26/01/2026
Motor Cycles Service And Trading in Spare Parts
Do you like or unlike, Our Services.
26/01/2026
25/10/2025
Yamaha 3 pin
18/02/2025
29/01/2024
အစုံသုံး
19/01/2024
" ဘဝရဲ့တန်ဖိုးဆိုတာ....???"
ငွေကြေးချမ်းသာသူက....
ဘဝကို ငွေနဲ့ တန်ဖိုး ဖြတ်တတ်ကြတယ်။
အာဏာ ရှိသူက....
ဘဝကို ရာထူး ဂုဏ်ထူးနဲ့
တန်ဖိုး ဖြတ်တတ် ကြတယ်။
ပညာ ထူးချွန်သူက....
ဘဝကို ပညာနဲ့ တန်ဖိုး ဖြတ်တတ်ကြတယ်။
စိတ်ဓာတ် ကောင်းမွန်သူက....
ဘဝကို အကျင့် သိက္ခာနဲ့
တန်ဖိုး ဖြတ်တတ် ကြတယ်။
လိမ်ညာ ယုတ်မာတတ်သူက....
ဘဝကို အနိုင်အရှုံးနဲ့
တန်ဖိုးဖြတ်တတ်ကြတယ်။
လူတွေ အားလုံးကို သေမင်းက
တန်ဖိုး ဖြတ်ကြတဲ့အခါ....
အားလုံးရဲ့ တန် ဖိုး ဟာ
တန်းတူ ဖြစ်သွားကြတယ်။
နောင်သံသရာက တန်ဖိုးဖြတ်တဲ့အခါ
ကိုယ်လုပ်ခဲ့တာ ကိုယ်ပြန်ခံကြစတမ်းဆိုတဲ့
ကုသိုလ် အကုသိုလ်က
တန်ဖိုးဖြတ်ပါလိမ့်မယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုလည်း
ကောင်းတယ်လို့ မပြောဘူး။
သူများကိုလည်း မကောင်းဘူးလို့ မပြောဘူး။
သူမကောင်းတာ
သူနဲ့တိုက်ရိုက် သက်ဆိုင်ပါတယ်။
ကိုယ်မကောင်းတာက ကိုယ်နဲ့
တိုက်ရိုက် သက်ဆိုင်ပါတယ်။
အသက်ရှင် ရပ်တည်တဲ့အချိန်
အပြုံးကို ဆောင်မယ်
အမုန်းကို ရှောင်မယ်
ကိုယ်ချင်းစာစိတ်ကို လက်ကိုင်ထားမယ်။
ခွင့်လွှတ်ခြင်း ဆိုတာကို
အသုံးပြုတတ်မယ်ဆိုရင်
လူ့ဘဝကို တန်ဖိုးရှိစွာ
ရပ်တည်နိုင်ကြပြီပေါ့။
"ချစ်ခြင်းအားဖြင့်လေးစားလျက်"
ညီသုတ
16/12/2023
#ကျနော်ဆိုင်ကယ်ကိုပြောတာပါနော်
ဆိုင်ကယ်စျေးကွက်က
ဒီလိုရှိတယ်ဗျ....
