EFC Extreme Fitness Center

EFC Extreme Fitness Center

Share

Let's Get Fit. The Only Bad Workout is the one that didn't happen.

21/05/2026
21/05/2026

EFC Fan ​တွေအတွက် Sparring ​လေ့ကျင့်စမ်းသပ်မှု ၂ ပွဲတင်​ပေးလိုက်ပါတယ်
တပွဲမှာ ဝတုတ်​လေးက guard လုံ​​အောင်ကာထားတယ်
Jab + cross
Hook
Uppercut စုံ​အောင်ထွက်တယ်
Perry လုပ်တယ်
Foot work မမှန်​သေး​ပေမယ့် ​တော်​တော်​ကောင်းတယ်

ဒုတိယက​လေးက ​လေ့ကျင့်မှုနဲ့ အ​တွေ့အကြုံလို​သေးတယ်
ထိုးပြီးတာနဲ့ လှည့်မကြည့်ဘူး ​ကျော​ပေး​ပြေးထွက်တယ်
guard ကာမထားဘူး
ဘာပဲဖြစ်ဖြစ်ပါ ​ဘေးက​ပြောတာလွယ်တယ် ကိုယ်တိုင်လုပ်ရင်ခက်တယ်
Too Err is Human လူဆိုတာ အမှားလုပ်မှာပဲ
And Practicr makes Perfect ​လေ့ကျင့်​လေ ပြည့်စုံ​လေ

Cheer Guys!

EFC Extreme Fitness Center မှာ လာ​ရောက်​ဆော့ကစားချင်တယ် ဆိုရင်​တော့ဖြင့်

Address: No.138, Tha Mein Bayan 2nd Street, Pyin Si Junction, Oakthar Myothit, Bago

Contact Phone: 09 684 968750/ 09 975 157969/ 09 750 554247/ 09 697 093228

Viber: 09 684 968750/ 09 975 157969

Whatsapp: 09 684 968750/ 09 975 157969

Email: [email protected]

Facebook: https://www.facebook.com/profile.php?id=61551213843032

Telegram: t.me/+Um6dUdxOm44YWM1









Extreme Fitness Center

Photos from EFC Extreme Fitness Center's post 27/04/2026

အခု ၅ လပိုင်း ၃၀ ရက်​နေ့ကစလို့
Beginner's Guide to Boxing သင်တန်း​ က​လေး​တွေအတွက်ဖွင့်​ပေးပါ့မယ်
သင်ရိုးက​တော့ ကမ္ဘာမှာ Boxing နဲ့ ပတ်သတ်ရင် နာမည်ကြီးတဲ့ Mexico နယ်စပ်နားမှာရှိတဲ့
San Diego Boxing Academy က သင်ရိုးနဲ့သင်​ပေးမှာပါ

ဘာ​တွေသင်မှာလဲဆို
● Boxing Gear
● Boxer's Stance & Basic Footwork
● Basic Punches
● Basic Combinations
● Whaling on Heavy Bag
● Basic Defense & Counters
● Working Offense with Defense
● Boxer's Workout
● Sparring
● Nutrition Facts
စတဲ့ အ​ခြေခံအချက်​တွေ သင်မှာပါ

ကမ္ဘာမှာ အသက် ၆ နှစ်က​နေစလို့ က​လေး​တွေ Boxing သင်လို့ရတယ်လို့ သတ်မှတ်ထား​ပေမယ့် မင်မင်အတွက်က​တော့ အသက် ၁၂ နှစ်က​နေစလို့ ဝါသနာပါသူ​တွေလာတက်လို့ရပါတယ်

အ​ခြေခံသင်တန်းပဲဖြစ်တဲ့အတွက်
● အချိန်ကာလအားဖြင့် ၁ လကြာမြင့်မှာဖြစ်ပြီး တိုက်ခိုက်​ရေးတခုထဲ မဟုတ်ပဲ ဝိတ်ကျချင်သူ အသက်အရွယ်အရ ကျန်းမာချင်သူ မည်သူမဆို လာ​ရောက်သင်ကြားနိုင်ပါတယ်
● တပတ်မှာ ၄ ရက် သင်ကြား​ပေးမှာဖြစ်ပြီး
သင်ကြားမယ့်ရက်​တွေက Mon to Thurs ဖြစ်ပါတယ်
● သင်ကြားမယ့်အချိန်က​တော့ မနက် 7:00 က​နေ 8:30 ထိ ဖြစ်ပါတယ်
● သင်တန်း​ကြေးက တလ ၄၀၀၀၀ ကျပ်ဖြစ်ပါတယ်

က​လေး​တွေအတွက် အားသာချက်တခုက Boxing တခုပဲ မဟုတ်ပဲ မင်မင်နဲ့အတူ English စာကိုပါ အတူ​လေ့လာနိုင်တာပါ

လာတက်ဖို့ ဘာ​တွေလိုအပ်မလဲဆို Hand Wraps/ Jumping Rope/ Boxing Shoes ​လေး​​တွေ​လောက်​တော့ ရှိရင် အ​ကောင်းဆုံးပါ
မရှိလည်း ဘာမှမဖြစ်ပါဘူး
အနည်းဆုံး ​ဘောင်းဘီတိုတထည်နဲ့ အကျီ်တထည် အပိုရယ် ​ချွေးသုတ်ဖို့ သဘက်တထည်ရယ် ယူလာခဲ့ရင်ရပါတယ်

EFC Opening Hours
Morning : 6am to 11am
Afternoon : 15pm to 20pm

Address: No.138, Tha Mein Bayan 2nd Street, Pyin Si Junction, Oakthar Myothit, Bago

