SportsXzone Myanmar

SportsXzone Myanmar

Share

Sports

18/06/2026

လူးဝစ်ဒီယာ့ဇ်ကတော့ ကိုလံဘီယာအသင်းရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်ကို အနိုင်ရလဒ်နဲ့လှပစွာဖွင့်လှစ်ပေးနိုင်ခဲ့ပါပြီ ။ Uzbekistan အသင်းကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ကိုလံဘီယာအသင်းအတွက် အဖွင့်ဂိုးကိုဖန်တီးပေးခဲ့သလို အနိုင်ဂိုးကိုလည်း ကိုယ်တိုင်သွင်းယူပေးခဲ့တာပါ ။ အီတလီဂန္ထဝင်ကစားသမားဟောင်းကြီး ကန်နာဗာရိုကိုင်တွယ်နေတဲ့ Uzbekistan အသင်းကတော့ ပထမဆုံးကစားခွင့်ရရှိတဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ သွင်းဂိုးရယူနိုင်တယ်ဆိုတာနဲ့ ကျေနပ်ခဲ့ရပါတယ် ။

လက်ရှိမှာတော့ ကိုလံဘီယာအသင်းက ပေါ်တူဂီ ၊ ဒီအာကွန်ဂိုတို့ပါဝင်တဲ့ Group K မှာ အုပ်စုပထမနေရာကို ရယူထားနိုင်လိုက်ပါပြီ ။ လာမယ့်ပွဲစဉ်မှာတော့ ကိုလံဘီယာအသင်းက ဒီအာကွန်ဂိုအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ် ။

18/06/2026

Marcus Rashford ဟာ ဒီရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သူ့ရဲ့ ကယ်တင်ခြင်းဆုလာဘ်ကို အမှန်တကယ် ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ် 💫

18/06/2026

- ဘရူနိုဟာ မိနစ် ၉၀ လုံး အခွင့်ရေးဖန်တီးမှုမရှိဘူး။
- နိုင်ငံအသင်းမှာ တိုင်ပတ်‌လေ့ရှိတဲ့ ဘာနာဒိုရဲ့ ခြေစွမ်းနဲ့ Stamina ပိုင်းက အရံခုံပို့သင့်ပါပြီ။
- နည်းပြဟာ နည်းစနစ် Plan B မရှိပါဘူး။
- ရာဖေးလီယိုက ယူနိုက်တက်က ရက်ဖို့ဒ်ပဲ။
- ကောင်းပါတယ်ဆိုတဲ့ နူနိုမန်ဒက်စ် ဗီတင်ညာက ပုံမှန်ခြေအောက်ကျတယ်။ (နည်းပြနဲ့ ဆိုင်မယ်ထင်ပါတယ်)
- ခံစ၊စ်က ဗီဂါဆိုတဲ့ဘဲက လေးတယ်၊ ဘောလုံးဦးနှောက် ခံစ၊စ်ညဏ်ရည် အတော်ဖျင်းပါတယ်။

ဆိုတော့ ဒါတွေဟာ အသင်းလိုက် ညံ့ဖျင်းမှုပါ။ ရော်နယ်ဒိုတစ်ဦးတည်းကိုပဲ လက်ညှိုးထိုးလို့မရပါဘူး။

လူငယ်‌တွေကို နေရာပေးသင့်တယ်ဆို ရော်နယ်ဒိုဒ၊ဏ်ရာရလို့ မကစားနိုင်ချိန်မှာ ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားအကြိုခြေစွမ်းပွဲက ဂွန်ကာလို ရာမို့စ်ရဲ့ ခြေစွမ်းကိုသွားကြည့်သင့်ပါတယ်။

ဆို‌တော့ ရော်နယ်ဒိုနဲ့ ပေါ်တူဂီဖန်တွေအတွက် ကမ္ဘာ့ဖလားအိပ်မက်ဟာ ပွဲဦးထွက်မှာပဲ ဝေဝါးခဲ့ပါပြီ။ 🇵🇹

18/06/2026

အင်္ဂလန်နဲ့ ခရိုအေးရှားပွဲစဉ်ကတော့ ဂိုးတွေအပြန်အလှန်သွင်းပြီး ဖျော်ဖြေမှုအပြည့်ပေးခဲ့ပါတယ် ။ အင်္ဂလန်အတွက် ဟယ်ရီကိန်းက ၂ ဂိုးသွင်းခဲ့ပြီး ရက်ရှ်ဖိုဒ့် နဲ့ ဘယ်လင်ဟမ်တို့က ၁ ဂိုးစီသွင်းပေးခဲ့ကြတာပါ ။ အင်္ဂလန်အသင်းရဲ့ ကစားပုံကိုရော စိတ်ကျေနပ်မှုရှိခဲ့ကြသလားဗျ ။

