Chan Mya Tharzi Dojo - Mandalay

Chan Mya Tharzi Dojo - Mandalay

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chan Mya Tharzi Dojo - Mandalay, Martial Arts School, bet 56×57, 101A, Aurora private high school, Mandalay.

08/08/2026

First prize Dojo

Photos from Chan Mya Tharzi Dojo - Mandalay 's post 03/08/2026

🥋 တတိယအကြိမ်မြောက်မန္တလေးတိုင်းဒေသကြီး ခတ ပြိုင်ပွဲကြီးတွင် ချမ်းမြသာစည် ကရာတေးသင်တန်း (Chan Mya Tharzi Dojo) မှ ဆုတံဆိပ် (၅) ဆု ဆွတ်ခူးရရှိကာ ဂုဏ်ယူဝမ်းမြောက်ဖွယ် အောင်ပွဲဆင်နွှဲနိုင်ခဲ့ပါသည် 🥋
ချစ်ခင်လေးစားအပ်ပါသော မိဘများနှင့်သင်တန်းသားများခင်ဗျာ —

ယနေ့ကျင်းပပြီးစီးခဲ့သော မန္တလေးတိုင်းဒေသကြီး ခတ ပြိုင်ပွဲကြီးသို့ ကျွန်ုပ်တို့၏ ချမ်းမြသာစည် ကရာတေးသင်တန်း (Chan Mya Tharzi Dojo) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာတွင် ကစားသမားတစ်ဦးချင်းစီ၏ မလျှော့သောဇွဲလုံ့လ၊ ပြင်းထန်သည့်လေ့ကျင့်မှုများနှင့် Kyokushin စိတ်ဓာတ်တို့ကြောင့် ဆုတံဆိပ်ပေါင်း (၅) ဆု အထိ ဂုဏ်ယူဖွယ် ဆွတ်ခူးရယူနိုင်ခဲ့ပြီဖြစ်ပါကြောင်း ဝမ်းမြောက်ဝမ်းသာစွာ အသိပေးကြေညာအပ်ပါသည်။

🏆 ဆုတံဆိပ် ဆွတ်ခူးရရှိခဲ့ကြသည့် အားကစားသမားများစာရင်း

🤎 ခါးပတ်အညို (Brown Belt) အမျိုးအစား
အမျိုးသား (၁၄ နှစ်အထက်): မောင်နှိုင်းရတုအောင် — ရွှေတံဆိပ် (Gold Medal) 🥇
အမျိုးသား (၁၄ နှစ်အောက်): မောင်ဟိန်းထက်ဇံ — ကြေးတံဆိပ် (Bronze Medal) 🥉

🟠 ခါးပတ်လိမ္မော် (Orange Belt) အမျိုးအစား
အမျိုးသား (၁၄ နှစ်အထက်):
မောင်ဝေဘုန်းလျှံ — ရွှေတံဆိပ် (Gold Medal) 🥇
မောင်ရန်နိုင်အောင် — ငွေတံဆိပ် (Silver Medal) 🥈

