မြကျွန်းသာ အပန်းဖြေဥယျာဉ်ခြံလေးကို ပိုမိုစိမ်းလန်းသာယာစေရေးအတွက် နှစ်ရှည်ပင်ထိန်းသိမ်းခြင်းနဲ့ မြက်ခင်းပြုပြင်ခြင်း စသည့် ပြင်ဆင်မှုများ လုပ်ဖို့ရာ ဂျူလိုင် ၂၀ ရက်နေ့မှစပြီး ဧည့်သည်အဝင်လက်ခံခြင်းကို ကာလတစ်ခုထိ ရပ်နားထားမှာ ဖြစ်ပါတယ်ရှင်။
မြကျွန်းသာ အပန်းဖြေဥယျာဉ်ခြံ မိသားစု
Mya Kyun Thar Resort
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mya Kyun Thar Resort, Recreation Center, Nga Su Taung Township, Village 5, Hlegu.
May Kyun Thar မှာ
Lake View လှလှနဲ့
သပ်ရပ်သန့်ရှင်းသော ဘန်ဂလိုအကြီး၊ ဘန်ဂလိုအသေးများကို
Day Stay / Overnight Stay အတွက် အဆင်ပြေစွာ တည်းခိုနိုင်ပါပြီ ✨
22/04/2026
အေးချမ်းသာယာတဲ့ကျွန်တော်တို့ရဲ့ မြကျွန်းသာ စိုက်ပျိုးရေး ဥယျာဉ် ခြံ အပန်းဖြေ စခန်းသို့လာရောက်အပန်းဖြေ လေ့လာနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ခင်ဗျား။
🌻🌻 လာရောက် လည်ပတ်သူများ အနေဖြင့် လူတစ်ဦးလျင် ဝင်ကြေး ၃၀၀၀ ကျပ် သာ ကျသင့်ပါမည်။ 🌻🌻
🏕️ဧည့်သည်များ အဆင်ပြေစေရန် အတွက် ဘန်ဂလို အကြီးတစ်ခု နှင့် ဘန်ဂလို အသေးပါ ပြင်ဆင်ထားပါသည်။ လေအေးပေးစက်၊ ရေခဲသေတ္တာ၊ မီးဖိုချောင်ပစ္စည်း အစုံအလင်နှင့် ရေချိုးခန်း၊ အိမ်သာ(ဘိုထိုင်)တို့ ပါရှိ ပါမည်။
* ဘန်ကလို အကြီး တစ်ရက်စာ ငှါးခ - ၈၀၀၀၀ ကျပ်၊
* ဘန်ကလို အကြီး ညအိပ် + နံနက်စာ အပါအဝင် ငှါးခ - ၁၂၀၀၀၀ ကျပ်
* ဘန်ကလို အသေး တစ်ရက်ငှါးခ - ၅၀၀၀၀ ကျပ်
* ဘန်ကလို အသေး ညအိပ် + နံနက်စာ အပါအဝင် ဌါးခ - ၈၀၀၀၀ ကျပ်
🍽 နေ့လည်စာ ကြိုတင်မှာယူလျင် စီစဉ်ပေးပါမည်။ နေ့လည်စားအတွက် ကုန်ကျစရိတ်ကိုတော့ မှာယူသည့်အလျောက် ပေးရပါမည်။
🍃 ရန်ကုန်မြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ စိမ်းလမ်းစိုပြေတဲ့ မြကျွန်းသာ စိုက်ပျိုးရေ ဥယျာဉ်ခြံကလေးမှာ လာရောက်အပမ်းဖြေဖို့ ဖိတ်ခေါ်ပါတယ်။
