4 ရက် 1 လ 2025 အတွက်
မနက် အတန်း 6.30 7.30 ရှိပါတယ်ရှင့်
ONE MORE Zumba Fitness Studio
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ONE MORE Zumba Fitness Studio, Personal trainer, No. 568, Bolatyar Street, Aung Saydana (B), Magway.
ညနေ အတန်းလေး 🤍
ဒီလအတွက် အချိန်ဇယားလေးပါရှင့်.
Tue
Thu
Fri
Sat
Sun အတွက်
မနက် 6 : 30 မှ 7 : 30 ထိ
Wed
Fri
Sun အတွက်
ညနေ 5 : 00 မှ 6 : 00 ထိ ပါရှင့်..
28/09/2024
အလှအပကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ တော်တော်များများ ဒီဘက်ခေတ်မှာ ကိုယ်အလေးချိန် ထိန်းသိမ်းမှုကို ပြုလုပ်လာကြပါတယ်။ ဒါဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ တော်တော်လေး ကောင်းတဲ့ အလေ့အကျင့်ပါပဲ။ လူတိုင်းက Gym ကစားရမယ်လို့ ပြောလိုက်တာနဲ့ အလေးတွေ မပြီး ပင်ပင်ပန်းပန်း လုပ်ရမယ်ဆိုပြီး မြင်တတ်ကြပါတယ်။ တကယ်တော့ Gym ကစားတာဟာ ကိုယ်ခန္ဓာကြွက်သားတွေကို သန်စွမ်းဖို့အတွက်သာမက စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူး များစွာ ရှိစေပါတယ်။
ဒီလိုမျိုး Gym မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်နေတဲ့ ပျိုမေတွေကြား ရေပန်းစားလာတဲ့ အားကစားနည်းကတော့ Zumba ပါပဲ။ သူ့ရဲ့ အားသာချက်က အလေးအပင်တွေ မ နေစရာမလိုဘဲ သီချင်းသံစဉ်ရဲ့ စီးချက်အတိုင်း ပျော်ပျော်ပါးပါး ကခုန်လို့ ရတာပါပဲ။ ဒီတော့ လေ့ကျင့်ခန်းလုပ်ရတာလည်း ပျော်ဖို့ ကောင်းလာတယ်။ အသင်းအဖွဲ့နဲ့ ပျော်ပျော်ပါးပါး လုပ်ရတဲ့အတွက် ခင်မင်မှုတွေလည်း တိုးတယ်။ ဒါတွေထက် မိန်းကလေးတိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်အလေးချိန်ကို ကျစေတဲ့အချက်က မိန်းကလေးတွေကြား Zumba လေ့ကျင့်ခန်းကို ရေပန်းစားလာစေတဲ့ အဓိကအားသာချက်ပါပဲ။
Zumba ကစားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ။
၁။ ကယ်လိုရီတွေ၊ အဆီတွေကို လောင်ကျွမ်းစေတယ်။
တခြားလေ့ကျင့်ခန်းတွေလို အချိန်အပိုင်းအခြားနဲ့ ကစားလိုက်၊ နားလိုက် လုပ်နေတာမျိုး မဟုတ်ဘဲ အချိန်အကြာကြီးကို ကခုန်ပြီး လေ့ကျင့်ခန်းလုပ်တာ ဖြစ်လို့ ကိုယ်ခန္ဓာအတွင်းမှာ ရှိနေတဲ့ မကောင်းတဲ့ ကယ်လိုရီတွေ၊ အဆီပိုတွေကို လျင်မြန်စွာ လောင်ကျွမ်းစေတယ်။ ပုံမှန်လူတစ်ယောက်ဟာ Zumba တစ်ချိန်စာ ကစားလိုက်တဲ့အခါ ကယ်လိုရီ ၆၀၀ မှ ၁၀၀၀ ထိ လောင်ကျွမ်းသွားစေနိုင်ပါတယ်။
မြူးကြွတဲ့ သီချင်းတွေ ဖွင့်ပြီး ကစားတာဖြစ်တဲ့အတွက် အင်တိုက်အားတိုက် ကစားရင်တောင် သိပ်ပြီး မောသွားတယ်လို့ မခံစားမိလောက်တဲ့အထိပါပဲ။ ပုံမှန်လေ့ကျင့်ခန်းမှာ လုပ်တဲ့ အကွက်တွေကို Zumba ကစားတဲ့အခါ ပြန်သုံးတော့ လေ့ကျင့်ခန်းနဲ့ အက ၂မျိုးလုံးကနေ အကျိုးကျေးဇူးရစေပါတယ်။