အမျိုးသား (၁၄ နှစ်အောက်): မောင်လင်းပြည့်လျှံ — ကြေးတံဆိပ် (Bronze Medal) 🥉

🌟 ကျေးဇူးတင်ဂုဏ်ပြုလွှာ

ယခုကဲ့သို့ ပြိုင်ပွဲစဉ်တစ်လျှောက်လုံးတွင် အရှုံးမပေးဘဲ မိမိတို့တတ်စွမ်းသမျှ အကောင်းဆုံးစွမ်းဆောင်ရည်များ၊ စည်းကမ်းကောင်းမွန်မှုများနှင့်အတူ ဇွဲရှိရှိ ယှဉ်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင်အားကစားသမားများအားလုံးကို အထူးပင် ဂုဏ်ယူဝမ်းမြောက်ရပါသည်ခင်ဗျာ။
ထို့အပြင် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိလာစေရန် နောက်ကွယ်မှ အမြဲတမ်း တွန်းအားပေးကူညီခဲ့ကြသော မိဘများ နည်းပြဆရာများနှင့် ဝိုင်းဝန်းအားပေးကူညီကြသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။
ဆုမရရှိခဲ့ကြသေးသော်လည်း ယနေ့ပြိုင်ပွဲတွင် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသူတိုင်းသည်လည်း နောင်လာမည့် အောင်မြင်မှုများအတွက် အဖိုးတန်လှသော အတွေ့အကြုံကောင်းများကို ရရှိခဲ့ကြပြီဖြစ်ရာ အားလုံးကို အထူးပင် ချီးကျူးဂုဏ်ပြုအပ်ပါသည်။

ဆရာသိဒ္ဓိအောင်

🥋 We are proud and overjoyed to announce that the Chan Mya Tharzi Dojo has successfully secured (5) medals at the 3rd Mandalay Region Kata Championship! 🥋
Dear Respected Parents and Students,
We are delighted to announce that our students from the Chan Mya Tharzi Dojo participated in the recently concluded Mandalay Region Kata Championship and achieved a proud milestone by winning a total of (5) medals, driven by their unwavering perseverance, rigorous training, and Kyokushin spirit.
🏆 List of Medalists
🤎 Brown Belt Category
* Male (14 Years and Above): Mg Hnaing Yatu Aung — Gold Medal 🥇
* Male (Under 14 Years): Mg Hein Htet Zan — Bronze Medal 🥉
🟠 Orange Belt Category
* Male (14 Years and Above):
* Mg Wai Phone Hlyan — Gold Medal 🥇
* Mg Yan Naing Aung — Silver Medal 🥈
* Male (Under 14 Years): Mg Lin Pyae Hlyan — Bronze Medal 🥉
🌟 Appreciation and Congratulations
We are immensely proud of all our participating athletes who demonstrated relentless determination, excellent discipline, and gave their absolute best throughout the competition.
Furthermore, we would like to express our heartfelt gratitude to the parents, instructors, and everyone behind the scenes who continuously supported and encouraged us to achieve this success.
To those who did not win medals this time, everyone who tried their hardest today has gained invaluable experience for future triumphs. We commend and praise all of you.

01/08/2026

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများနှင့် Kyokushin Karate အားကစားဝါသနာရှင်များခင်ဗျာ —

လာမည့် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် IKAK Mandalay မန္တလေးတိုင်းဒေသကြီး ခတ ပြိုင်ပွဲသို့ အားကစားသမားများကို အားပေးချီးမြှင့်ကြပါရန် လှိုက်လှဲစွာ ဖိတ်ကြားအပ်ပါသည်။

ကျင်းပပြုလုပ်မည့် မန္တလေးတိုင်းဒေသကြီး ခတ ပြိုင်ပွဲ သည် ပြိုင်ပွဲဝင်အားကစားသမားများအတွက် မိမိတို့၏ လေ့ကျင့်ကြိုးစားမှု၊ ဇွဲလုံ့လနှင့် စိတ်ဓာတ်ခိုင်မာမှုတို့ကို ထုတ်ဖော်ပြသနိုင်မည့် အရေးကြီးသော အခွင့်အရေးတစ်ခု ဖြစ်ပါသည်။
ပြိုင်ပွဲဆိုသည်မှာ အနိုင်အရှုံးကိုသာ တိုင်းတာသည့်နေရာမဟုတ်ဘဲ မိမိကိုယ်ကို ကျော်ဖြတ်နိုင်ခြင်း၊ စည်းကမ်း၊ လေးစားမှု၊ သည်းခံမှုနှင့် မလျှော့သောစိတ်ဓာတ်တို့ကို ဖော်ပြနိုင်သည့် နေရာလည်း ဖြစ်ပါသည်။ ထို့ကြောင့် ပြိုင်ပွဲဝင်အားလုံး မိမိတို့၏ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြသနိုင်ပြီး ကြိုးစားအားထုတ်မှုတိုင်းအတွက် ဂုဏ်ယူနိုင်ကြပါစေ။

