Yahoo Fitness Centre

Yahoo Fitness Centre

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yahoo Fitness Centre, Kyaukse.

Photos from Yahoo Fitness Centre's post 28/11/2018

အခုရက်ပိုင်း Gymကိုလာစုံစမ်းတဲ့သူတိုင်းအမေး
အများဆုံးက တစ်လအတွင်းမှာသိသိသာသာ
ပြောင်းလဲသွားနိုင်သလားတဲ့...
Fitness ကိုစိတ်ဝင်စားလာတာတော့ ကောင်းပါတယ်
ဥပမာ-ဆိုပါစို့
ဆံပင်ကျောလယ်လောက်ရှိတဲ့ရိုးရိုးယဉ်ယဉ်အမျိုးသမီး
တစ်ယောက်ဟာတစ်လအတွင်းမှာဂုတ်ဝဲကေလေးနဲ့
ဟော့ဟော့လေးလန်းနေမယ်ဆိုပါတော့
ဒါဟာတစ်လအတွင်း ရလာတဲ့ဆံပင်လေ...
ဆံပင်အတိုကနေစရမယ့်သူအတွက်ဆိုရင်
အဲ့ဆံပင်ရှည်အောင်ထားရလုပ်ရမယ့်အချိန်တွေရှိပါမယ်
ဒါ တစ်လအတွင်းတော့ဘယ်ဖြစ်နိုင်ပါ့မလဲနော်...
ဒါ့ကြောင့်မို့ ကျွန်မတို့ဟာခန္ဓာကိုယ်ပြောင်းလဲဖို့
ကြိုးစားနေသူတစ်ယောက်ဆိုရင်တော့ အရာအားလုံး
ထက် စိတ်ဓာတ်ခွန်အားပြောင်းလဲဖို့ အဓိကပါနော်...
ကဲ..အချိန်တွေဆွဲမနေနဲ့တော့နော်
စိတ်ဓာတ်အသစ် ကိုယ်ခန္ဓာအသစ်....တခြားအသစ်
အသစ်တွေနဲ့ မကြာခင်ရောက်လာမယ့် 2019 ကို
Happy New Year လို့ကြိုဆိုနိုင်ဖို့ Yahoo!Fitness
ကိုအပြေးလေးသာလာခဲ့လိုက်တော့😘😘😘

04/02/2018

After stop going gym ! Gym သွားတာရပ်​လိုက်​တာနဲ့ ဝ လာမှာလား ?

ကျွန်​​တော်​တို့ ပတ်​ဝန်းကျင်​မှာ ရှိတဲ့ ခန္ဓာကိုယ်​ မှာ အဆီ ပို​တွေနဲ့ ဝ ​နေတဲ့ အမျိုးသား/သမီး ​တွေ ဟာ gym ကစားပြီး ရပ်​လိုက်​တာနဲ့ ပြန်​ပြီး ဝ လာတယ်​ဆိုတဲ့ အသိကို မည်​သူမှ တိုက်​တွန်း စရာမလို ပဲ အလိုလို အသိဥာဏ်​ ထဲ မှာ စွဲမြဲ ​နေကြပါတယ်​။ " ဟုတ်​တယ်​..ကျွန်​မ gym ကစားတုန်းက ဒီ ​လောက်​မဝ ဘူး..ရပ်​လိုက်​​တော့မှ ပိုပြီး ဝ လာတယ်​ " " ဟယ်​ နင်​ gym မကစား နဲ့ ကစားပြီး လို့ ရပ်​လိုက်​တာနဲ့ ဒီ ထက်​ ဝ လာလိမ့်​မယ်​ " စသည်​ဖြင့်​ ​ပြောဆို ​နေတာ အ​တော်​များများ ​တွေ့ ရပါတယ်​။ gym ကစား လိုက်​ရင်​ပဲ ဒီ ထက်​ ဝ လာလိမ့်​မယ်​ လို့ ထင်​မြင်​ယူ ဆ​နေကြပါတယ်​။ ကျွန်​​တော်​ အ​နေနဲ့ က​တော့ မ​ထောက်​ခံပါဘူး။ လုံးဝ ငြင်းဆို ပါရ​စေ။ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ gym ကစားတာ ရပ်​နား ရပါတယ်​။ ဥပမာ...အလုပ်​ချိန်​နဲ့ မကိုက်​လို့ ၊ နာမကျန်း ဖြစ်​လို့၊ ခရီးသွား လို့၊ မအားလို့....စသည်​ဖြင့်​ ရပ်​နားလိုက်​ရပါတယ်​။ အဲဒီ အချိန်​မှာ ပြန်​ပြီး ဝ လာပါတယ်​။ အဓိက က​တော့ gym နားလိုက်​လို့ ဝ လာတာမဟုတ်​ပါ။ မိမိရဲ့ diet ကို မဆင်​ချင်​ လို့ပြန်​​ပြီး ဝ လာတာ လို့ပဲ ​ပြောချင်​ပါတယ်​။ ​ယေဘူယျ ကျကျ ​အောက်​ပါ အချက်​များ နှင့်​ သုံးသပ်​တင်​ပြပါရ​စေ။