၂။ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို လေ့ကျင့်ပေးနိုင်တယ်။
ပုံမှန်လေ့ကျင့်ခန်းတွေလိုမျိုး တစ်နေရာထဲကို ဦးတည်ပြီး ဆော့ကစားတာမျိုးမဟုတ်ဘဲ ခေါင်းအစ၊ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်သန်မာစေတယ်။ လေ့ကျင့်ခန်းရော၊ အကပါ ပေါင်းစပ်လုပ်ရတာ ဖြစ်တဲ့အတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန် ရောက်အောင် ထိန်းညှိပေးဖို့ ပိုမိုလွယ်ကူတယ်။ ညောင်းညာကိုက်ခဲနေတာတွေကိုလည်း ပြေလျော့စေပြီး တင်းနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။
၃။ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ်။
ချွေးတွေကြားမှာ အချိန်အကြာကြီး ကခုန်နေတဲ့အခါ နှလုံးခုန်နှုန်း ပိုမြန်စေတယ်။ နှလုံးအားကောင်းစေတယ်။ ကိုယ်ခန္ဓာတွင်း သွေးလည်ပတ်မှုနှုန်း ကောင်းစေလို့ ကိုယ်ရော စိတ်ပါ လန်းဆန်းတက်ကြွစေတယ်။ နှလုံးမကောင်းတဲ့သူတွေ၊ အမောမခံနိုင်တဲ့သူတွေအတွက်လည်း အလွန်သင့်လျော်တဲ့ ကစားနည်းဖြစ်ပါတယ်။
၄။ လေ့ကျင့်ခန်း လုပ်ဖို့ စိတ်ပါဝင်စားလာတယ်။
နေ့တိုင်း အလေးမ၊ ပြင်းပြင်းထန်ထန် ညောင်းကိုက်နေအောင် လေ့ကျင့်ခန်းလုပ်နေရရင် ဘယ်သူမဆို Gym ကစားရမှာ ပျင်းလာမှာပါပဲ။ Zumba လေ့ကျင့်ခန်းဟာ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းတွေလို မဟုတ်ဘဲ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။ လူတွေအများကြီးနဲ့ စုပေါင်းလုပ်ရတာ ဖြစ်တဲ့အတွက် တစ်ယောက်တည်း သီးသန့်ဆော့ကစားနေရတာမျိုး မဖြစ်စေတော့ပါဘူး။ ဒါ့အပြင် သီချင်းမြူးမြူးလေးတွေရဲ့ စီးချက်အတိုင်း ကခုန်လှုပ်ရှားနေတာဆိုတော့ တစ်နေ့ တစ်ချိန် မောသွားတဲ့အထိ ကစားပြီးသွားရင်တောင် နောက်နေ့မှာ ထပ်ပြီး ကစားချင်တဲ့အထိ စိတ်ဝင်စားမှု ဖြစ်စေတာက Zumba ရဲ့ လူကြိုက်များရတဲ့ အားသာချက်တွေထဲက တစ်ခုပါပဲ။
၅။ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့် ရတယ်။
ပုံမှန်ကစားနည်းမှာ နည်းပြနဲ့ ၂ယောက်တည်း လုပ်တာမျိုး ရှိသလို ကိုယ်တိုင် တစ်ဦးတည်း သီးသန့် ဆော့ကစားတာမျိုးလည်း ရှိပါတယ်။ Zumba လေ့ကျင့်ခန်းဟာ တစ်ဦးတစ်ယောက်တည်း ကစားရတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းအလိုက် ဆော့ကစားရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ပါတယ်။ ဒီတော့ လူတွေ စုစုရုံးရုံးနဲ့ ပျော်ပျော်ပါးပါး ကစားလို့လည်း ရမယ်။ ခဏနားတဲ့အချိန်မှာလည်း ရေသောက်၊ အမောဖြေရင်း စကားစမြည်ပြောလို့ ရမယ်။ ဒီတော့ ခင်မင်မှုလည်း တိုးစေသလို ပျော်စရာလည်း ပိုကောင်းလာတာပေါ့။
