Biker's Choice _B.C

Biker's Choice _B.C

Share

bike & bike accessories

Photos from Biker's Choice _B.C's post 30/08/2026

မိုးတွင်းသုံးချိန်းဆီရှာနေလား❓

Muc-off C3 ceramic l**e premium wet chain lubricant ကို Biker’s Choiceမှာ ဝယ်လို့ရနေပြီးနော် ❤️

သူ့မှာကထူးခြားချက်လေးတစ်ခုရှိသေးတယ်❗️
ချိန်းဆီဝယ်တာနဲ့ uv torchလေးတစ်ခုပါရမှာနော်
အဲ့ဒီ UV torchလေးနဲ့ ချိန်းကိုမီးထိုးစစ်ဆေးပြီး ချိန်းဆီထည့်ဖို့ လိုမလို တလွယ်တကူသိနိုင်မှာဖြစ်ပါတယ်🤭

အခုလိုမျိုး လက်ရှိရာသီဥတုနဲ့လဲကိုက်ပြီး စိတ်ဝင်စားစရာUV torchလေးပါရဦးမှာဆိုတော့ ချိန်းဆီရှာနေတယ်ဆိုရင် Biker’s Choiceကိုလာခဲ့တော့နော်🙆🏻‍♀️

Biker's Choice _B.Cမှာ ဘီးဝယ်သွားသော bikerများအားလုံးအတွက် Life Time Free လေးတွေရှိတယ်နော်....❗️

အဲ့ဒါတွေကတော့
-Coffee Free ☕
-Chain L**e Free 🛢️
-Cold water Free 💧
-Air pump usage Free ⛽
-Free Roller Riding🚴

ငွေစျေးအတက်အကျအလိုက် စျေးနှုန်း အပြောင်းအလဲလေးတွေရှိနိုင်ပါတယ်🚨

Biker's Choice _B.C ရဲ့ ဝန်ဆောင်မှု‌များအနေနဲ့ 💥

🚿စက်ဘီးရေဆေးဆီထိုး(Bike Spa)✨
🛠️ပြုပြင်ထိန်းသိမ်းမှု
🔁အလဲအထပ်များ
💰ပြန်လည်ကောက်ပေးခြင်းများ
🪫အလဲအထပ်နှင့်ပြန်လည်ကောက်ရန်အဆင်မပြေသောဘီးများအား ဆိုင်ပြန်တင်ရောင်းပေးခြင်း ဝန်ဆောင်မှုများလည်း လုပ်ဆောင်ပေးပါတယ်ခင်ဗျာ။

🚍နယ်ဝေး၊Kpay OK.....(0%)
Biker's Choice _B.C

🏠ဆိုင်လိပ်စာ-
ကမ်းနားလမ်း၊အမှတ်(၄)ရပ်ကွက်၊
Hotel Ideaရှေ့၊ဘားအံမြို့။

☎️ /Viber-09791344725

🚫လပြည့်နေ့တိုင်းဆိုင်ပိတ်သည်

Photos from Biker's Choice _B.C's post 27/08/2026

Rollerလေးတွေ ထပ်ရောက်ထားပါတယ်နော်❤️

Photos from Biker's Choice _B.C's post 26/08/2026

🚴Biker's Choice 3rd Anniversary 16km Mtb လမ်းကြမ်းစက်ဘီးပြိုင်ပွဲ🚴 အောင်မြင်စွာကျင်းပပြီးစီးကြောင်းနှင့်
🎈🎈ကျေးဇူးတင်လွှာ🎈🎈

🎈​ကျနော်တို့ Biker's Choice ၏ 3rd Anniversary အဖြစ် ကျင်းပပြုလုပ်ခဲ့သော 16Km MTB လမ်းကြမ်းစက်ဘီးပြိုင်ပွဲကြီးကို စိတ်လှုပ်ရှားဖွယ်ရာများ၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါသည်။