18/06/2026

ကမ္ဘာ့ဖလားမှာ နောက်တကြိမ်ပြန်မြင်ရဖို့ ခက်ခဲတဲ့စံချိန်ကောင်းတခုအတွက် ရိုနယ်ဒိုတယောက်တည်းသာ အခွင့်အရေးရှိနေပါတယ် ။ အဲဒါကတော့ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့စံချိန်ပါ ။ လီယွန်နယ် မက်ဆီတောင်မှ ဒီစံချိန်ကို ရယူနိုင်ခြင်းမရှိခဲ့ပါဘူး ။ လက်ရှိကစားနေသူတွေထဲမှာလည်း ခီလီယံ အမ်ဘာပေ တယောက်သာ စွမ်းဆောင်နိုင်မယ့်အလားအလာရှိသူပါ ။ ဒါတောင်မှ ဘာပေအနေနဲ့ နောက်ထပ် ကမ္ဘာ့ဖလား ၃ ကြိမ် ၊ အချိန်အားဖြင့် ၁၂ နှစ်ကြာအောင် ထပ်မံကစားပြီး ဂိုးသွင်းယူနိုင်ဖို့လည်း လိုအပ်နေဦးမှာဖြစ်ပါတယ် ။

ဒါပေမယ့် မနေ့ညက ဒီအာကွန်ဂိုနဲ့ပွဲအပြီးမှာတော့ ရိုနယ်ဒိုရဲ့ ဒီစံချိန်အပေါ် စိတ်ပူစရာအနေအထားအချို့ရှိလာခဲ့ပါတယ် ။ ဒီအာကွန်ဂိုဘက်ကို ဂိုးမသွင်းယူနိုင်အပြီးမှာတော့ ရိုနယ်ဒိုရဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ သွင်းဂိုးမရရှိတဲ့ပွဲအရေအတွက်ဟာ ၁၀ ပွဲအထိရှိလာခဲ့တာကြောင့်ပါပဲ ။ လာမယ့် Uzbekistan နဲ့ပွဲမှာ ဂိုးသွင်းနိုင်မှသာ သူ့အတွက် ဒီလိုစံချိန်ကောင်းကို ရယူထားနိုင်မှာပါ ။ ပေါ်တူဂီရဲ့ လက်ရှိကစားပုံနဲ့ ကိုလံဘီယာကို ဂိုးသွင်းနိုင်ဖို့မလွယ်ကူတာကြောင့်ပါပဲ ။

ရိုနယ်ဒိုအနေနဲ့ သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်သူမှလိုက်မမီနိုင်လောက်တဲ့ စံချိန်ကောင်းကို ရယူသွားနိုင်မလားဆိုတာကတော့ . . .

18/06/2026

ပြီးခဲ့တဲ့ ကွန်ဂိုနဲ့ ပွဲစဉ်မှာ ဝေဖန်မှုအချို့ ရှိခဲ့ပေမယ့်လည်း ရော်နယ်ဒိုကတော့ ကမ္ဘာ့ဖလားမှာ ဘယ်သူမှ လိုက်မမှီနိုင်မယ့် ထူးခြားပြောင်မြောက်တဲ့ ရာဇဝင်မှတ်တမ်းကြီးတစ်ခုကို ထပ်မံစိုက်ထူသွားခဲ့ပါပြီ ဒါကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ အသက်အကြီးဆုံး ပွဲထွက်ကစားသမားအဖြစ် တရားဝင် ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်

အသက် ၄၁ နှစ်ဆိုတဲ့ အရွယ်ဟာ ဘောလုံးသမားအများစု ကွင်းထဲကနေ အနားယူသွားကြတဲ့ အချိန်ဖြစ်ပေမယ့် ရော်နယ်ဒိုကတော့ သူ့ရဲ့ ထူးခြားလှတဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု ထိန်းသိမ်းနိုင်စွမ်းတွေနဲ့အတူ ကမ္ဘာ့အဆင့် အမြင့်ဆုံး ပြိုင်ပွဲကြီးရဲ့ ပွဲထွက်လူစာရင်းမှာ မိနစ် ၉၀ ပြည့်အထိ ပါဝင်ကစားရင်း သမိုင်းတွင်စေခဲ့တာပါ

တစ်ဖက်မှာ မက်ဆီက အသက်အငယ်ဆုံးရော အသက်အကြီးဆုံးပါ ဂိုးသွင်းရှင်စံချိန်တွေနဲ့ ခြေစွမ်းပြနေချိန်မှာ ရော်နယ်ဒိုကလည်း အသက် ၄၁ နှစ်အရွယ်အထိ ကမ္ဘာ့ဖလား စင်မြင့်ထက်မှာ ပွဲထွက်ကစားနိုင်တဲ့ အသက်အကြီးဆုံး ရာဇဝင်ရှင်အဖြစ် တုံ့ပြန်လိုက်တာကြောင့် ဒီနှစ်ဦးရဲ့ ပြိုင်ဆိုင်မှုကတော့ ကမ္ဘာ့ဖလားသမိုင်းမှာ အကောင်းဆုံး ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာခဲ့ရပါတယ်