Contact Phone: 09 684 968750/ 09 975 157969

Viber: 09 684 968750/ 09 975 157969

Whatsapp: 09 684 968750/ 09 975 157969

Email: [email protected]













Extreme Fitness Center

27/04/2026

English ဘာသာစကား ​လေ့လာလိုက်စားလိုသူများအတွက် ပညာဒါနတန်းခွဲတခု ​ကြော်ငြာ​ပေးလိုပါတယ်

ဘာ​တွေသင်မှာလဲ?
English Speaking အဂ်လိပ်စကား​ပြောသီးသန့်ပါ

ဘယ်လိုသင်မှာလဲ?
Songs as a Language Tool ဒါမှမဟုတ် Music-Enhanced Language Learning (MELL Method) နဲ့ သီချင်း​တွေနဲ့သင်မှာပါ
အဲ့​တော့ စာသီးသန့်ကျက်​နေစရာမလိုပဲ သီချင်းဆို​နေရင်း စကား​ပြောလည်းရ အဓိပ္ပါယ်​တွေလည်းနားလည်လာမှာပါ
စကား​ပြောကို နှုတ်ထွက်မရဲတဲ့သူ​တွေအတွက် အ​ကောင်းဆုံးသင်တန်းပါ

ဘယ်​လောက်​ပေးရမလဲ?
ပိုက်ဆံတကျပ်တပြား​တောင်​ပေးစရာမလိုပါဘူး ကိုယ်ပိုင်စာအုပ်​လေးတအုပ် ​ဘောပင်တ​ချောင်းနဲ့ကို လာတက်လို့ရပါတယ်

ဘာ​တွေလိုမလဲ?
အခု​ခေတ်ကြီး သင်တန်းလာတက်ကြတဲ့သူ​တွေကြား စာလာသင်သလိုလိုနဲ့ ဖုန်း​တွေပိုက်ဆံအိတ်​တွေ အခိုးခံရမှာကိုကာကွယ်တဲ့​အ​နေနဲ့ ဓါတ်ပုံတပုံ မှတ်ပုံတင်နဲ့ အိမ်​ထောင်စုမိတ္တူတခု​တော့လိုပါမယ်

တပတ်ဘယ်နှရက်သင်မှာလဲ?
တပတ်ကို ​တနလ်ာ အဂ်ါ ၂ ရက်ပါပဲ

ဘယ်အချိန်သင်မှာလဲ?
မနက် ၆ က​နေ ၇ ထိပါပဲ

ဘယ်​နေ့စဖွင့်မှာလဲ?
၄လပိုင်း ၃၀ ရက်​နေ့ပါ

ဘယ်မှာလာသင်ရမလဲ?
Address: No.138, Tha Mein Bayan 2nd Street, Pyin Si Junction, Oakthar Myothit, Bago

ဘယ်လိုဆက်သွယ်ရမလဲ?
Contact Phone: 09 684 968750/ 09 975 157969

Viber: 09 684 968750/ 09 975 157969

Whatsapp: 09 684 968750/ 09 975 1579

10/10/2025

EFC Fan တို့​ရေ မင်မင်တို့စိတ်မ​ကောင်းစွာနဲ့ပဲ ​ကြေငြာရပါဦးမယ်
အခုဆို မုန့်ဟင်းခါးတပွဲ အနည်းဆုံး ၁၅၀၀ က​နေ ၂၀၀၀
​ရေသန့်ဗူးကြီးတဗူး ၁၂၀၀ ဖြစ်​နေပါပြီ
မင်မင်တို့အတတ်နိုင်ဆုံး​ Gym မှာ Member ​တွေအတွက် စျေးမတက်ပဲနဲ့ ကျားကန်နိုင်သ​လောက်ထား​ပေးခဲ့ပါတယ်
ဒါ​ပေမယ့် အခု ၁၀ လပိုင်းအကုန် ၁၁ လပိုင်း ၁ ရက်​နေ့က​နေစပြီး​တော့ Memeber ​တွေ လစဥ်​ကြေးကို ၄၀၀၀၀ သို့ တိုးမြှင့်ရပါ​တော့မယ်
ဒါ​ပေမယ့် စိတ်မပူပါနဲ့ ​အ​ထွေ​ထွေကုန်​စျေးနှုန်း​တွေပြန်ကျလာရင် မင်မင်တို့​စျေးကိုပြန်မချပဲတွက်ကပ်မ​နေပါဘူး အားလုံးအတွက်အဆင်​ပြေ​အောင် ပြန်စီစဥ်​ပေးသွားဖို့ရှိပါတယ်

​နောက်တခုက EFC Fan ​တွေအတွက် ဘဝမှာတန်ဖိုးရှိတဲ့ Professional Career တခုတိုးချင်တယ်ဆိုရင် မင်မင်ပြည်ပပြန်မထွက်ခင်ထိ Wine ​တွေအ​ကြောင်း အခမဲ့လာ​လေ့လာလို့ရပါတယ်
တကယ်လို့ဒီဘာသာရပ်ကို ​ဖြေဆို​အောင်မြင်သွားတယ်ဆို ပြည်ပနိုင်ငံကြီး​တွေမှာ လစဥ်လစာသိန်း ၂၀၀ ​ကျော်ထိရပါတယ်
ပြီး​တော့ မင်မင့်တုန်းက West London Winery School က​နေ သင်တန်း​ကြေး $700 မြန်မာ​ငွေနဲ့ဆို ၂၈ သိန်း​ကျော်​ပေးတက်ခဲ့ရ​ပေမယ့် EFC Fan ​တွေအတွက် အခမဲ့ Knowledge Sharing လုပ်​ပေးသွားမှာပါ
လူ​တွေက အလကားရရင် တန်ဖိုးမထားတတ်ကြတာရယ် ဒီလိုအသက်​မွေးဝမ်း​ကြောင်းမျိုး မြန်မာမှာ​ခေတ်မစားတာရယ်​ကြောင့် တန်ဖိုးရှိလို့ရှိမှန်း မသိတတ်ကြပါဘူး