🎈​ထိုသို့ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဘက်ပေါင်းစုံမှ ပါဝင်ကူညီပေးခဲ့ကြသူများအားလုံးကို Biker's Choice မိသားစုမှ လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်

🎈​ပြိုင်ပွဲဝင် အားကစားသမားများ: လမ်းကြောင်းစိန်ခေါ်မှုများကို ကြံ့ကြံ့ခံပြီး အားကစားစိတ်ဓာတ်အပြည့်ဖြင့် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသော စက်ဘီးအားကစားသမားများ၊ စက်ဘီးချစ်သူများ အားလုံးကို အထူးပင် ဂုဏ်ယူကျေးဇူးတင်ရှိပါသည်။

​ 🎈ပြိုင်ပွဲ စည်းစနစ်တကျနှင့် တရားမျှတစွာ ပြီးမြောက်စေရန်အတွက် အပင်ပန်းခံ စီစဉ်ဆောင်ရွက်ပေးခဲ့ကြသော ဒိုင်လူကြီးများနှင့် တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ပါသည်။

🎈​လမ်းကြောင်းနှင့် လုံခြုံရေး ကူညီပေးသူများ: ပြိုင်ပွဲဝင်များ ဘေးကင်းလုံခြုံစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် လမ်းကြောင်းတလျှောက် ကူညီစောင့်ရှောက်ပေးခဲ့ကြသော စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ဝင်များအားလုံးကိုလည်း အသိအမှတ်ပြု ကျေးဇူးတင်ပါသည်။
📸လျှပ်တစ်ပျက် ဧည့်သည်သရုပ်ဆောင်အဖြစ် photo အလန်းလေးတွေရိုက် ကူးပေးသွားသော 📸ကိုစောထွန်း နှင့် 📸ကိုငြိမ်းချမ်းအောင် အားလည်းအထူးကျေးဇူးတင်ရှိပါတယ်ဗျ

🎈​အားပေးသူ ပရိသတ်များနှင့် Biker မိသားစုဝင်များအား
​စက်ဘီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်အတွက် Biker's Choice မှ နောင်တွင်လည်း ရှေ့ဆက်၍ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂတိပြုရင်း ကျေးဇူးတင်လွှာ ရေးသားအပ်ပါသည်။

(🚨ပထမအကြိမ်ပြိုင်ပွဲမို့ လိုအပ်ချက်များ၊လွဲချော်မှုလေးများအတွက် နားလည်ပေးကြတဲ့ Biker မိတ်ဆွေ ညီအစ်ကိုတွေကိုလည်းအထူးပဲကျေးဇူးတင်ရှိပါကြောင်း)

🚴​Biker's Choice မိသားစု🚴

21/08/2026

💥ဇွဲကပင်မြေရဲ့ Mountain Bike လမ်းကြမ်းပွဲ💥

🚵‍♂️🔥 ပြိုင်ပွဲကျင်းပရန် ၂ ရက်သာလိုတော့သည်!

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စက်ဘီးချစ်သူတွေအတွက် စိတ်လှုပ်ရှားဖွယ် လမ်းကြမ်းစိန်ခေါ်မှုကြီး

🏆 Biker’s Choice 3rd Anniversary
Mountain Bike လမ်းကြမ်းပြိုင်ပွဲ

📅 ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်
🗓 တနင်္ဂနွေနေ့
📍 ဘားအံမြို့၊ ကရင်ပြည်နယ်
🏁 ပြိုင်ပွဲအကွာအဝေး — ၁၆ ကီလိုမီတာ
Contact Person : U Paing Soe, +959791344725

ယှဉ်ပြိုင်မည့်အတန်းများ—

👦 အသက် ၁၅ နှစ်အောက်တန်း
🚴 အလွတ်တန်း (Open Class)