18/06/2026

ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကတော့ Group Stage ပွဲစဉ် ၂ ကို ရောက်ရှိလို့လာပါပြီ ။ မနက်ဖြန်မနက်မှာတော့ Group A နဲ့ B က ပွဲစဉ်တွေကို ယှဉ်ပြိုင်ကစားသွားကြမှာပါ ။

ဆွစ်ဇာလန်အသင်းကတော့ ပထမပွဲစဉ်မှာ ကာတာအသင်းကို ပေါ့ပေါ့ဆဆကစားခဲ့တာကြောင့် နောက်ဆုံးမိနစ်မှာ ချေပဂိုးပြန်ပေးခဲ့ရပြီး သရေရလဒ်ဖြစ်ခဲ့ရပါတယ် ။ အခုဘော့စနီးယားအသင်းကလည်း လျော့တွက်မယ်ဆိုရင် ဆွစ်ဇာလန်တို့ မထင်မှတ်ထားတဲ့ရလဒ်တွေ ထပ်မံရရှိဦးမှာပါ ။ ဘော့စနီးယားအသင်းကတော့ နောက်ထပ် ၁ မှတ်ရရှိအောင် အစွမ်းကုန်ကြိုးစားသွားမှာအမှန်ပါပဲ ။ ဆွစ်ဇာလန်အသင်းအတွက် ခက်ခဲမယ့်ပွဲစဉ်တပွဲဖြစ်လာနိုင်ပါတယ် ။

အိမ်ရှင်ကနေဒါအသင်းနဲ့ ကာတာအသင်းတို့ကတော့ အနိုင်ရတဲ့အသင်း နောက်တဆင့်တက်ရောက်နိုင်မှာဖြစ်တာကြောင့် အစွမ်းကုန်ယှဉ်ပြိုင်ကြမှာပါ ။ ၂ သင်းစလုံးက ကစားပုံမကောင်းပေမယ့် စိတ်ဓါတ်ကောင်းတွေပိုင်ဆိုင်ထားတာကြောင့် ကြည့်ကောင်းမယ့်ပွဲစဉ်ဖြစ်လာနိုင်ပါတယ် ။ အိမ်ရှင်ကနေဒါအသင်းက အနည်းငယ်ပိုကောင်းနိုင်ပြီး အိမ်ရှင်လည်းဖြစ်နေတာကြောင့် အနိုင်ရလဒ်ကိုယူဆောင်သွားဖို့ အလားအလာပိုကောင်းနေပါတယ် ။

မက္ကဆီကိုနဲ့ တောင်ကိုရီးယားအသင်းတို့ရဲ့ပွဲကတော့ မနက်ဖြန်ကစားမယ့်ပွဲတွေထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ အကြိတ်အနယ်အရှိဆုံးပွဲစဉ်ဖြစ်လာမှာပါ ။ အဖွင့်ပွဲစဉ်မှာ ပုံစံကောင်းပြသပြီး နိုင်ပွဲကိုယ်စီရရှိထားကြတဲ့ ဒီနှစ်သင်းမှာ တောင်ကိုရီးယားအသင်းက အနည်းငယ်ပိုကောင်းနိုင်တယ်လို့ ထင်ရပါတယ် ။ ဒါပေမယ့် မက္ကဆီကိုအသင်းက အိမ်ရှင်ဖြစ်တာကြောင့် တောင်ကိုရီးယားအသင်းကို ကောင်းကောင်းယှဉ်ပြိုင်ကစားနိုင်မှာပါ ။ ၂ သင်းစလုံးဂိုးသွင်းနိုင်ဖို့များပါတယ် ။ ဘယ်အသင်းနိုင်မလဲဆိုတာကတော့ ရွေးချယ်ရခက်တဲ့အနေအထားပါပဲ ။

Group A ရဲ့ ပွဲစဉ်တပွဲဖြစ်တဲ့ ချက်ရီပါ့ဘလစ်နဲ့ တောင်အာဖရိကအသင်းတို့ရဲ့ ပွဲစဉ်ကတော့ ဒီကနေ့ညမှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ် ။

17/06/2026

ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ သူတို့ရဲ့ ခြောက်ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အထူးအမွေအနှစ်တံဆိပ်ကို ဝတ်ဆင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားတွေပါ။ 📛

သူတို့ရဲ့ အထင်ကရ အောင်ပွဲခံပွဲတွေအတွက် ဂုဏ်ပြုမှုက စစ်မှန်တဲ့ အဆင့်အတန်းပါပဲ 🔥

17/06/2026

• ၄၁ နှစ် ၊ ၁၃၂ ရက်။

ကမ္ဘာ့ဖလားသမိုင်းမှာ ပွဲထွက်ကစားခဲ့တဲ့ အသက်ကြီးဆုံးကစားသမားအဖြစ်မှတ်တမ်း၀င်ခဲ့တဲ့ ရော်နယ်ဒို 🍷🇵🇹

17/06/2026

ပေါ်တူဂီအသင်းရဲ့ ကွင်းလယ် Trio 🥶🔥

Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Address

Mandalay