အခု အခမဲ့မျှ​ဝေ​ပေးသွားတဲ့ သင်ခန်းစာ​တွေကို မိမိဘာသာ​လေ့လာပြီး British Council က​နေ စာ​မေးပွဲသွားဝင်​ဖြေလို့လည်းရပါတယ် အရင်က​တော့အဲ့က​နေ Exam အတွက် Service ​ပေးတာ​တွေရှိပါတယ်
အခု​တော့ မြန်မာမှာ ရ​သေးလားမရ​သေးလား မင်မင်လည်း​သေချာမသိပါဘူး
အခု မင်မင်အခမဲ့မျှ​ဝေ​ပေးသွားမယ့် ဘာသာရပ်​တွေကို မိမိဘာသာသင်တန်း​ကြေးသွင်း သွား​လေ့လာမယ်ဆိုရင်​တောင် အနီးဆုံး Thai နဲ့ India သွားတက်မှရပါမယ်
အနည်းဆုံး ၁၄ နာရီသင်ကြား​ပေးပြီး $750 ယူပါတယ် Thai မှာ
စိတ်ဝင်စားတဲ့သူ​တွေ Level 1 က​​နေ Level 4 အဲ့က​နေမှ Diploma ယူလို့ရပါတယ်

EFC Extreme Fitness Center မှာ လာ​ရောက်​ဆော့ကစားချင်တယ် ဆိုရင်​တော့ဖြင့်

Address: No.138, Tha Mein Bayan 2nd Street, Pyin Si Junction, Oakthar Myothit, Bago

Contact Phone: 09 684 968750/ 09 975 157969/ 09 750 554247/ 09 697 093228

Viber: 09 684 968750/ 09 975 157969

Whatsapp: 09 684 968750/ 09 975 157969

Email: [email protected]

Facebook: https://www.facebook.com/profile.php?id=61551213843032













Extreme Fitness Center

Photos from EFC Extreme Fitness Center's post 19/08/2025

ဒီတခါ​တော့ EFC Fan ​တွေထဲက အချိန်ပို မရှိရှာတဲ့မိခင်​တွေ gym မှာ​ဆော့ချင်​ပေမယ့် ပညာဗဟုသုတအတွက် လုံးပမ်း​နေရတဲ့ လူငယ်တို့အတွက် အကျိုးရှိ​စေမယ့် အ​ကြောင်းအရာ​လေး ​ရေး​ပေးပါရ​စေ

နေ့စဉ်အိမ်အလုပ်များမှ ကယ်လိုရီလောင်ကျွမ်းခြင်း

ကယ်လိုရီလောင်ကျွမ်း ခြင်းဆိုသည်မှာ ခန္ဓာကိုယ်ကနေ စွမ်းအင်ထုတ်သုံးခြင်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေကတော့ စွမ်းအင်များများ ထုတ်သုံးနိုင်အောင် သေချာလေ့ကျင့်တဲ့နည်းပါ။ ဝိတ်ကျချင်တဲ့သူ၊ ကြွက်သားတက်အောင် လေ့ကျင့်ချင်တဲ့သူတွေအတွက် နည်းလမ်းကောင်းများဖြစ်ပါတယ်။ နေ့စဉ်အားကစားများကို ပုံမှန်လေ့ကျင့်ကစား သင့်ပါတယ်။
သာမန်အမျိုးသမီးတစ်ယောက်က မပင်ပန်းတဲ့ အိမ်အလုပ်လုပ်ခြင်းသည် တစ်နာရီ ၁၆၀ ကယ်လိုရီ လောင်ကျွမ်းနိုင်ပါတယ်။
ပေါင် ၁၅၀ရှိတဲ့ လူတစ်ယောက်အတွက်
• တံမြက်စည်းလှည်း (သို့) ကြမ်းတိုက်တာက တစ်မိနစ်ကို ၄ကယ်လိုရီ လောင်ကျွမ်းပါတယ်။
• ဖုန်သုတ်တာကလည်း တစ်မိနစ်ကို ၄ကယ်လီုရီ လောင်ကျွမ်းပါတယ်။
• ထိုင် ဒါမှမဟုတ် ဒူးထောက်ပြီး ကြမ်းတိုက်တဲ့အခါ တစ်မိနစ်ကို၄ ကယ်လိုရီ လောင်ကျွမ်းပါတယ်။
• ၁၀ပေါင်လောက်ရှိတဲ့ ပစ္စည်းကိုမပြီး လှေကားတက်တဲ့အခါ တစ်မိနစ်ကို ၆ကယ်လိုရီလောက် လောင်ကျွမ်းပါတယ်။
• ခြံထဲမှာ အပင်ရေ‌လောင်း၊ ပေါင်းသင်၊ မြက်နှုတ်တာကလည်း တစ်မိနစ်ကို ၅-၇ ကယ်လိုရီလောက် လောင်ကျွမ်းပါတယ်။
• အဝတ်မီးပူတိုက်ခြင်း ၊ ပန်းကန်ဆေးခြင်း၊
အဝတ်လက်ဖြင့်လျှော်ခြင်း၊
ရေချိုးခန်းသန့်ရှင်းလုပ်ခြင်း များသည်
တစ်နာရီလျှင် ၁၀၀ ကယ်လိုရီစီ လောင်ကျွမ်းပါတယ်။

