့်စုံတဲ့ ပုံစံ" ထက် "စတင်လိုက်တဲ့ မိတ်ဆွေရဲ့ စိတ်ဆန္ဒ"ကိုပါ။ အခြေခံမရှိလို့ စိုးရိမ်မနေပါနဲ့၊ မိတ်ဆွေရဲ့ ကျန်းမာသန်စွမ်းတဲ့ ခရီးလမ်းကို Aura နဲ့အတူ လက်တွဲပြီး စတင်လိုက်ပါ။

Aura Wellness Center 🏢
📞 09 762 333 319
📍 40A Street, Between 54 & 55 Street, Ye Mon Taung, Mandalay
📧 Email: [email protected]

19/08/2026

Yoga ကို ခန္ဓာကိုယ်နဲ့ပဲ မလေ့ကျင့်ဘဲ
ကိုယ့်ဘဝနဲ့ပါ လေ့ကျင့်ကြည့်ပါ။

Wholeness In Basic to Inter မှာ
Yoga ရဲ့ အခြေခံလှုပ်ရှားမှုတွေကနေ Intermediate Level အထိ တဖြည်းဖြည်းတိုးတက်လေ့ကျင့်ရင်း
ကိုယ့်ခန္ဓာကိုယ်၊ စိတ်နဲ့ နေ့စဉ်ဘဝကြားက Balance ကို ပြန်လည်ရှာဖွေသွားမှာပါ။

ဖျာပေါ်မှာ လေ့ကျင့်တဲ့ Yoga ကဖျာပေါ်မှာတင် အဆုံးမသတ်ပါဘူး။နေ့စဉ်ဘဝမှာ ကိုယ့်ကိုယ်ကို ဘယ်လိုနားလည်မလဲ၊ဘယ်လိုတည်ငြိမ်မလဲဆိုတာတွေကိုပါ လေ့ကျင့်သွားကြမယ်။ 🤍

Wholeness In Basic to Inter
🗓️ Every Weekdays
⏰ 4:00 PM – 5:30 PM
📍 Aura Wellness Center

ကိုယ့်ခန္ဓာကိုယ်ကို လေ့ကျင့်ရင်း ကိုယ့်ဘဝကိုပါ ပြန်လည်လေ့ကျင့်ကြည့်ဖို့Aura မှာ ဆုံကြမယ်နော်။

17/08/2026

"ငါက ကိုယ်ခန္ဓာလည်း မပျော့ပျောင်းဘူး၊ ဘာမှလည်း မသိဘူး၊ ငါသွားရင် သူများတွေကြားထဲ အရှက်ကွဲမလား" ဆိုတဲ့ စိုးရိမ်စိတ်ကို ဖြေဖျောက်ပေးမယ်။ 🧘‍♀️✨

"အခြေခံမရှိလို့ စိုးရိမ်နေပါသလား? Aura က သင့်အတွက် ဒီလို ပြင်ဆင်ပေးထားပါတယ်" 🤝

ကျွန်တော်တို့ဆီမှာ အသစ်စတင်မယ့်သူတွေအတွက် အဆင့် (၄) ဆင့်နဲ့ စနစ်တကျ လမ်းညွှန်ပေးနေပါတယ် - 📉✅

၁။ တစ်ဦးချင်း အခြေအနေကို အရင်ဆန်းစစ်ခြင်း 📋
သင်တန်းမစခင်မှာ မိတ်ဆွေရဲ့ လက်ရှိကိုယ်ခန္ဓာ အနေအထား၊ ခံစားနေရတဲ့ ဝေဒနာ (ဥပမာ - ခါးနာ၊ ဒူးနာ) နဲ့ လိုအပ်ချက်တွေကို ဆရာမတွေက အသေးစိပ် မေးမြန်းပါတယ်။ ဒါမှသာ မိတ်ဆွေနဲ့ အကိုက်ညီဆုံး အကွက်တွေကို ရွေးချယ်သင်ကြားပေးနိုင်မှာပါ။ 🩺💡

