09/06/2026
ကျားမာန် ပရိသတ်ကြီးနဲ့ သင်တန်းသား/သူတို့ရေ... ပျောက်ချက်သားကောင်းနေတာ ကြာသွားလို့ မျှော်နေကြပြီလားခင်ဗျာ... 🐯🥋
ကျွန်တော်တို့ "ကျားမာန်" ကရာတေးသင်တန်းကတော့ ပို့စ်တွေမတင်ဖြစ်ပေမယ့် အားကစားကွင်းထဲမှာတော့ ခြေသံ၊ လက်သံတွေနဲ့ အမြဲအသက်ဝင် လှုပ်ရှားနေဆဲပါပဲ။ ကရာတေးဆိုတာ နေ့စဉ်လေ့ကျင့်မှု အဆက်မပြတ်ဖို့ လိုအပ်တာမို့ သင်တန်းသားတွေ အားလုံးလည်း ကိုယ်ခန္ဓာကြံ့ခိုင်မှုရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ပိုမိုထက်မြက်အောင် ကြိုးစားလေ့ကျင့်နေကြပါတယ်။
"ကရာတေးပညာဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့တင်မကဘဲ စည်းကမ်းရှိမှု၊ သည်းခံနိုင်မှုနဲ့ ရဲရင့်မှုကိုပါ တည်ဆောက်ပေးတာ ဖြစ်ပါတယ်
✨ သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားသူများအတွက် -
အပ်နှံနိုင်သည့်အသက်အရွယ် - ကလေး/လူငယ်/လူကြီး (ကျား၊ မ မရွေး)
သင်ကြားပေးမည့်အရာများ - ကရာတေး အခြေခံပညာရပ်များ၊ မိမိကိုယ်ကို ခုခံကာကွယ်နည်းများ၊ ကိုယ်လက်ကြံ့ခိုင်ရေး။
သင်တန်းအချိန်နဲ့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် [ 09-951010416 ] သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။
#ပဲခူးကျားမာန်ကရာတေး #ကိုယ်ခံပညာ