စိန်ခေါ်မှုအပြည့်ရှိသော လမ်းကြောင်းတွင်—

🟤 ဗွက်လမ်း — ၄၀%
🟢 မြေသားလမ်း — ၃၀%
⚪ ကျောက်ခင်းလမ်း — ၁၀%
⛰️ ကုန်းတက်လမ်း — ၁၀%
💨 ကုန်းဆင်းလမ်း — ၁၀%

Open Class တွင် အဆင့် (၁) မှ (၁၅) အထိ၊ အသက် ၁၅ နှစ်အောက်တန်းတွင် အဆင့် (၁) မှ (၁၀) အထိ ဆုကြေးငွေများ ချီးမြှင့်မည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းအတိုင်း ပန်းဝင်သူတိုင်းကို Finisher Medal ပေးအပ်သွားမည်ဖြစ်ပါသည်။ 🏅

ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်အားလုံးအတွက် ထမင်းဧည့်ခံကျွေးမွေးမည့် အစီအစဉ်လည်း ပါဝင်ပါသည်။

ကရင်ပြည်နယ်ရဲ့ စက်ဘီးအားကစားစိတ်ဓာတ်ကို အတူတကွ မြှင့်တင်ဖို့ ဘားအံမြို့မှာ ဆုံတွေ့ကြပါစို့။ 🚵‍♀️🚵‍♂️






Photos from Biker's Choice _B.C's post 21/08/2026

💥2026Richter RT 1×12 လေးတွေပြန်ရောက်ပါပြီ💥

💥Alloy frame ကြိုးပျောက် 2026
💥Air fork with lockout
💥 Hollow Crank
💥Shimano Deore Gear (1×12)
💥 Shimano MT200 Oil disc Brake
💥29"Rim set
💥Size (small/medium)
💥Colour (white/dark gray/light gray)
💥Price ...1800000ks

🏠ဆိုင်လိပ်စာ-

ကမ်းနားလမ်း၊အမှတ်(၄)ရပ်ကွက်၊
Hotel Ideaရှေ့၊ဘားအံမြို့။

☎️ /Viber-09791344725

🚫လပြည့်နေ့တိုင်းဆိုင်ပိတ်သည်

Photos from Biker's Choice _B.C's post 20/08/2026

Running ဝါသနာရှင်တွေအတွက် မရှိမဖြစ် Soarfly Running vest ❗️

အပြေးလေ့ကျင့်ချိန် နဲ့ ပြိုင်ပွဲဝင်ချိန်တွေမှာ ဖုန်း/ရေဗူး/Energy gel စတဲ့အရေးကြီးပစ္စည်းတွေကို ပေါ့ပေါ့ပါးပါးနဲ့အလွယ်တကူသယ်ဆောင်ချင်တဲ့သူတွေအတွက် သင့်တော်တဲ့ရွေးချယ်မှုပါပဲ ✅

သက်တောင့်သက်သာနဲ့ စတိုင်ကျကျ လေ့ကျင့်ချင်ရင်တော့ အခုပဲ မှာယူလိုက်တော့နော်




Photos from Biker's Choice _B.C's post 19/08/2026

Cycling ပြိုင်ပွဲဝင်မယ့်သူတွေ/ ခရီးဝေးနင်းတဲ့သူတွေနဲ့ အပြေးပြိုင်ပွဲဝင်ကြမယ့်သူတွေအတွက် energy gelတွေ အစုံရောက်ထားပါပြီးရှင့်

အချိန်ကြာတဲ့လမ်းကြောင်းတစ်ခုမှာ energyပြန်တက်ဖို့ ဗိုက်ဆာလာရင်ဗိုက်ဖြည့်ဖို့အတွက် မုန့်တွေသယ်သွားမှာလား❓

❌မုန့်တွေက သယ်သွားရတာ မလွယ်ကူဘဲနေရာလဲယူ
❌ဗိုက်တင်းအောင်စားမိရင်လဲဗိုက်အောင့်ဦးမှာ
❌နည်းနည်းပဲစားပြန်တော့လဲenergyက တက်မလာဘူးလေ