၂။ အခြေခံအကျဆုံး "အသက်ရှူစနစ်" ကနေ စတင်ခြင်း 🌬️
ယောဂနဲ့ Pilates ရဲ့ အခြေခံဟာ အသက်ရှူခြင်း ဖြစ်ပါတယ်။ ပထမဦးဆုံးရက်တွေမှာ ခက်ခဲတဲ့ ပုံစံတွေ လုပ်ခိုင်းမှာ မဟုတ်ဘဲ မှန်ကန်တဲ့ အသက်ရှူနည်းစနစ်နဲ့ ခန္ဓာကိုယ်ရဲ့ တစ်စိတ်တစ်ပိုင်းချင်းစီကို ဘယ်လို အာရုံစိုက်ရမလဲဆိုတာကို စိတ်ရှည်လက်ရှည် သင်ပေးပါတယ်။ 🧘‍♂️🍃

၃။ ပစ္စည်းကိရိယာများဖြင့် ကူညီပံ့ပိုးပေးခြင်း 🧱
ကိုယ်ခန္ဓာက မပျော့ပျောင်းသေးရင် လက်မမီတာ၊ ခါးမကုန်းနိုင်တာမျိုးတွေ ရှိမှာပါ။ အဲဒီအခါမှာ ယောဂတုံး (Blocks)၊ ကြိုး (Straps) နဲ့ Reformer စက်ပေါ်က စပရိန်တွေကို အသုံးပြုပြီး မိတ်ဆွေရဲ့ အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်အောင် ပုံစံတွေကို ပြင်ဆင်ပေးပါတယ်။ "မလုပ်နိုင်ဘူး" ဆိုတာ မရှိရအောင် ဆရာမက ဘေးကနေ ပံ့ပိုးပေးမှာပါ။ 💪⚙️

၄။ အနီးကပ် လမ်းညွှန်စောင့်ရှောက်မှု 👩‍🏫
ပုံစံမမှန်ရင် ဒဏ်ရာရနိုင်တဲ့အတွက် ဆရာမကိုယ်တိုင် အနီးကပ်ရှိနေပြီး လိုအပ်တဲ့ အနေအထားပြင်ဆင်မှုတွေကို တစ်ချိန်လုံး လုပ်ဆောင်ပေးနေမှာ ဖြစ်ပါတယ်။ 🛡️⭐

"ယောဂကျင့်ဖို့ဆိုတာ ပျော့ပျောင်းနေစရာ မလိုပါဘူး။ ပျော့ပျောင်းလာဖို့အတွက် ယောဂကျင့်ရတာပါ။" 🌸 Aura ရဲ့ အတန်းတိုင်းမှာ အခြေခံမရှိတဲ့သူတွေကနေ အဆင့်မြင့်တက်လှမ်းသွားသူတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဘာမှမသိသေးဘူးဆိုတာဟာ ကျွန်တော်တို့နဲ့အတူ အသစ်စတင်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ 🌈✨

Aura Wellness Center 🏢
📞 09 762 333 319
📍 40A Street, Between 54 & 55 Street, Ye Mon Taung, Mandalay
📧 Email: [email protected]

🇲🇲✨

11/08/2026

လှပစွာ လှုပ်ရှားခြင်း၏ အနုပညာ။

လှုပ်ရှားမှုတိုင်းမှာ ရည်ရွယ်ချက်ရှိတယ်။
အသက်ရှူမှုတိုင်းမှာ ဟန်ချက်ညီမှုရှိတယ်။
လေ့ကျင့်မှုတိုင်းမှာ ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာစေတယ်။

ခန္ဓာကိုယ်ရဲ့ Strength၊ Balance နဲ့ Control ကို
သေသေချာချာ တည်ဆောက်ပေးမယ့် Aura Pilates။

Aura Wellness Centerကိုယ်လက်လှုပ်ရှားမှုတိုင်းကို အဓိပ္ပါယ်ရှိရှိ ခံစားလိုက်ပါ။ ✨

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address

40A Street, Between 54 & 55 Street
Mandalay
05063

Opening Hours

Monday 06:00 - 19:00
Tuesday 06:00 - 19:00
Wednesday 06:00 - 19:00
Thursday 06:00 - 19:00
Friday 06:00 - 19:00
Saturday 06:00 - 19:00
Sunday 06:00 - 19:00