၆။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်။
Zumba ကစားခြင်းဖြင့် ကိုယ်ခန္ဓာကိုလည်း ကျစ်လျစ်သွယ်လျစေပြီး ကိုယ်အလေးချိန်ကို ကျစေတယ်။ ကိုယ်နေဟန်ထားကို မှန်စေတယ်။ သက်လုံကောင်းစေပြီး အမောခံနိုင်ရည် ရှိလာတယ်။ စည်းချက်မှန်မှန် ကစားရတဲ့ လေ့ကျင့်ခန်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဘဝ၊ အလုပ်ခွင်မှာပါ စည်းချက်မှန်မှန်နဲ့ စနစ်တကျ လုပ်တတ်လာမယ်။ စိတ်ပျော်ရွှင်စေပြီး မိမိကိုယ်ကိုယ် ပိုပြီး အကောင်းမြင်လာတယ်။ စိတ်နဲ့ ခန္ဓာ ၂မျိုးလုံး ကျန်းမာနေမှတော့ ဘဝကြီးဟာ နေရထိုင်ရတာ ပိုပြီး အဓိပ္ပာယ်ရှိလာတာပေါ့။
၇။ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။
Zumba ကစားနေတဲ့အချိန်မှာ ကြွက်သားတစ်ခုတည်းသာမက ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့စေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသလိုပဲ Zumba ကစားလိုက်တဲ့အခါ ကိုယ်ခန္ဓာက ဒိုပါမင် ဟော်မုန်း (dopamine) တွေကို အများအပြား ထုတ်လွှတ်ပေးနိုင်တဲ့အတွက် စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။ သီချင်းသံစဉ်အောက်မှာ စီးမြောနေရင်းနဲ့ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ပူပန်စရာအကြောင်းတွေကိုတောင် တွေးနေမိမှာ မဟုတ်တော့ဘူးပေါ့။
Zumba လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် ကျဖို့တစ်ခုတည်းအတွက် မဟုတ်ဘဲ အလှအပနဲ့ ကျန်းမာရေးအတွက်ပါကောင်းကျိုးများစွာ ရှိတယ်ဆိုတာ ဒီအချက်တွေကို ကြည့်ရင်း သိနိုင်မယ်ထင်ပါတယ်။ ဒီတော့ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ Zumbaလေးနဲ့ ကလိုက်ကြစို့နော်။
Hello Guys ညနေ အတန်းရှိတယ်နော်
5:00 Pm
Wednesday Friday Sunday
မနက် 6.30
ည 5 နာရီ အတန်းရှိပါတယ်ရှင့်
Phone ☎️ 09975737400
Address မဲထီးလမ်း Thank ဘီယာဆိုင်အနီး
20/08/2024
Wednesday Friday Sunday 6:30 Am
Wednesday Friday Sunday 5 :00 pm
အတန်းရှိပါတယ်ရှင့် ❤️❤️❤️
အစစအရာရာ ခက်ခဲနေကြတယ်
လူရော စိတ်ရော ပင်ပန်းတဲ့ အချိန်မှာ
ဘာမှ မလုပ်ချင် မကိုင်စိတ်ဖြစ်နေတယ် ဆိုရင်တောင် Zumba လေးတော့ က လိုက်ကြပါ နည်းနည်းလေးဖြစ်ဖြစ်
စိတ်သက်သာရာ ရတော့လဲ အမြတ်ပဲလေနော် ❤️
ဒီနေ့ ညနေ ၅:၀၀ အတန်းလေး
ရှိပါတယ်ရှင့် 🤍
31/07/2024
Wednesday ဒီနေ့ ညနေ အတန်းလေး ရှိပါတယ်ရှင့်
5.00
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Magway
04011