Energy gelဆိုရင်ရော…?
✅သေးသွယ်ကျစ်လစ်ပြီးသယ်ရလွယ်ကူတယ်
✅ဗိုက်ဆာပြေဖို့အတွက်လဲအဆင်ပြေပြီး
✅energyအလုံလောက်ပါတဲ့အပြင် ခန္ဓာကိုယ်က အလွယ်တကူစုပ်ယူနိုင်တာကြောင့် energy အမြန်ဆုံးပြန်တက်စေနိုင်ပါတယ်

အဲ့တာကြောင့် အဆင်မပြေတဲ့မုန့်တွေကို သယ်နေမယ့်အစား သေးသေးကျစ်ကျစ်နဲ့ထိရောက်တဲ့ energy gelတစ်ထုပ်ဆောင်ထားလိုက်ရင်OKပြီးလေ💁🏻‍♀️

Biker's Choice _B.Cမှာ ဘီးဝယ်သွားသော bikerများအားလုံးအတွက် Life Time Free လေးတွေရှိတယ်နော်....❗️

အဲ့ဒါတွေကတော့
-Coffee Free ☕
-Chain L**e Free 🛢️
-Cold water Free 💧
-Air pump usage Free ⛽
-Free Roller Riding🚴

ငွေစျေးအတက်အကျအလိုက် စျေးနှုန်း အပြောင်းအလဲလေးတွေရှိနိုင်ပါတယ်🚨

Biker's Choice _B.C ရဲ့ ဝန်ဆောင်မှု‌များအနေနဲ့ 💥

🚿စက်ဘီးရေဆေးဆီထိုး(Bike Spa)✨
🛠️ပြုပြင်ထိန်းသိမ်းမှု
🔁အလဲအထပ်များ
💰ပြန်လည်ကောက်ပေးခြင်းများ
🪫အလဲအထပ်နှင့်ပြန်လည်ကောက်ရန်အဆင်မပြေသောဘီးများအား ဆိုင်ပြန်တင်ရောင်းပေးခြင်း ဝန်ဆောင်မှုများလည်း လုပ်ဆောင်ပေးပါတယ်ခင်ဗျာ။

🚍နယ်ဝေး၊Kpay OK.....(0%)
Biker's Choice _B.C

🏠ဆိုင်လိပ်စာ-
ကမ်းနားလမ်း၊အမှတ်(၄)ရပ်ကွက်၊
Hotel Ideaရှေ့၊ဘားအံမြို့။

☎️ /Viber-09791344725

🚫လပြည့်နေ့တိုင်းဆိုင်ပိတ်သည်

Photos from Biker's Choice _B.C's post 12/08/2026

Road bikeအတွက် cleat pedals လိုချင်တယ်…

Quality ပိုင်းစိတ်ချရတာလဲရှာနေတယ်ဆိုရင် Meroca ရှိတယ်လေ…💁🏻‍♀️

Biker's Choice _B.Cမှာ ဘီးဝယ်သွားသော bikerများအားလုံးအတွက် Life Time Free လေးတွေရှိတယ်နော်....❗️

အဲ့ဒါတွေကတော့
-Coffee Free ☕
-Chain L**e Free 🛢️
-Cold water Free 💧
-Air pump usage Free ⛽
-Free Roller Riding🚴

ငွေစျေးအတက်အကျအလိုက် စျေးနှုန်း အပြောင်းအလဲလေးတွေရှိနိုင်ပါတယ်🚨

Biker's Choice _B.C ရဲ့ ဝန်ဆောင်မှု‌များအနေနဲ့ 💥

🚿စက်ဘီးရေဆေးဆီထိုး(Bike Spa)✨
🛠️ပြုပြင်ထိန်းသိမ်းမှု
🔁အလဲအထပ်များ
💰ပြန်လည်ကောက်ပေးခြင်းများ
🪫အလဲအထပ်နှင့်ပြန်လည်ကောက်ရန်အဆင်မပြေသောဘီးများအား ဆိုင်ပြန်တင်ရောင်းပေးခြင်း ဝန်ဆောင်မှုများလည်း လုပ်ဆောင်ပေးပါတယ်ခင်ဗျာ။