နေ့စဉ်အလုပ်တွေကနေ တတ်နိုင်သမျှ လှုပ်ရှားမှုလုပ်ပါ။ လှုပ်ရှားမှု အနည်းငယ်စီက ကယ်လိုရီနည်းနည်းစီ လောင်ကျွမ်းနေပါက ခန္ဓာကိုယ်ကို ကျန်းမာစေမည် ဖြစ်ပါသည်။

EFC Extreme Fitness Center မှာ လာ​ရောက်​ဆော့ကစားချင်တယ် ဆိုရင်​တော့ဖြင့်

Address: No.138, Tha Mein Bayan 2nd Street, Pyin Si Junction, Oakthar Myothit, Bago

Contact Phone: 09 684 968750/ 09 975 157969/ 09 750 554247/ 09 697 093228

Viber: 09 684 968750/ 09 975 157969

Whatsapp: 09 684 968750/ 09 975 157969

Email: [email protected]

Facebook: https://www.facebook.com/profile.php?id=61551213843032

Telegram: t.me/+Um6dUdxOm44YWM1













Extreme Fitness Center

10/07/2025

EFC Fan တို့​ရေ
လူ​တွေမှာ ပညာရှာတဲ့အရွယ် ကြင်ယာရှာတဲ့အရွယ်နဲ့ တရားရှာတဲ့အရွယ်ရယ်လို့ အရွယ် ၃ ပါးရှိတယ်ဆိုကြပါတယ်
ကြင်ယာရှာတဲ့အရွယ်နဲ့ တရားရှာတဲ့အရွယ်​တွေ​ရောက်လာတဲ့အခါ လူဟာ စိတ်သွားတိုင်းကိုယ်မပါနိုင်​တော့တာ လူတိုင်းမဖြစ်မ​နေကြုံကြရမယ့် အရာ​တွေပါ

ဒါ​ပေမယ့် EFC မှာ ပညာရှာတဲ့အရွယ်ကတည်းက ကံ ဥတု စိတ် ၃ ပါးမျှတပြီး စိတ်​ရောကိုယ်ပါကျန်းမာ​သန်စွမ်းနေ​အောင် ​အ​ခြေခံအုတ်မြစ်ချရင်းလေ့ကျင့်ကြတဲ့ စိတ်တူကိုယ်တူသူငယ်ချင်း​ ​နောက်တစုအတွက် ကြိုဆိုလိုက်ကြရ​အောင်လား

တကယ်လို့ သင်ကိုယ်တိုင် EFC Extreme Fitness Center မှာ လာ​ရောက်​ဆော့ကစားချင်တယ် ဆိုရင်​တော့ဖြင့်

Address: No.138, Tha Mein Bayan 2nd Street, Pyin Si Junction, Oakthar Myothit, Bago

Contact Phone: 09 684 968750/ 09 975 157969/ 09 750 554247/ 09 697 093228

Viber: 09 684 968750/ 09 975 157969

Whatsapp: 09 684 968750/ 09 975 157969

Email: [email protected]

Facebook: https://www.facebook.com/profile.php?id=61551213843032

Telegram: t.me/+Um6dUdxOm44YWM1













Extreme Fitness Center

Photos from EFC Extreme Fitness Center's post 08/07/2025

EFC Fan ​တွေ အားကျဖို့အတွက်

ဘဝမှာစိတ်တူကိုယ်တူသူငယ်ချင်းတ​ယောက်ရဖို့ဆိုတာ အင်မတန်ရှားတယ်မဟုတ်လား!

မနက် ၆ နာရီမထိုးခင်ထဲက Gym ​ရောက်​နေကြတဲ့ အနာဂါတ်ရဲ့ ကြယ်ပွင့်​လေး​တွေ

ဇွဲ​ကောင်းတဲ့သူတို့ထဲ​လေး​တွေက ဘယ်နှ​ယောက်​လောက်များ တ​နေ့ Miss ​တွေ ဖြစ်လာကြမလဲ ဘယ်နှ​ယောက်​လောက်များ မြန်မာပြည် Champion ကြီး​​တွေ ဖြစ်လာကြမလဲ မသိဘူး​နော်

EFC Extreme Fitness Center မှာ လာ​ရောက်​ဆော့ကစားချင်တယ် ဆိုရင်​တော့ဖြင့်

Address: No.138, Tha Mein Bayan 2nd Street, Pyin Si Junction, Oakthar Myothit, Bago

Contact Phone: 09 684 968750/ 09 975 157969/ 09 750 554247/ 09 697 093228

Viber: 09 684 968750/ 09 975 157969

Whatsapp: 09 684 968750/ 09 975 157969

Email: [email protected]