Honda အပါအဝင် ယိုးဒယားပါကင်ဘီးသစ်တွေက
၂၀ အောက်ကောင်မလေးချောချောလေးတွေလိုပဲ စျေးတအားမြင့်ပြီး အနားကပ်ဖို့မလွယ် လွယ်တဲ့သူတွေကျတော့လည်း အသက် ၁၈ မပြည့်သေးတော့ (လိုင်စင်မရှိတော့)
နေရာတိုင်းသွားလို့မရ အပိုင်လို့သတ်မှတ်လို့မရဘူးပေါ့
2018-19-20 မော်ဒယ်နိမ့်ပါကင်လက်ကျန်တွေကျတော့
အဲ 20 နဲ့ 25 ကြားက ကောင်မလေးတွေလိုပဲ
မတိမ်းမယိမ်း အသစ်စျေးနဲ့မကွာဘူး ကြားထဲ လိုင်စင်က ယ မြင့်ရင်မြင့်သလောက် ချောရင်ချောသလောက် အတော်လိုက်ရတယ် ပါကင်စစ်ဖို့ကတော့အတော်ရှာရခက်တာပေါ့ ကီလိုပါးပါးလေး ရာဂဏန်းကနေထောင်ဂဏန်းတော့ရှိမယ်
ဆိုင်ကယ်ကိုပြောတာနော် 😁😁 (လက်ရှိ စျေးကွက်ထဲ 84W အမြင့်ဆုံးပါ)
တစ်လက်ကိုင် အိမ်စီးဘီးတွေကျတော့
30 ဝန်းကျင် မိန်းကလေးတွေလိုပဲ ဘီးကြောအတော်ကျန်သေးတယ် ရှေ့လူဂရုစိုက်ခဲ့သလောက်လက်ရာမပျက် အိချောပိုလိုအင်ဂျင်ကောင်းကောင်း ကွာလတီကောင်းကောင်းပဲ
စျေးတော့မမေးနဲ့နော် ကြိုက်တဲ့ second ဆိုင်မေး ကီလိုထောင်ဂဏန်းလောက်ဆို သိန်းလေးဆယ်နဲ့အထက်ပဲ လိုင်စင်ကြီးနဲ့ဆိုတော့ ကြ်ိုက်စျေးခေါ်ပြီပေါ့
၂၀၁၀ အောက် အိမ်စီးဘီးတွေကျတော့
၃၀ ကနေ ၃၅ အရွယ်မိန်းကလေးတွေနဲ့သွားတူနေရော
လိုင်းပေါ်မှာပုံမြင်လို့ကြူပြီး ရည်းစားဖြစ် အပြင်မှာသွားဒိတ်သလိုပဲ
သိပ်လည်းအတိအကျပြောလို့မရဘူးနော်
လုလုအောင်လို အလန်းကြီးလည်း ရသွားနိုင်သလို ဂျုံးဂျုံးကျအင်ဂျင်လည်းဖြစ်သွားနိုင်တယ်
၃၅ ကျော်ရင်တော့ ဘာမှမမျှော်လင့်နဲ့တော့ဗျို့ ရွာလမ်း တောလမ်း ကသင်းရိုး နွံ အကုန်ပတ်မောင်းထားတဲ့ဘီးကိုမှ Original ဘာမှမရှိသလောက်ကို စျေးလေးတင်ပြီးရမလားလို့အိုက်တင်ခံရောင်းတဲ့ဘီးတွေလိုပါပဲ
ဝယ်လိုက်တဲ့သူက အပျိုဟိုင်းကြီးလား ကလေးသုံးယောက်အမေလားဆိုပြီးကံစမ်းသလို တစ်လကိုင်ဂျုံးဂျုံးကျလား စက်လုံးဝနိုးမရတော့တဲ့ချောင်ထိုးဘီးလားဆိုတာ ကိုယ့်ဘာသာကြည့်ပေတော့ 😁😁
ဟာသအမြင်လေးနဲ့ဖတ်ပေးကြပါ 😁
31/07/2023
ဘီးကြီး
သီးသန့်ပြုပြင်ရေး
ဆိုရမလားပဲ...🙂
AUTOဘီးပဲ
ပြင်ပါတယ်ဆို
လာအပ်လဲ
အကုန်ပြင်တာပါပဲ ...😁
08/07/2023
ကိုရင်မောင်တစ်ယောက် ကျန်းမာရေးလိုက်စားသည့်
အနေဖြင့်
နေ့စဉ်စက်ဘီးနင်း၏။
သူဘယ်လောက်
နင်းခဲ့ကြောင်းကိုလည်း
ဖေ့ဘွတ်ပေါ် တင်တင်ပြီး
ကြွားလေ့ရှိသည်။
တစ်ရက်တွင်
အနင်းလွန်ပြီး
အိမ်နှင့်အတော်ဝေးသော
နေရာအထိ
ရောက်သွားသဖြင့်
ပြန်လှည့်လာစဉ်...
သူ့ခြေထောက်တွေ
ညောင်းကိုက်သလို
ခံစားလာရပြီး
စက်ဘီးနင်းရန်လည်း
အားမရှိတော့ပေ။
ထိုစဥ်....