# ဇီဝကမ္မ ဖြစ်​စဉ်​ (metabolism) ​နှေးလာခြင်း၊ ကျဆင်းလာခြင်း

ကျွန်​​တော်​တို့ gym ကစားရင်​ metabolism ​ပြောင်းလဲတိုးတက်​လာတာ အားလုံးသိပြီးဖြစ်​ပါတယ်​။ ဇီဝကမ္မ ဖြစ်​စဉ်​ တိုးတက်​လာတာနဲ့ အမျှ အဆီ ပို​တွေ ကို ​လောင်းကျွမ်း​နေပါတယ်​။ gym ကစားတာ ရပ်​လိုက်​တာနဲ့ ဇီဝကမ္မ ဖြစ်​စဉ်​ကျဆင်းလာပါတယ်​။ကျဆင်းလာတာနဲ့ အမျှ အဆီပို ​တွေ ​လောင်​ကျွမ်း မှု လည်းနည်းလာပါတယ်​။စားထားသမျှ အစာထဲ မှာပါတဲ့ kcal ကယ်​လိုရီပမာဏ ဟာ gym ကစားတဲ့ အခါ မှာ စွမ်းအင်​အဖြစ်​​လောင်​ကျွမ်းသွားတယ်​၊ ဇီဝကမ္မ ဖြစ်​စဉ်​ state ​တွေ မှာ​လောင်​ကျွမ်းသွား သလို cardio exeေ​တွ မှာလည်း​ ​​လောင်ကျွမ်းပါတယ်​။ ​gym ရပ်​လိုက်​တာနဲ့ မိမိစားထားသမျှ kcal ​တွေ နဲ့ ခန္ဓာကိုယ်​ မှ အဆီပို fat ​တွေ ဟာ ​မ​လောင်​ကျွမ်းတဲ့ အတွက်​ အဆီ ​တွေအဖြစ်​ပြန်​လည်​စုဖွဲ့ပါတယ်​။အဲဒီ​တော့ အဆီပို​တွေ မစုဖွဲ့​အောင်​ ဘယ်​လို လုပ်​ရမလဲ။ ရှင်းပါတယ်​ အဆီပို​တွေ ဟာ kcal အပို ​တွေ က လာတာဖြစ်​တဲ့ အတွက်​ kcal မပို​အောင်​ diet နဲ့ ထိန်းဖို့ပါပဲ။