ဆုတံဆိပ်များကို ဆွတ်ခူးနိုင်သူများအတွက် ဂုဏ်ယူဝမ်းမြောက်ရသလို၊ ဆုမရရှိခဲ့သော်လည်း အဆုံးထိ အားမလျှော့ဘဲ ယှဉ်ပြိုင်ခဲ့ကြသူတိုင်းသည်လည်း စစ်မှန်သော အောင်နိုင်သူများပင် ဖြစ်ပါသည်။ ယနေ့၏ အတွေ့အကြုံများသည် မနက်ဖြန်၏ အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်များ ဖြစ်လာမည်ဟု ယုံကြည်ပါသည်။

Chan Mya Tharzi Dojo မှ ပြိုင်ပွဲဝင်အားကစားသမားများ၊ နည်းပြဆရာများ၊ ဒိုင်လူကြီးများနှင့် ပွဲဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြသူအားလုံးကို လေးစားဂုဏ်ပြုအပ်ပါသည်။

🏆 ပြိုင်ပွဲဝင်အားလုံး အကောင်းဆုံးယှဉ်ပြိုင်နိုင်ကြပါစေ။
🥇 မျှော်မှန်းထားသော ရလဒ်များ ရရှိပြီး ဆုတံဆိပ်များ ဆွတ်ခူးနိုင်ကြပါစေ။
🥋 Kyokushin စိတ်ဓာတ်အပြည့်ဖြင့် မိမိကိုယ်ကို ကျော်ဖြတ်နိုင်ကြပါစေ။

Osu!!

24/07/2026

🥋 FIRST PRIZE DOJO 🥋

ကရာတေးသင်တန်းသားအသစ်များ လက်ခံနေပါပြီ။

ကိုယ်ခံစွမ်းအားမြှင့်တင်လိုသူ၊ စည်းကမ်းရှိသောဘဝကို တည်ဆောက်လိုသူ၊ မိမိကိုယ်ကို ယုံကြည်မှုရှိလာစေလိုသူများအတွက် Kyokushin Karate သည် အကောင်းဆုံးရွေးချယ်မှုတစ်ခုဖြစ်ပါသည်။

Kyokushin Karate သင်တန်းတွင်
🥋 အခြေခံမှစ၍ စနစ်တကျ သင်ကြားပေးခြင်း
💪 ကိုယ်လက်ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်တိုးတက်စေခြင်း
🛡️ ကိုယ်ခံပညာနှင့် မိမိကိုယ်ကို ကာကွယ်နိုင်စွမ်း ရရှိခြင်း
🔥 စိတ်ဓာတ်ခိုင်မာမှု၊ စည်းကမ်းနှင့် ယုံကြည်မှု တိုးတက်စေခြင်း

📅 သင်တန်းချိန်
စနေ၊ တနင်္ဂနွေ

🕟 ညနေ ၄:၃၀ – ၆:၀၀ အထိ

📍 သင်တန်းနေရာ
110 လမ်း၊ 47 × 48 ကြား၊
ချမ်းမြသာစည်မြို့နယ်၊ မန္တလေး။

📞 ဆက်သွယ်ရန်
09 975 307 346

“သန်မာသောကိုယ်ခန္ဓာ၊ ခိုင်မာသောစိတ်ဓာတ်၊ စည်းကမ်းရှိသောဘဝကို Kyokushin Karate နှင့်အတူ တည်ဆောက်လိုက်ပါ။”

OSU! 🥋

27/06/2026

This isn’t just a sparring session—it’s where resilience is forged. From our youngest belts building confidence to the black belts leading the line, every round on these mats is about testing limits and mastering the full-contact spirit. We don't chase comfort; we chase growth and relentless discipline.