"တီ...တီ"
ဘေးနားသို့ ပြိုင်ကားလေးတစ်စီး ထိုးရပ်လာပြီး ကားသမားက ပြုံးရင်းပြောလိုက်သည်။
"ခင်ဗျားကြည့်ရတာ စက်ဘီးနင်းနိုင်တော့မယ့်ပုံ မပေါ်ဘူး...လာ လာ ကျုပ် ကူညီပေးမယ်"
ပြောပြောဆိုဆိုဖြင့် ကားထဲမှ ကြိုးတစ်ချောင်းထုတ်ပြီး ကားနောက်ဖျားနှင့် စက်ဘီးကို ချိတ်ဆက်လိုက်သည်။
"ခင်ဗျား ကြောက်နေမှာစိုးလို့ ကျွန်တော် ရှေ့ကဖြေးဖြေးပဲမောင်းမယ်ဗျာ.....တကယ်လို့ မြန်တယ်ထင်ရင် စက်ဘီးက ဘဲလ်ကိုသာတီးလိုက် ကျွန်တော် အရှိန်လျှော့လိုက်မယ် ဟုတ်ပြီလား"
ကိုရင်မောင် အင်မတန်မှ ဝမ်းသာသွားလေ၏။
ကားသမားက ရှေ့ကဖြေးဖြေးမောင်း၊ သူက နင်းစရာမလိုဘဲ စက်ဘီးဖြင့် နောက်ကလိုက်....အင်မတန်မှ ဇိမ်ကျလေစွ...
ဤသို့ဖြင့် အရာရာအဆင်ပြေပြေဖြင့် အိမ်အပြန်ခရီးဆက်နေစဉ်....
ရုတ်တရက် နောက်ပြိုင်ကားတစ်စီးက သူတို့ကို ကျော်ဖြတ်၍ မောင်းသွားလေသော်....ပြိုင်ကားဆရာလည်း ကိုရင်မောင်ပါလာသည်ကို မေ့သွားပြီး ပြိုင်ကားအချင်းချင်း ပြိုင်မောင်းရန်အတွက် လီဗာနင်းပြီး အရှိန်မြင့်လိုက်လေတော့သည်....
..
..
အဝေးပြေးလမ်းမကြီးအတိုင်း အရှိန်ပြင်းစွာဖြင့် ပြိုင်မောင်းလာသော ကားနှစ်စီးကို အဝေးကမြင်လိုက်ရသဖြင့် ယာဉ်ထိန်ရဲတစ်ဦးက အရှိန်တိုင်းကင်မရာဖြင့် မှတ်တမ်းတင်လိုက်သည့်အခါ....သူ အင်မတန် အံ့သြသွားသည်။
ထို့ကြောင့် ဘေးနားက သူ့အဖော်ကို လှည့်ပြောလိုက်၏...
"အံ့သြစရာပဲကွာ....ပြိုင်ကားနှစ်စီး တစ်နာရီကို မိုင် ၁၂၀ နှုန်းနဲ့ ပြိုင်မောင်းနေတာ...."
မအံ့သြသည့်ဟန်ဖြင့် ကျန်ယာဉ်ထိန်းရဲက
"ဒါများ ဘာထူးဆန်းလဲ....ပြိုင်ကားတွေက ဒီအရှိန်နဲ့ မောင်းနေကျပဲလေ"
"ဟ...ထူးဆန်းတာပေါ့...ပြိုင်ကားတွေရဲ့နောက်ကပ်လျက်မှာ စက်ဘီးတစ်စီးက ဘဲလ်ကို အသားကုန်တီးပြီး ကျော်တက်ဖို့ လမ်းတောင်းနေတာလေ...."
Crd #
#တာဇဲ
27/06/2023
တခြားဟာတွေ
ကျန်သေးတယ်လေ...
😅😅😅
Click here to claim your Sponsored Listing.
Location
Telephone
Website
Address
Kale
Opening Hours
| Monday | 07:00 - 17:00 |
| Tuesday | 07:00 - 17:00 |
| Wednesday | 07:00 - 17:00 |
| Thursday | 07:00 - 17:00 |
| Friday | 07:00 - 17:00 |
| Saturday | 07:00 - 17:00 |
| Sunday | 07:00 - 17:00 |