🚍နယ်ဝေး၊Kpay OK.....(0%)
Biker's Choice _B.C

🏠ဆိုင်လိပ်စာ-
ကမ်းနားလမ်း၊အမှတ်(၄)ရပ်ကွက်၊
Hotel Ideaရှေ့၊ဘားအံမြို့။

☎️ /Viber-09791344725

🚫လပြည့်နေ့တိုင်းဆိုင်ပိတ်သည်

Photos from Biker's Choice _B.C's post 10/08/2026

🚨မကြာခင် လာမည့် Hpa-An country road run မှာဝင်ပြေးကြမယ့် ဘော်ဒါတွေရှိကြလား 🙋🏻

ဒါဆိုရင်တော့ Biker’s Choiceမှာသတင်းကောင်းလေးရှိပါတယ်ရှင့် 🤭

မင်မင်တို့ဆီမှာ runnerတွေအတွက်ထုတ်ထားတဲ့ soft flask လေးတွေကို ရောင်းပေးနေပါပြီးရှင့်

Soft flask ကိုဘာကြောင့်ဝယ်သင့်တာလဲ❓

✅ပထမဆုံး ပြေးနေတုန်း ရေဆာတဲ့အချိန်မှာ သောက်လို့ရအောင်ရေဗူးတစ်ဗူးတော့လိုတယ်လေ

✅ပြီးတော့ပြေးတဲ့အချိန်မှာ အပေါ့ပါးဆုံးနဲ့သက်တောင့်သက်သာပြေးနိုင်ဖို့ကအရေးကြီးတယ်မလား

❌အဲ့တာကို ရေဗူးထည့်ဖို့ကျောပိုးအိတ်တွေလွယ် ဒါမှမဟုတ် ရေဗူးတွေ ကိုင်ပြီးပြေးမလို့လား

✅Soft flaskလေးကိုဆောင်ထားလိုက်ရင် အလွယ်တကူ ဘောင်းဘီအိတ်/အင်္ကျီအိတ်ထဲမှာထည့်သွားလို့ရတယ်နော်

ရိုးရိုးရေဗူးကိုရောအင်္ကျီအိတ်ထဲထည့်သွားလို့ရတယ်ပဲလို့တွေးနေပြီးလား ❗️

-Soft flaskမှာက Bouncyဖြစ်စေတဲ့ technology ကြောင့် ရိုးရိုးရေဗူးတွေနဲဲ့မတူဘဲ အိတ်ကပ်ထဲထည့်ထားချိန် ခုနေတာ သက်တောင့်သက်သာမဖြစ်စေတာတွေကို ထိထိရောက်ရောက်လျော့ချပြီး ခန္ဓာကိုယ်နဲ့တစ်သားထဲဖြစ်စေမှာပါ

-ရေကုန်သွားရင်လဲ ခေါက်သိမ်းထားလို့ရပြီးရိုးရိုးရေဗူးလိုနေရာလဲမယူတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်တာကိုသက်သာစေတာပေါ့

-တစ်ခါသုံးမဟုတ်ဘဲ အမြဲပြန်သုံးလို့လဲအဆင်ပြေတာကြောင့် အမှိုက်ပွတာကိုသက်သာစေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရာလဲရောက်တယ်နော်

-ပြီးတော့ ရိုးရိုးရေဗူးတွေထက်လဲစတိုင်ကျတယ်လေ

အဲ့တာကြောင့် soft flaskကိုရွေးချယ်တော့မယ်ဆိုရင် မင်မင်တို့ဆီမှာ 250ml/500ml size soft flaskတွေကို ဆိုင်မှာရော onlineကနေရော လာရောက်ဝယ်ယူနိုင်ပါပြီးရှင့်

