20/06/2026
"Fat loss လုပ်မယ်ဆိုရင် Cardio လား❓ Weight Training လား။ ဘယ်ဟာလုပ်ရမလဲ❓"
ဒီမေးခွန်းက Gym စကစားတဲ့သူတွေ၊ ဝိတ်ကျဖို့ကြိုးစားနေတဲ့သူတွေ အမေးအများဆုံးမေးခွန်းတွေထဲက တစ်ခုပါ။
တချို့က ပြေးတာ၊ စက်ဘီးနင်းတာ၊ ကြိုးခုန်တာလို Cardio ပဲလုပ်ရင် ဝိတ်ကျမယ်လို့ ထင်ကြတယ်။
တချို့ကတော့ Weight Training ပဲလုပ်ရင် လုံလောက်ပြီလို့ ထင်ကြတယ်။
✅ ဒါပေမယ့် အမှန်တရားကတော့...
Fat Loss ရဲ့ အဓိကသော့ချက်က Cardio လည်းမဟုတ်ဘူး၊ Weight Training လည်းမဟုတ်ဘူး။ ⛔( Calorie Deficit ) ပဲဖြစ်ပါတယ်။
တစ်နေ့တာ စားတဲ့ Calories ထက် အသုံးပြုတဲ့ Calories များနေဖို့ လိုပါတယ်။
ဒါဆို Cardio နဲ့ Weight Training က ဘာကွာလဲ?
👉 Cardio ရဲ့ အားသာချက်
Cardio က လေ့ကျင့်နေတဲ့ အချိန်အတွင်း Calories လောင်ကျွမ်းမှု များတယ်။
ဥပမာ -
🏃 ပြေးတာ
🚴 စက်ဘီးနင်းတာ
🏊ရေကူးတာ
ကြိုးခုန်တာ
ဒီလို Exercise တွေက Energy အသုံးပြုမှု မြင့်မားတဲ့အတွက် Calorie Deficit ဖန်တီးဖို့ အထောက်အကူဖြစ်စေပါတယ်။
- နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်။
- အမောခံနိုင်တဲ့သက်လုံတိုးစေတယ်။
ဒါပေမယ့် Cardio ပဲ အလွန်အကျွံလုပ်ပြီး Weight Training မပါဘူးဆိုရင်...
Weight ကျသွားနိုင်ပေမယ့် တန်ဖိုးရှိတဲ့ Muscle ပါ ကျသွားနိုင်ပါတယ်။
အဲ့လိုဖြစ်လာရင် Body Shape က လှပတင်းရင်းမနေဘဲ လေလျော့လိုက်တဲ့ပူဖောင်း ပုံစံမျိုး ဖြစ်နိုင်ပါတယ်။ 🎈🎈
🏋 Weight Training ရဲ့ အားသာချက်
Weight Training က Muscle ကို ထိန်းပေးတယ်။
အဆီချနေတဲ့အချိန်မှာ Muscle မပျောက်သွားအောင် ကူညီပေးတယ်။
-Body Shape ကို ပိုကောင်းစေတယ်။
-လက်မောင်းတွေကျစ်လစ်လာမယ်။
-Chest ပိုပြည့်လာမယ်။
-Glutes ပိုတင်းလာမယ်။
-Body fit တွေဝတ်တဲ့အခါ Confidence ပိုတက် လာမယ်။
တစ်ခါတစ်လေ ပေါင်ချိန်စက်ပေါ်မှာ Weight မကျသေးပေမယ့်...
ခန္ဓာကိုယ်ပုံစံက သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရနိုင်ပါတယ်။
ဒါက Muscle ထိန်းထားပြီး Fat လျော့နေလို့ ဖြစ်ပါတယ်။
ဒါပေမယ့် Weight Training ပဲလုပ်ပြီး Activity နည်းလွန်းရင်လည်း Total Calorie အသုံးပြုမှု မမြင့်နိုင်ပါဘူး။
ဒါဆို Fat Loss အတွက် ဘာက အကောင်းဆုံးလဲ ❓
အဖြေကတော့...
✅ Cardio + Weight Training + Proper Nutrition
ဒီ ၃ ခု ပေါင်းစပ်ခြင်းပါပဲ။
👉 Weight Training နဲ့ Muscle ကို ထိန်းပါ။
👉 Cardio နဲ့ Calories Burn ကို တိုးပါ။
👉 Nutrition နဲ့ Calorie Deficit ကို ထိန်းပါ။
ဒီလိုသွားမှ အဆီ ကျပြီး Body Shape လည်း ကောင်းလာမယ်။
ကျန်းမာရေးလည်း တိုးတက်လာမယ်။
ဒါကြောင့်...
Fat Loss လုပ်ချင်ရင် Cardio နဲ့ Weight Training ဘယ်ဟာရွေးရမလဲ မစဉ်းစားပါနဲ့။
"ဘယ်လိုပေါင်းစပ်ရမလဲ" ဆိုတာကိုပဲ စဉ်းစားပါ။
゚