Photos from Chan Mya Tharzi Dojo - Mandalay 's post 18/06/2026

🥋ကျို့ခ်ခုရှင် ကရာတေးမှာ ခါးပတ်အရောင် ဘယ်လောက်ပဲ မြင့်မြင့်၊ ဘယ်လောက်ပဲ တော်တော် 'အတ္တ' ကို နှိမ့်ချပြီး 'ဆိုဂျီ' (Soji) လုပ်ရပါတယ်။ ဒိုဂျိုကို သန့်ရှင်းရေးလုပ်ခြင်းက မိမိရဲ့ စိတ်ဓာတ်ကိုပါ သန့်စင်ရာ ရောက်ပါတယ်

ဒိုဂျိုဆိုသည်မှာ လေ့ကျင့်သူများ ချွေး၊ သွေး၊ မျက်ရည်များ ရင်းနှီးပြီး စိတ်ဓာတ်နှင့် ခန္ဓာကိုယ်ကို တည်ဆောက်ရသည့် မြင့်မြတ်သောနေရာ ဖြစ်သည်။ မိမိတို့ကို ပညာပေးရာ၊ စွမ်းရည်တိုးတက်စေရာ နေရာတစ်ခုကို လေးစားသောအားဖြင့်လည်းကောင်း၊ ဒိုဂျိုအပေါ် ကျေးဇူးသိတတ်သောအားဖြင့်လည်းကောင်း ဆရာ၊ တပည့်၊ စီနီယာ၊ ဂျူနီယာ အားလုံး စုပေါင်းပြီး ကိုယ်တိုင်သန့်ရှင်းရေး လုပ်ကြသည်။

ကျို့ခ်ခုရှင်း၏ အတွေးအခေါ်အရ ကြမ်းပြင်ပေါ်က အညစ်အကြေးများကို သုတ်သင်ခြင်းသည် မိမိစိတ်ထဲတွင် ရှိနေသော အပျင်းဓာတ်၊ မကောင်းသော အတွေးများနှင့် စိတ်ရှုပ်ထွေးမှုများကို ရှင်းလင်းပစ်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ သန့်ရှင်းရေးလုပ်ပြီးသွားချိန်တွင် ဒိုဂျိုတင်မကဘဲ လေ့ကျင့်သူ၏ စိတ်ဓာတ်ပါ ကြည်လင်သန့်ရှင်းသွားသည်ဟု ခံယူကြသည်။

ထို့ကြောင့် ကျို့ခ်ခုရှင်းကရာတေးတွင် ဒိုဂျိုသန့်ရှင်းရေးလုပ်ခြင်းသည် အလုပ်ကြမ်းလုပ်ခြင်း မဟုတ်ဘဲ ဆရာကြီး (Sosai Masutatsu Oyama) ချန်ထားခဲ့သော သည်းခံခြင်း၊ နှိမ့်ချခြင်းနှင့် အစဉ်မပြတ် ကြိုးစားအားထုတ်ခြင်း"ဟူသည့် ကရာတေးစိတ်ဓာတ် (Karate Spirit) ကို လက်တွေ့အကောင်အထည်ဖော်သည့် အရေးကြီးဆုံး ကျင့်စဉ်တစ်ခု ဖြစ်ပါသည်။


#ချမ်းမြသာစည်ကရာတေးသင်တန်း

06/06/2026

သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ လူတစ်ယောက် ဖြစ်ချင်ပါသလား။ 💪🔥

Kyokushin Karate ပညာရပ်ကို စနစ်တကျ သင်ယူဖို့ Chan Mya Tharzi Dojo မှာ သင်တန်းသားသစ်များ ဖိတ်ခေါ်နေပါပြီ။🥋

‼️ကိုယ်ခံပညာ သီးသန့်တင်မကဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ စည်းကမ်းရှိမှုတွေကိုပါ လေ့ကျင့်ပေးမှာဖြစ်ပါတယ်။