Facebook: https://www.facebook.com/profile.php?id=61551213843032

Telegram: t.me/+Um6dUdxOm44YWM1













Extreme Fitness Center

Photos from EFC Extreme Fitness Center's post 07/07/2025

EFC Fan ​တွေအတွက် Calories အ​ကြောင်းပါးပါး​လေးထပ်ပုတ်ပြီး​တော့ Squat အ​ကြောင်း ပြန်လာ​ပေးပါရ​စေဦး
Squat ဆိုတာ ​အောက်ပိုင်းထိုင်တာ Gym ကစားတဲ့သူတိုင်းသိပြီးသားပဲ ဘာ​တွေထပ်လျှာ​ကြောရှည်ဦးမှာလဲ
ဒါ​လေးပဲသိလို့ ဒါ​လေးပဲ​​​ရေး​နေတာလား အပြစ်တင်မ​စောပါနဲ့ဦး
စိတ်ရှည်ရှည်နဲ့ဆက်ဖတ်ကြည့်လိုက်ပါ

EFC Fan ​တွေကို တ​ယောက်​ယောက်က ငါ့မှာ ဆီးချို​သွေးတိုးရှိတယ်
Squat ထိုင်ရင် ​ကောင်းလား မ​ကောင်းဘူးလား
အန္တရာယ်ရှိလား​မေးလာရင် ဘယ်လိုပြန်​ဖြေမလဲ?

ကဲ ဘယ်လိုပြန်​ဖြေရမလဲ တကယ်​ရောဘာ​တွေအကျိုးရှိတာလဲ သိချင်ရင် စလိုက်ကြရ​အောင်

__________________________________________

အကျိုးကျေးဇူးများသော Squat လေ့ကျင့်ခန်းများ
● Squat လေ့ကျင့်ခန်းများ ကို
• bodyweight squats၊
• weighted squats (barbells၊ dumbbells သို့မဟုတ် kettlebells) နဲ့
• machine squats ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် အမျိုးအစားခွဲနိုင်ပါတယ်

Bodyweight squats များတွင်
• အခြေခံ squats
• Prisoner squats နှင့်
• Cossack squats စသည်စသည်တို့တို့ ပါဝင်ကြပါတယ်

ကိုယ်အလေးချိန်ဖြင့်ချထိုင်ခြင်းများသည်
• ရှေ့အားပြုထိုင်ခြင်း
• နောက်ကျော နှင့် Core အားပြုထိုင်ခြင်း၊
• goblet squats နှင့်
• overhead squats
ကဲ့သို့သော ကွဲပြားသည့်နည်းများကို ​ရွေးချယ်နိုင်ပါတယ်

စက်ထိုင်ထခြင်းများသည်
• Smith စက်များ သို့မဟုတ်
• Hack squat machines စက်ပစ္စည်းများကို အသုံးပြုနိုင်ပါတယ်

ထို့အပြင်၊
• single-leg squats
• ဘူလ်ဂေးရီးယားခွဲခြမ်း squats နှင့်
• pistol squats နှင့်
• explosive squats ( jump squats ကဲ့သို့)များစွာ ရှိပါတယ်

Squat လေ့ကျင့်ခန်းများသည် အလုံးစုံကြံ့ခိုင်မှုနှင့် အလွန်ထိရောက်သော အထူးသဖြင့် ခန္ဓာကိုယ်အောက်ပိုင်း အတွက် လေ့ကျင့်ခန်းဖြစ်သည့် အပြင် • core အား တည်ဆောက်ခြင်း၊
• ပျော့ပျောင်းမှုနှင့် ရွေ့လျားနိုင်မှုကို တိုးမြင့်စေခြင်းနှင့်
• ဟန်ချက်ညီခြင်းနှင့် ကိုယ်ဟန်အနေအထားကို တိုးတက်စေခြင်းအပါအဝင် ရုပ်ပိုင်းဆိုင်ရာအကျိုးကျေးဇူးများစွာကို ပေးဆောင်ပါတယ်

Squats လေ့ကျင့်ခန်းသည်
• ထိခိုက်ဒဏ်ရာရခြင်းကို ကာကွယ်ခြင်း၊
• အဆစ်အမြစ်ကျန်းမာရေးနှင့် ကယ်လိုရီလောင်ကျွမ်းမှုကို မြှင့်တင်ပေးခြင်း၊
• ကိုယ်အလေးချိန် ထိန်းညှိရာတွင် အထောက်အကူဖြစ်စေတဲ့အပြင် အခြားအားကစားနည်းများအတွက်လည်း အ​ထောက်အကူဖြစ်​စေပါတယ်

Squat လေ့ကျင့်ခန်းများသည် ကိုယ်အလေးချိန်လျှော့ချရန်အတွက် ထိရောက်သောလေ့ကျင့်ခန်း တစ်ခုဖြစ်သည့် ကြွက်သားအုပ်စုများစွာကိုအလုပ်လုပ်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုနှင့် ဇီဝ ဖြစ် ပျက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်
ကိုယ်အလေးချိန် လျော့ကျစေရန်အတွက် Squat တစ်ရာ ပုံမှန်ကစား သူသည် တစ်နာရီ ကယ်လိုရီ ၁၀၀၀ ကျော်အထိ လောင်ကျွမ်းစေနိုင်ကြောင်းသုတေသန များ ရှိပါသည်။
ထို့အပြင် ခြေသလုံးကြွက်သား၊ တင်ပါး၊ ပေါင် နှင့် ပေါင်အတွင်း ကြွက်သား များ ကြံခိုင်သန်စွမ်းစေပါသည့် အပြင် သက်လုံအားပိုမိုမြှင့်တင်ပေးပါသည်။