04/08/2026

ရိုးရိုးpedalကနေ cleat pedal ပြောင်းနေကြတာဘာလို့လဲ⁉️

1.နင်းအားပိုမိုကောင်းမွန်လာခြင်း 🚴🏼‍♂️

-ရိုးရိုးpedalက နင်းချတဲ့အချိန် တွန်းအားတစ်ခုထဲသာဖြစ်ပေါ်ပေမယ့်

-cleat pedal ကတော့ဖိနပ်နဲ့ pedalမြဲနေတဲ့အတွက် တစ်ဖက်ကနင်းချတဲ့အချိန်တွန်းအားရော နောက်တစ်ဖက်ကပြန်ဆွဲတင်တဲ့အချိန် ဆွဲအားမှာပါ အားစိုက်လို့ရတာကြောင့် ကိုယ့်ရဲ့အားစိုက်မှုကိုအပြည့်အဝအသုံးချလို့ရပြီး နင်းအားပိုထွက်စေပါတယ်💁🏻‍♀️

၂။ အရှိန်တိုးလာပြီး စွမ်းအင်လဲသက်သာခြင်း 💪🏻

-ဆွဲအား/တွန်းအား နှစ်ခုလုံးကို အသုံးပြုနိုင်တာကြောင့် အားစိုက်ရတာ သက်သာပြီး အရှိန်ပိုမို ရရှိစေပါတယ်

-ခရီးဝေးစီးသူတွေအတွက်လဲ ကြွက်သားပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးနိုင်ပါတယ်

3.ခြေထောက်position မှန်ကန်ခြင်း✅

-Cleat ကို စနစ်တကျ တပ်ဆင်ပြီးရင် ခြေထောက်ဟာ pedalပေါ်မှာ အမြဲတမ်း အမှန်ကန်ဆုံး အနေအထားမှာပဲ ရှိနေမှာဖြစ်ပါတယ်

-အဲ့တာကြောင့် ဒူးနာခြင်း၊ ခြေကျင်းဝတ် နာကျင်ခြင်းနဲ့ မှားယွင်းတဲ့ ပုံစံကြောင့် ဖြစ်တတ်တဲ့ ဒဏ်ရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

4.ဘေးကင်းမှု 🚨

-စက်ဘီးအရှိန်ပြင်းပြင်းစီးနေချိန် သို့မဟုတ် လမ်းကြမ်းစီးနေချိန်မှာ ခြေထောက် ချော်ထွက်သွားတာမျိုး မရှိတော့ပါဘူး👍🏻

-ဒါပေမယ့် သတိပြုရမှာက Cleat pedal ကို စတင်သုံးစွဲချိန်မှာ စက်ဘီးရပ်ခါနီး ခြေထောက်ကို ဘေးသို့ လှည့်ဖြုတ်ရသည့် အလေ့အထမရှိသေးပါက/လှည့်ဖြုတ်ရန်မေ့ပါက လဲကျနိုင်ပါတယ်‼️

(❗️လမ်းမပေါ်မထွက်ခင် ဖိနပ်တပ်ခြင်း/ဖြုတ်ခြင်းကို ကျွမ်းကျင်အောင် လေ့ကျင့်ထားဖို့ အကြံပေးချင်ပါတယ်ရှင့်❗️)

သွားတဲ့လမ်းကြောင်းတိုင်းမှာ ဘေးကင်းပြီး ပျော်ရွှင်တဲ့ စီးနင်းမှုတွေရနိုင်ကြပါစေရှင့်❤️

Want your business to be the top-listed Gym/sports Facility in Hpa-an?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address

အမှတ်(၄)ရပ်ကွက်၊ကမ်းနားလမ်း၊ဟိုတယ်Idea‌ ရှေ့၊ဘားအံမြို့။
Hpa-an
13021

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00