# ​အောက်​စီဂျင်​ ပမာဏ နည်းပါလားခြင်း

Gym မှာ အဆီပို ​တွေကို ​လောင်​ကျွမ်းဖို့အတွက်​ weight training နဲ့ cardio ​တွေ ကစားကြပါတယ်​။အဲဒီ လို ကစားကြတဲ့အခါ နှလုံး ကို ပိုမို အလုပ်​လုပ်​​စေပြီး၊ နှလုံး ခုန်​မြန်​​စေပါတယ်​။နှလုံးခုန်းနှုန်း မြန်​လာတာနဲ့ ​အောက်​စီဂျင်​ ကိုပိုမိုလိုအပ်​တဲ့ အတွက်​ အသက်​ရှူ နှုန်း ကို မြင့်​မား​စေပြီး အသက်​မြန်​မြန်​ရှူ ရှိုက်​ရပါတယ်​။ အဲဒီအချိန်​မှာ ​အောက်​စီဂျင်​ ​တွေဟာ ​သွေး​ကြောများထဲထိ ဝင်​​ရောက်​ပြီး အဆီ ပို​တွေ ကို ​လောင်​ကျွမ်း ပါတယ်​။ gym ကစားတာ ရပ်​လိုက်​တာနဲ့ ခန္ဓာကိုယ်​ ထဲ မှာ ​အောက်​စီဂျင်​ ပမာဏ volume ဟာ​လျော့နည်းလာပါတယ်​။ ​အောက်​စီဂျင်​ ပမာဏ ကို ပုံမှန်​ထက်​ပို ရဖို့ gym ရပ်​နားထားတဲ့ အချိန်​မှာ ကိုယ်​လက်​လှုပ်​ရှား exe ​လေး​တွေ ​တော့ လုပ်​​ပေးဖို့ လိုအပ်​ပါတယ်​။

# kcal ကယ်​လိုရီ အဝင်​ နှင့်​ အသုံးပြု လိုက်​တဲ့ kcal မျှတ မှု ရှိပါ​စေ

kcal သ​ဘောတရား ကို အားလုံးက သိပြီး ဖြစ်​ပါတယ်​။ kcal ကို တစ်​​နေ့ ၃၀၀၀ စားပြီး အသုံးပြုလိုက်​တဲ့ kcal က ၂၀၀၀ ပဲရှိတယ်​ဆိုရင်​ ပို​နေတဲ့ ၁၀၀၀ က အဆီပို​တွေ အဖြစ်​ စုစည်းပါလိမ့်​မယ်​။ gym ကစားပြီး ရပ်​လိုက်​တာနဲ့ ဘာ​ကြောင့်​ ဝ လာရတာလည်း။ သတိမထားမိတာ​လေးကို တွက်​ပြပါ့မယ်​။ ဝိတ်​ကျ ဖို့၊ တနည်းအားဖြင့်​ အဆီပို ​တွေ ​လောင်​ကျွမ်း ဖို့ gym ကစား​နေစဉ်​မှာ ​လေ့ကျင့်​ခန်း​တွေ လုပ်​​နေတယ်​ဆိုတဲ့ အသိ ​ကြောင့်​ အစားစာ ကို ​လျော့ပြီး စားတတ်​ကြပါတယ်​။ gym မကစား​တော့ဘူး ရပ်​လိုက်​တယ်​ဆိုတာနဲ့ အစားအစာ ကို ​လျော့စားမယ်​ဆိုတဲ့ အသိက ဦး​နှောက်​ ထဲမှာ အလိုလို မရှိ​တော့ပါဘူး။အဲဒီ အချိန်​မှာ အစားအစာ ​တွေ ကို လိုတာထက်​ပိုပြီးစားမိတာကို သတိမမူမိ​တော့တဲ့အတွက်​ ဝလာပါတယ်​။ ဥပမာ..လူတစ်​ဦး ဟာ သူ့ရဲ့ BMR ရယ်​ ​နေ့စဉ်​ လှုပ်​ရှားမှု daily activities ရယ်​အတွက်​ kcal ၁၄၀၀ ပဲလိုအပ်​တယ်​ဆိုပါစို့။ သို့​သော်​သူ အ​နေနဲ့ ၁၆၀၀ kcal ​လောက်​ တစ်​​နေ့ကို စား​နေရင်​ ၂၀၀ kcal ပို​နေပါတယ်​။ ၂၀၀ kcal ဟာ ဘာမှ မ​ပြောပ ​လောက်​ပါဘူး။ ငှက်​​ပျောသီး​လေး ၂ လုံး ပိုစားမိလို့၊ ကိတ်​မှုန့်​ ၂ ချပ်​​လေး ပိုစားမိလို့၊ အာလူး​ကြော်​​လေး ၁ ထုပ်​ ပိုစားမိလို့၊ ​ကော်​ဖီ ၂ ခွက်​ပို​သောက်​မိလို့ ဘာမှ မဖြစ်​လောက်​ပါဘူးလို့ယူဆ​နေမိတတ်​ပါတယ်​။ အဲဒီ တစ်​ခု စီ မှာ ၂၀၀ kcal အထက်​မှာရှိပါတယ်​။ တစ်​​နေ့ တည်းမသိသာ​ပေမဲ့ ၊ တစ်​ပတ်​၊ တစ်​လ ကြာလာရင်​ တစ်​​နေ့ချင်းစီ မှာ ပိုသွားတယ်​ kcal က အများကြီးဖြစ်​သွားပြီး အဆီ​တွေ အဖြစ်​စုသွား​တော့တာပါပဲ။သေချာပါတယ်​ ၂ လ​လောက်​ကြာလာရင်​ ဝိတ်​တက်​ပြီး ဝ လာပါတယ်​။ဒါဟာ kcal ၂၀၀ ​လောက်​ပဲ ပိုစားမိတဲ့သူကို​ပြောတာပါ။ ဒီထက်​ပိုစားမိတဲ့ kcal တစ်​​နေ့ကို ၅၀၀-၁၀၀၀ ဆို ရင်​​တော့ ဆိုဖွယ်​ရာမရှိပါ။