Squats လုပ်ခြင်း၏ အဓိက အကျိုးကျေးဇူးများမှာ---
Squats သည် ကြွက်သားတည်ဆောက်ရာတွင် အထောက်အကူဖြစ်စေသည်။ ...
Squats သည် ကယ်လိုရီများကို အမြန်လောင်ကျွမ်းစေပါသည်။ ...
Squats သည် Flexibility ကိုတိုးတက်စေရန်ကူညီသည်။ ...
Squats သည် ရွေ့လျားမှုနှင့် ဟန်ချက်ညီမှုကို အထောက်အကူဖြစ်စေသည်။ ...
ထိုင်ထလုပ်ခြင်းက အဆုတ်နဲ့ နှလုံးကို အားကောင်းစေပါတယ်။ ...
မှန်ကန်သောပုံစံဖြင့် ထိုင်ထSquats သည် အရိုးအဆစ်များကို အရိုးတွေကို သန်မာစေတယ်။
***ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ရန် မှန်ကန်သောနည်းလမ်းဖြင့် ထိုင်ထလုပ်ပါ။ ပုံစံမမှန်ကန်ပါက အချိန်ကြာလာသည်နှင့်အမျှ ဒူးနာခြင်း၊ ခါးနာခြင်း၊ အထူးသဖြင့် ကိုယ်အလေးချိန် ပေါင်းထည့်သည့်အခါတွင် ကျောရိုးနှင့် ဒူးများကို ထိခိုက်နိုင်သည်။***

● Squats နှင့် ဆီးချို ၊ သွေးချို
ဆီးချိုဝေဒနာရှင်များအတွက် Squats လေ့ကျင့်ခန်းများသည် (Bodyweight squats၊ goblet squats နှင့် wall squats များ) အဓိကအားဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး အင်ဆူလင် အာရုံခံနိုင်စွမ်းကို မြှင့်တင်ပေးခြင်းဖြင့် ဆီးချိုရောဂါရှိသူများအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ပေးဆောင်ပါသည်။ Squats exercise သည် ဂလူးကို့စ်ကိုလောင်ကျွမ်းစေပြီး ကြွက်သားထုထည်တည်ဆောက်ရန် ကူညီပေးသည့် အထူးသဖြင့် ခန္ဓာကိုယ်အောက်ပိုင်းရှိ အဓိကကြွက်သားအုပ်စုများနှင့် ချိတ်ဆက်ထားပြီး ဆီးချိုရောဂါကို ထိန်းညှိရာတွင် အရေးကြီးပါသည်။
လေ့လာမှုများအရ ဂလူးကို့စ်စားသုံးပြီးနောက် ပြင်းထန်သော၊ အချိန်တို Squats လေ့ကျင့်ခန်းများသည် ဂလူးကို့စ်လျှော့ကျစေသည့် အကျိုးသက်ရောက်မှုရှိကြောင်း အကြံပြု ထားသည်။

ထို့အပြင် ထိုင်ထလုပ်ခြင်းသည် ဝမ်းချုပ်ခြင်းကို ခံစားရသူများအတွက် ပိုမိုလွယ်ကူပြီး ပြီးပြည့်စုံသော ဝမ်းလှုပ်ရှားမှုကို မြှင့်တင်ပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကို ခံစားရသူများအတွက် အကျိုးပြုပါသည်။ ထိုင်ထထိုင်ခြင်းက စအိုဝကို ဖြောင့်စေပြီး ဝမ်းသွားစဉ်အတွင်း တင်းမာမှုကို လျှော့ချပေးနိုင်သည့် ဝမ်းဗိုက်ကြွက်သားများကို ပြေလျော့စေပါသည်။
Squat လေ့ကျင့်ခန်းများ အထူးသဖြင့် wall squats နံရံကပ်ထိုင်ခြင်းများသည် သွေးတိုးရောဂါရှိသူများအတွက် အကျိုးရှိသည့် ထိရောက်သော isometric လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး သွေးပေါင်ချိန်ကို လျော့ကျစေပါသည်။ အဆစ်များ မလှုပ်ရှားဘဲ ကြွက်သားများ ကျုံ့ခြင်း ပါ၀င်သည့် Isometric လေ့ကျင့်ခန်းများသည် systolic နှင့် diastolic သွေးဖိအား နှစ်မျိုးလုံးကို လျှော့ချမှု ရှိကြောင်း တွေ့ရှိရပါသည်။
Squat လေ့ကျင့်ခန်းများ သည် ဆီးချို ၊ သွေးချို ထိန်းညှိပေးခြင်း၊သွေးပေါင်ချိန်လျှော့ကျစေခြင်း၊ ဝမ်းချုပ်ဝေဒနာသက်သာစေခြင်း၊ နှင့် ကယ်လိုရီများစွာလောင်ကျွမ်းစေသော ကျန်းမာရေးကို အထူးကောင်းမွန်စေသော ရိုးရှင်းပြီး ထိရောက်သော လေ့ကျင့်ခန်းတစ်ခုဖြစ်ပါသည်။

ကဲ ဒီ​လောက်ဆို EFC Fan ​တွေ ​ကျေနပ်ကြမယ် ထင်ပါတယ်
EFC Extreme Fitness Center မှာ လာ​ရောက်​ဆော့ကစားချင်တယ် ဆိုရင်​တော့ဖြင့်

Address: No.138, Tha Mein Bayan 2nd Street, Pyin Si Junction, Oakthar Myothit, Bago

Contact Phone: 09 684 968750/ 09 975 157969/ 09 750 554247/ 09 697 093228

Viber: 09 684 968750/ 09 975 157969

Whatsapp: 09 684 968750/ 09 975 157969

Email: [email protected]

