03/01/2026
တိုင်းလက်ရွေးစင် ၊ မြို့နယ်လက်ရွေးစင် ဆု အသီးသီးတော့ရရှိခဲ့ပြီ
ဂုဏ်ယူပါတယ်၊ အားပြည့်ပါတယ် ၊ ချောက်မြို့အနေနဲ့ ကြက်တောင်လောက နှစ်၂၀ကျော် ၃၀ နီးပါး ဝေးကွာပြီးသကာလ ပြန်လည်စတင်လည်ပတ်ချိန်မှစပြီး နှစ်စဉ် ဆုအသီးသီးယူလာခဲ့တာ ခုဆို တိုင်းလက်ရွေးစဉ်ထွက်ပေါ်လာခဲ့ပါပြီ
နောင်နှစ်များတွင်လဲ ဒီထက်မကထူးချွန်ထက်မြက်အောင်ဆောင်ယူခဲ့ပါဦးမယ်
27/04/2025
ကမ္ဘာပေါ်မှာ အပူဆုံးမြို့မှာနေပြီးရိုက်တယ်
😆
18/07/2024
1st Milestone of
Chauk Badminton Club(CBC)
Myanmar Badminton Federation (MBF)
ရဲ့ တရားဝင် အသိအမှတ်ပြု မှတ်တမ်း ရရှိခြင်းအတွက် အတိုင်းမသိဂုဏ်ယူဝမ်းသာရပါတယ်
CBC အဖွဲ့သားတွေရဲ့ ကြိုးစားမှုကြောင့် 2နှစ် ပြည့်တဲ့ အချိန်မှာရတဲ့ အမှတ်တရ MBFအသိအမှတ်ပြုလက်မှတ် လေးပါ
ဒီ 2 နှစ်အတွင်းမှာလဲ မကွေး၊ ရေနံချောင်း၊ ပွင့်ဖြူ၊ မင်းဘူး မှ ကြက်တောင် ညီအကိုတွေနဲ့ ကစားရတာတွေလဲ တော်တော်လဲ ခင်ဖို့ကောင်း၊ပျော်ဖို့ကောင်းလဲပါတယ်။ အိမ်ကွင်း ၊ အဝေး ကွင်း အစုံပေါ့ ၊ တကယ့် အမှတ်တရတွေပါဘဲ🥰☺️
နယ်မြို့လေးဖြစ်နေတော့ လိုအပ်ချက်လေးတွေ တတ်နိုင်သလောက်ဖြည့်ရင်း ရုန်းကန်ရင်းနဲ့ နောက်milestone ဖြစ်တဲ့
⭐ကြက်တောင်အခင်း⭐
ရဖို့ကြိုးစားရပါဦးမည်
02/01/2024
လွတ်လပ်ရေးနေ့ အားကစားပွဲ ဆုပေးရန်
အတွက် ဒီနေ့ ကြက်တောင်ကစားပွဲစဉ် ပုံရိပ်များ နှင့် ကစားပွဲ ပါဝင်ယှဉ်ပြိုင်သူစာရင်း