# gym မကစားပဲနဲ့ diet only ​ပဲ တစ်​​နေ့ကို ၅၀၀ kacl ​လျော့စားရင်​​တောင်​ တစ်​ပတ်​မှာ ၁ ​ပေါင်​ကျတဲ့ အတွက်​ ၃ လ ​ကြာရင်​ ၁၂ ​ပေါင်​ခန့်​ ဝိတ်​ကျပါတယ်​။အဲဒီ​တော့ gym ရပ်​လိုက်​တာနဲ့ ဝိတ်​တက်​လာတယ်​ ဆိုတာ ဘယ်​လိုမှ သက်​ဆိုင်​မှုမရှိပါဘူး။ stay in shape ​နေဖို့အတွက်​ဆိုရင်​ kcal ​လျော့စားစရာ​တောင်​မလိုပါဘူး။ စားလိုက်​တဲ့ kcal နဲ့ အသုံးပြုလိုက်​တဲ့ kcal ညီမျှ​နေမယ်​ဆိုရင်​ ဝိတ်​လည်းမတက်​ ၊ ဝိတ်​လည်းမကျပါဘူး။ အဓိက အ​နေနဲ့ က​တော့ junk food ​တွေဖြစ်​တဲ့ အာလူး​ကြော်​၊ ပီဇာ၊ ဘာဂါ၊ အဆီအစိမ့်​​တွေ ကို​တော့ ကို့ရဲ့ ရန်​သူတစ်​​ယောက်​လို အမြဲတမ်း သတိမပြတ်​ ​စောင့်​ကြည့်​ပြီး ​ရှောင်​ကျဉ်​ရပါမယ်​။သကြား နဲ့ ဆား ကိုလည်း ​လျော့ပြီး စားရပါမယ်​။ carbohydrate ကို ​လျော့ စားသင့်​တယ်​ ဆို​ပေမဲ့ complex carbohydrate ကို​တော့ သင့်​တင့်​စွာ စားသုံးနိုင်​ပါတယ်​။ protein ကိုလည်းသင့်​တင့်​စားစား​ပေးနိုင်​ပါတယ်​။ အသီးအရွက်​ကို ပိုမိုစားသုံး​ပေးရင်​သင့်​​တော်​ပါတယ်​။ ​ရေ ကို​တော့ လုံ​လောက်​စွာ ​သောက်​သုံး​ပေးရပါ့မယ်​။
အဓိက အကြံ​ပေးချင်​တာက​တော့ gym ရပ်​လိုက်​လို့ ပိုပြီး ဝ လာတာမဟုတ်​ပါဘူး။ မိမိရဲ့ diet ကို မဆင်​ချင်​လို့ သာ ဝ လာတာဖြစ်​ပါတယ်​။ ဒါ​လေးစားလိုက်​လို့ ဘာမှ မဖြစ်​ပါဘူးကွာ ဆိုတဲ့ စိတ်​​ကြောင့်​ ပိုသွားတဲ့ kcal ​တွေ ဟာ လနဲ့ချီ ပြီး အချိန်ကြာ ​လာတာနဲ့ အမျှ အဆီ​တွေ ဖြစ်​လာတယ်​ဆိုတာ သိထားရမှာပါ။ဒါ​ကြောင့်​ မိမိ၏ diet ကသာ အဓိကကျ ​ပါတယ်​။