Facebook: https://www.facebook.com/profile.php?id=61551213843032













Extreme Fitness Center

Photos from EFC Extreme Fitness Center's post 02/07/2025

EFC Fan ​တွေ Bodybuilding & Fitness နဲ့ဆိုင်တဲ့ Page ​တွေမှာ ကစားနည်း​တွေ
ဘာ​တွေစား ဘယ်လိုစားဘယ်လို​နေဆိုတာ အမြဲလိုလို​တွေ့ရပါလိမ့်မယ်
တကယ့်ထဲထဲဝင်ဝင်နဲ့ ပညာရပ်နဲ့ဆိုင်တဲ့စာ​တွေက​တော့ ​ရေးသားတဲ့သူရှားပါတယ်
ဘာလို့လဲဆို မြန်မာလူမျိုး​​တွေကစာဆိုသုတနဲ့ရသ ၂ မျိုးမှာ ရသစာ​ပေပဲ အဖတ်များတာရယ်
စာဖတ်ပျင်းကြတာရယ်​ကြောင့် ​ရေးတဲ့သူနည်းတာ ဖြစ်​ကောင်းဖြစ်ပါလိမ့်မယ်

EFC page မှာ​တော့ များ​သောအားဖြင့် သုတစာ​ပေ​တွေပဲ အ​ရေးများပါတယ်

ဒီတခါမှာ​တော့ ကယ်လိုရီနဲ့ပတ်သတ်ပြီး အ​မေးများတဲ့ ​မေးခွန်း​လေးတချို့နဲ့ အ​ဖြေ​တွေရယ် သိသင့်တဲ့ ဗဟုသုတ အနည်းငယ်ကို ထပ်​ဆောင်း​ပေးထားတာပါ
ကဲစလိုက်ကြရ​အောင်

__________________________________________

Gym ​ဆော့တဲ့သူ​တွေအများစုက Calories လို့​ပြောလိုက်တာနဲ့ တ​နေ့တာအတွက် ခန္ဓာကိုယ်က လိုအပ်တဲ့စွမ်းအင်ဆိုတာ သိပြီးသားပါ

တခါလာလည်းဒါတခါလာလည်းဒါလို့​တော့ မထင်ပါနဲ့
တခါထဲ အကုန်အများကြီး​ရေးလည်း ဖတ်ရတာ ထုံသွားမှာဆို​တော့ နည်းနည်းချင်းပဲ သွား​ပေးထားတာပါ

● ကယ်လိုရီဆိုတာ
ကယ်လိုရီဆိုတာ ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေတဲ့လောင်စာတွေပါ။ လူ့ခန္ဓာကိုယ်မှာ အမြဲမပြတ်အားပြည့်နေဖို့လိုအပ်နေတာဖြစ်ပြီး လုပ်ဆောင်ချက်တွေဆက်ပြီးလည်ပတ်နိုင်ဖို့ အစားအသောက်တွေကနေရရှိတဲ့ ကယ်လိုရီကို သုံးရပါတယ်။ ဒါ့ကြောင့် ဘာပဲလုပ်လုပ် ကယ်လိုရီကြောင့် လှုပ်ရှားဖို့အားရှိနေတာဆိုတာ သိထားသင့်ပါတယ်။

ကာဗိုဟိုက်ဒရိတ်၊ အဆီဓာတ်တွေနဲ့ ပရိုတင်းတွေက ကယ်လိုရီပါဝင်တဲ့ အာဟာရဓာတ်အမျိုးအစား တွေဖြစ်ပြီး ခန္ဓာကိုယ်အတွက် အဓိကခွန်အားအရင်းအမြစ်တွေဖြစ်ပါတယ်။ ဘယ်အစားအသောက် ကနေပဲရရ ကိုယ်စားလိုက်တဲ့ကယ်လိုရီတွေက ခွန်အားအဖြစ် သို့မဟုတ် ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။
ခွန်အားအဖြစ်မလောင်ကျွမ်းသွားတဲ့ ကယ်လိုရီတွေက ခန္ဓာကိုယ်ထဲမှာ အဆီပိုအဖြစ်ကျန်ရစ်မှာ ဖြစ်လို့ ကယ်လိုရီလွန်ကဲအောင်မစားသုံးဖို့ ဒါမှမဟုတ် ကယ်လိုရီတွေ ပိုပြီးလောင်ကျွမ်းအောင် လှုပ်ရှားမှုပိုလုပ်သင့်ပါတယ်။

● ကယ်လိုရီဘယ်လောက်စားသုံးသင့်သလဲ?
ကိုယ်စားလေ့ရှိတဲ့ အစားအသောက်တွေရဲ့ကယ်လိုရီပါဝင်မှုပမာဏကို သိထားမယ်ဆိုရင် တစ်နေ့တာစားသုံးသင့်တဲ့ အတိုင်းအတာနဲ့ နှိုင်းဆချင့်ချိန်လို့ရနိုင်ပါတယ်။ ကိုယ်အလေးချိန်အတက် အကျအတွက်က ရှင်းပါတယ်။ ကယ်လိုရီစားတာများပြီးလောင်ကျွမ်းတာနည်းရင် ဝိတ်တက်လာမယ်၊ ကယ်လိုရီလျှော့စားပြီး ကိုယ်လက်လှုပ်ရှားမှုနဲ့ပိုလောင်ကျွမ်းစေရင် ဝိတ်ကျမယ်။
■ အမျိုးသမီးတစ်ယောက်ဟာ တစ်နေ့ကို ပျမ်းမျှ ကယ်လိုရီ ၂၀၀၀လောက်စားသုံးဖို့လိုအပ်ပြီး ကယ်လိုရီ ၁၅၀၀ ထက်မကျော်အောင်စားသုံးရင်တစ်ပတ်ကို ကိုယ်အလေးချိန်တစ်ပေါင် ကျနိုင်ပါတယ်။
■ အမျိုးသားတစ်ယောက်ဆို ပျမ်းမျှ ကယ်လိုရီ ၂၅၀၀ လိုအပ်ပြီး ကယ်လိုရီ ၂၀၀၀ ဆို တစ်ပတ်ကို တစ်ပေါင်ကျနိုင်ပါတယ်။