🍃 တိတ်ဆိတ်အေးချမ်းပြီး အင်းစပ်မှာတည်ရှိတဲ့ အပန်းဖြေဥယျာဉ်ခြံလေးဟာ ရန်ကုန်မှ တစ်နာရီခွဲသာဝေးပြီး မိသားစု သို့ သူငယ်ချင်း မိတ်ဆွေများနှင့် တနေ့တာ အနားယူစိတ်ကြိုက် အပန်းဖြေစရာကောင်းတဲ့ နေရာလေးပါ။
🌳 ဒီခြံလေးက တစ်ရက်ကို မိသားစု တစ်စု နှစ်စု (သို့ ) လူ ၁၀-၁၅ ဦး လောက်ထိပဲ လက်ခံတာကြောင့် တစ်ခြံလုံး လွတ်လွတ်လပ်လပ် အပန်းဖြေ အနားယူနိုင်ပါတယ်။
🚴♀️မနက်(၈)နာရီမှ ညနေ(၅)နာရီထိ ဖွင့်ထားပြီး (၁၉)ဧကကျယ် စိုက်ပျိုးရေးခြံကြီးအတွင်း လမ်းလျောက်၊ စက်ဘီးစီးပြီးသဘာဝအပင်တွေကြားမှာအမှတ်တရဓါတ်ဖမ်း၊ လွတ်လွတ်လပ်လပ် ဂီတာတီး သီချင်းဆိုပြီး လေကောင်းလေသန့် ရှူရင်း လာရောက်အပန်းဖြေဖို့ အရမ်းကောင်းတဲ့ နေရာလေးပါ။
🎣🛶 သာယာသောအင်းစပ်မှာ ငါးမျှားခြင်း၊ လှေစီးခြင်း (Kayak Boat နှင့် Stand up Paddle Boat)၊ စက်ဘီးစီးခြင်း စသည့် activities တို့ကို အခမဲ့ လုပ်နိုင်ပါသည်။
👉လိပ်စာကတော့
မြကျွန်းသာခြံ၊ ငါးဆူတောင်ကျေးရွာ၊ ရွာ ၅
လှည်းကူးမြိုးနယ်
👉 ရန်ကုန်နေပြည်တော် အမြန်လမ်းမှဝင်လျင် (၈)မိုင်(၄)ဖာလုံတွင် ဝင်ရပါမယ်
👉 မနက် ၈ နာရီ မှ ၅ နာရီထိ ဖွင့်ပါသည်
👉 📞Phone - 09266935508, 09697599781 သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
#မြကျွန်းသာ #အပန်းဖြေ #စိမ်းလမ်းစိုပြေ
22/09/2025
17/10/2024
Khin Yee
09/07/2024
ဝသန် မိုးလယ်ကာလချိန်ခါ
ဖြူ နီ ဝါ ပြာ ကြာမျိုးစုံဖြင့်စိမ်းလန်းစိုပြေနေသော မြကျွန်းသာ
ရင်ကိုအေးမြစေတဲ့ မြကျွန်းသာ
လန်းဆန်းတက်ကြွစေတဲ့ မြကျွန်းသာ
မြို့ပြရဲ့ဘ၀အမောတွေကိုပြေပျောက်စေတဲ့ မြကျွန်းသာ
တိတ်ဆိတ်ခြင်းနဲ့အတူ နံနက်ချိန်ခါ ကျေးဌက်သာလိကာ သဘာဝတေးသံသာများကိုခံစားရစေတဲ့ မြကျွန်းသာ
ရေခိုးရေငွေ့ တွေနဲ့အတူ မိုးရေစက်လေးများနဲ့စိမ်းစိုးနေတဲ့မြကျွန်းသာ
ရန်ကုန်မြို့ နဲ့ အနီးဆုံးလှည်းကူးမြို့နယ် ငါးဆူတောင်အရပ် ဒေသမှာ တည်ရှိနေတဲ့ မြကျွန်းသာ
လာရောက်အပန်းဖြေအနားယူနိုင်စေရန် သတင်းကောင်းပါးအပ်တယ်။
ဆက်သွယ်ရန် - ၀၉ ၂၆၆ ၉၃၅ ၅၀၈
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
Hlegu