ကျွန်​​တော်​လည်း fat loss နဲ့ ပတ်​သက်​တဲ့ ​ဆောင်းပါ​တွေ၊စာအုပ်​​တွေ ဖတ်​မိ​တော့ စား​ရေးဆရာ ​တွေဟာ fat loss ကို စတင်​​တော့မယ်​ဆိုရင်​ "​ မင်းတို့ရဲ့ kitchen ကသာ စတင်​ပါ" မင်းရဲ့ kitchen ကသာ အ​ရေးကြီးတာပါ" စသည်​ဖြင့်​​ရေးကြပါတယ်​။တစ်​ချို့ စာ​ရေးဆရာ​တွေ ဆိုရင်​ " kitchen..kitchen..kitchen " ဆိုပြီး​တော့​တောင်​ အသား​ပေးပြီး​ဖော်​ပြကြပါတယ်​။ကျွန်​​တော်​လည်း စဉ်းစားမရဘူးဗျာ။ fat loss အတွက်​ ​လေ့ကျင့်​ခ​န်း​လုပ်​မယ်​ဆိုရင်​ kitchen မီးဖို ခန်းထဲ မှာ ပဲ လုပ်​ရမလို၊ မီးဖို​ချောင်​ မှာပဲ ဘယ်​လီ ရိုက်​ရမှာလား စသည်​ဖြင့်​ မည်​သို့မျှ နားမလည်​ပါဘူး။နောက်​​တော့မှ စာအုပ်​​တွေ ဖတ်​တာများလာ​တော့ kitchen ဆိုတာ ကျွန်​​တော်​တို့ရဲ့ အစားအစာ ​(diet) ​တွေ ကို ဖန်​တည်းတဲ့ ​နေရာဖြစ်​လို့ kitchen ကို ဂရုစိုက်​အ​လေးထားပါဆိုတာ diet ကို ရည်​ညွှန်းပြီး တင်​စား​ပြောတာမှန်းသိလာရပါတယ်​။အဲဒါ​ကြောင့်​ ဝိတ်​ကျချင်​လို့ပဲဖြစ်​ဖြစ်​၊ ဝိတ်​မတက်​ပဲ တန့်​​နေချင်​လို့ပဲ ဖြစ်​ဖြစ်​ ကျွန်​​တော်​တို့ရဲ့ kitchen ကသာ အဓိက ကျ လှ​ကြောင်းပါ ခင်​ဗျား...

လေးစားစွာဖြင့်

Photos from Yahoo Fitness Centre's post 25/01/2018

Gymကစားရင်​သိထားသင့်​တဲ့အရာ​လေး​တွေပါ

Yahoo! Fitness Centre (Kse)

Photos from Yahoo Fitness Centre's post 24/01/2018

အရပ်ရှည်ချင်ပေမယ့်🕺
"မျိုးရိုးက အရပ်မရှည်ဘူး😔
ငါ့အသက်က ၂၀ ကျော်နေပါပြီ"😒
ဆိုသူတွေအတွက် လေ့ကျင့်ခန်းလုပ်ရင်း🚴
အရပ်ရှည်နိုင်ပါတယ် နောက်ပြီးအရပ်ရှည်စေတဲ့
🥗အစားအစာတွေများများ ရွေးစားလိုက်မယ်ဆိုရင် 💆
လိုချင်တဲ့ အရပ်လေးရှည်ပြီး ပိုလို့လှပလာမှာပေါ့ 😘