ဒါပေမယ့် အသက်အရွယ်၊ လှုပ်ရှားမှုအနည်းအများ၊ ကယ်လိုရီလောင်ကျွမ်းမှုပမာဏ၊ လက်ရှိကိုယ်အလေးချိန်၊ စတဲ့အချက်တွေက လူတစ်ယောက်နဲ့ တစ်ယောက်မတူညီနိုင်လို့ လိုအပ်တဲ့ ကယ်လိုရီပမာဏလည်း မတူနိုင်ပါဘူး။

● ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီနဲ့ အယ်ကိုဟောတွေမှာ ကယ်လိုရီဘယ်လောက်ပါလဲ
တချို့အစားအစာတွေက ကယ်လိုရီပိုများနေတယ်ဆိုတာ သူတို့မှာပါဝင်တဲ့ macronutrient အာဟာရဓာတ်ပမာဏအပေါ်မှာ မူတည်နေပါတယ်။ အများအားဖြင့် အစားအစာတွေဟာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီဓာတ်တွေပါဝင်ဖွဲ့စည်းထားတာဖြစ်ပြီး အဲဒီဓာတ်တွေတစ်ခုချင်းစီမှာ မတူညီတဲ့ကယ်လိုရီပမာဏတွေပါဝင်နေပါတယ် –
• ကာဗိုဟိုက်ဒရိတ်‌တွေက ၁ ဂရမ်ကို ၄ ကယ်လိုရီ
• ပရိုတင်း ၁ ဂရမ်ကို ၄ ကယ်လိုရီ
• အဆီဓာတ်က ၁ ဂရမ်ကို ၉ ကယ်လိုရီရှိပါတယ်။
• အယ်ကိုဟောကတော့ ၁ ဂရမ်ကို ၇ ကယ်လိုရီရှိတယ်လို့ သိရပါတယ်။

● Empty calories ဆိုတာ
Empty calories ဆိုတာ အာဟာရတန်ဖိုးအရမ်းနည်းပြီး ဝစေတဲ့ သကြားနဲ့ အဆီဓာတ်တွေပဲပါတဲ့ အစားအစာတွေကိုခေါ်တာပါ။
Empty caloriesဖြစ်နေတဲ့ အစားအစာတွေမှာ အမျှင်ဓာတ်၊ အမိုင်နိုအက်စစ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေမပါသလောက် နီးနီးဖြစ်ပါတယ်။
ဥပမာ –
အဆီခဲနဲ့ သကြားထည့်သွင်းပြုလုပ်ထားတဲ့ -ရေခဲမုန့်၊ဒိုးနတ်၊ကွတ်ကီး၊ကိတ်မုန့်
အဆီများတဲ့ဝက်သားနဲ့လုပ်တဲ့စားစရာ-ဟော့ဒေါ့၊ဝက်အူချောင်း၊ချိစ်၊ပီဇာ
အချိုထပ်ကဲထားတဲ့အသီးအချိုရည်-အားဖြည့်အချိုရည်၊ဆိုဒါ
ဒီအစားအသောက်တွေဟာ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်ပြည့်ဝတာမျိုးတွေမပါဘဲ ဝစေပြီး ကျန်းမာရေးဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။
အစားအစာမှာပါတဲ့ label(ကယ်လိုရီပါဝင်မှုဖော်ပြချက်) တွေကိုသေချာဖတ်ပါ။ ကယ်လိုရီတွက် ချက်ပါ။ အားကစားပုံမှန်ပြုလုပ်ခြင်း၊ ကယ်လိုရီမလွန်ကဲအောင် တွက်ချက်ပြီးစားသုံးပါက ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းနိုင်မည် ဖြစ်ပါတယ်လို့ ​ပြောကြားရင်းနဲ့
EFC Extreme Fitness Center မှာ လာ​ရောက်​ဆော့ကစားချင်တယ် ဆိုရင်​တော့ဖြင့်

Address: No.138, Tha Mein Bayan 2nd Street, Pyin Si Junction, Oakthar Myothit, Bago

Contact Phone: 09 684 968750/ 09 975 157969/ 09 750 554247/ 09 697 093228

Viber: 09 684 968750/ 09 975 157969

Whatsapp: 09 684 968750/ 09 975 157969

Email: [email protected]

Facebook: https://www.facebook.com/profile.php?id=61551213843032

Telegram: t.me/+Um6dUdxOm44YWM1













Extreme Fitness Center

Want your business to be the top-listed Gym/sports Facility in Bago?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

No. 138, Thamein Bayan 2nd Street, Pyinsi Junction, Oakthar Myothit
Bago

Opening Hours

Monday 06:00 - 11:00
15:00 - 20:00
Tuesday 06:00 - 11:00
15:00 - 20:00
Wednesday 06:00 - 11:00
15:00 - 20:00
Thursday 06:00 - 11:00
15:00 - 20:00
Friday 06:00 - 11:00
15:00 - 20:00
Saturday 06:00 - 11:00
15:00 - 20:00