လူငယ်၊ လူရွယ် မည်သူမဆို တက်ရောက်နိုင်ပါတယ်။
ရဲရင့်တဲ့ ခြေလှမ်းတစ်လှမ်းကို အတူတူ စတင်လိုက်ရအောင်။ 🥋✨

📞 အသေးစိတ်စုံစမ်းရန် - 09-975307346,09789700720
📍 Chan Mya Tharzi Dojo

31/05/2026

မိမိကိုယ်ကို ကာကွယ်နိုင်ဖို့၊ ကိုယ်လက်ကြံ့ခိုင်ဖို့နဲ့ စည်းကမ်းရှိတဲ့ဘဝပုံစံ တည်ဆောက်ဖို့ Kyokushin Karate ကို ယနေ့ပဲ စတင်လိုက်ပါ။

📢 ယခုဘဲ သင်တန်းအပ်လက်ခံနေပါပြီ

⏰ Class Time
1️⃣ Monday / Wednesday / Friday
ညနေ – 5:15 PM မှ 6:15 PM

2️⃣ Saturday / Sunday
မနက် – 6:30 AM မှ 8:30 AM

📍 သင်တန်းနေရာ
အမှတ် (101A) ၊ 56×57 ကြား
ချမ်းမြသာစည်မြို့နယ် ၊ မန္တလေး

🔥 အသက်အရွယ်မရွေး တက်ရောက်နိုင်ပါသည်
🔥 Beginner များလည်း ကြိုဆိုပါသည်

စည်းကမ်းရှိတဲ့ လူတစ်ယောက် ဖြစ်ဖို့ ဒီနေ့ကစပြီး လေ့ကျင့်လိုက်ပါ



28/05/2026

🥋ချမ်းမြသာစည်ကရာတေးသင်တန်း၏ ဒုတိယအကြိမ်မြောက် ခတ ပြိုင်ပွဲ
၂၃.၅.၂၀၂၆


Photos from Chan Mya Tharzi Dojo - Mandalay 's post 27/05/2026

🥋 IKAK Mandalay Chan Mya Tharzi Dojo ၏ ဒုတိယအကြိမ်မြောက် ခတပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား 🏆

IKAK Mandalay Chan Mya Tharzi Dojo မှ ကြီးမှူးကျင်းပခဲ့သည့် "ဒုတိယအကြိမ်မြောက် ခတပြိုင်ပွဲ" တွင် ထူးချွန်စွာ ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသော မောင်မယ်များအားလုံးကို အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။ 👏

ပြိုင်ပွဲဖြစ်မြောက်ရေးနှင့် ဆုရရှိသူများအား ဆုများကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ပေးအပ်ခဲ့ကြပါသော —
🌟 Sensei Win Ko (IKAK Mandalay State Director)
🌟 Sensei Zaw Min Latt (IKAK Mandalay Chairman)
🌟 Sensei Win Zaw Oo
🌟 ဆရာ အောင်ကျော်ဇင် (First Prize Private School)

ဆရာကြီးများနှင့် ဆရာများအားလုံးကို IKAK Mandalay Chan Mya Tharzi Dojo မိသားစုမှ အစဉ်အမြဲ လေးစားဂါရဝပြုလျက် အထူးပင် ကျေးဇူးတင်ရှိအပ်ပါသည်။ 🙏✨
ဆရာကြီးများ၏ လမ်းညွှန်မှု၊ အားပေးမှုများဖြင့် ကျွန်ုပ်တို့ Dojo မှ ကရာတေးမျိုးဆက်သစ် မောင်မယ်များသည် နောင်အနာဂတ်တွင်လည်း ပိုမိုထူးချွန်ထက်မြက်သော အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြမည်ဖြစ်ကြောင်း ကတိပြုအပ်ပါသည်။
Osu! 🥋🔥



Want your business to be the top-listed Gym/sports Facility in Mandalay?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

Bet 56×57, 101A, Aurora Private High School
Mandalay

Opening Hours

Monday 07:30 - 08:30
Wednesday 07:30 - 08:30
Friday 08:30 - 08:30