အသေးစိတ်ကို ပုံနဲ့ တကွဖော်ပြထားတယ်နော် 😘😍
Yahoo! Fitness Centre (Kse)

Photos from Yahoo Fitness Centre's post 17/01/2018

Yahoo! Fitness Centre 
ကျောက်​ဆည်​မြို့ ​ညောင်​​ခြောက်​ပင်​တံတားထိပ်​...

Photos from Yahoo Fitness Centre's post 12/10/2017

☘️sisတို့ရေ...
ရေသောက်ခြင်းဟာကျန်းမာရေးအတွက်လွန်စွာမှအထောက်အကူပြုပါတယ်။ရေသောက်ခြင်းကြောင့်ရနိုင်တဲ့အကျိုးကျေးဇူးလေးတွေပြောပြမယ်နော်။

Photos 11/08/2017

🙏မင်္ဂလာပါ🙏

🏃‍♀️ပိန်ဖို့သက်သက်ဘဲ ရည်ရွယ်ချက်မထားသင့်ပါဘူး။
ပိန်ပေမယ့် ဗိုက်မှာအဆီတွေရှိနေရင်လည်း
ကျန်းမာရေးနဲ့ မညီညွတ်ပါ။
ပိန်ဖို့ထက်ကျန်းမာကြံ့ခိုင်ဖို့ရည်ရွယ်ချက်ထားသင့်ပါတယ်🏃‍♀️
Yahoo! Fitness Centre

Photos 09/08/2017

🙏မင်္ဂလာပါ🙏

👯ဝိတ်ကျပြီး အရင်ကထက်ပိုကျန်းမာလာချင်ရင်တော့
နေပုံထိုင်ပုံ ကိုအရင်ဆုံးပြောင်းပေးမှဖြစ်ပါမယ်။
အသောက်အစားနဲ့ အစားအသောက် အကုန်ကို
ပြောင်းပေးမှ ဖြစ်ပါမယ်👯

Yahoo! Fitness Centre

Photos from Yahoo Fitness Centre's post 28/01/2016

...အပြေးလေ့ကျင့်ခန်း...

နေ့စဉ်အပြေးလေ့ကျင့်ခန်းကြောင့်ရရှိနိုင်သောအကျိုးကျေးဇူးများမှာ
၁။ စိတ်ဖိစီးမှုများကိုလျော့ချပေးနိုင်ခြင်း
၂။ ကောင်းမွန်စွာအိပ်စက်နိုင်ခြင်း
၃။ နှလုံးကျန်းမာရေးပိုမိုကောင်းမွန်စေခြင်း
၎။ ကိုယ်ခံအားပိုမိုကောင်းမွန်လာခြင်း
၅။ အသက်ရှူရှိုက်မှုပိုမိုကောင်းမွန်လာခြင်း
၆။ မလိုအပ်သောအဆီပိုများကိုလျှော့ချပေးနိုင်ခြင်း
၇။ နုပျိုအသက်ရှည်စေခြင်း
၈။ အရိုးအဆစ်များပိုမိုခိုင်မာစေခြင်း
၉။အိမ်ထောင်ရေးပိုမိုကောင်းမွန်စေခြင်း
၁၀။ခြေထောက်များကိုပိုမိုကြံ့ခိုင်စေခြင်း
တို့ဖြစ်ပါတယ်ရှင်။

ကျန်းမာပျော်ရွှင်သောဘဝတစ်ခုအတွက်
YAHOO! Fitness Centre ရှိတယ်နော်..

Want your business to be the top-listed Gym/sports Facility in Kyaukse?

Click here to claim your Sponsored Listing.

Location

Website

Address

Kyaukse