PALAW United's

PALAW United's

共有する

PALAW UNITED TOKYO JAPAN / ပုလောဒေသလူငယ်စုပေါင်းဘော်လုံးအသင်း 🔥⚽💪🏻

20/04/2026

5 လပိုင်း 17 မှာကျင်းပပြုလုပ်မယ့် တနင်္သာရီဖူဆယ်ဖလား ဘော်လုံးပြိုင်ပွဲကြီးအတွက် မဲခွဲပြီးသွားတဲ့ လူစရင်းရလဒ်ဖြစ်ပါတယ်ဗျ 🙏🏻

အားလုံးမပျက်မကွက်ပါဝင်ဆင်နွဲပေးကြဖို့ တောင်းဆိုပါတယ်နော် 🙏🏻

PALAW United's
Tanintharyi Football Club - Japan

19/04/2026

ဒုတိယအကြိမ်မြောက် တနင်္သာရီဖလားပြိုင်ပွဲ အသင်းလူစာရင်း မဲခွဲခြင်းအစီစဥိ

19/04/2026

တနင်္သာရီတိုင်းသားတွေစုပေါင်းပြုလုပ်တဲ့

Tanintharyi Cup ဖူဆယ်ဖလားဘော်လုံးပြိုင်ပွဲအတွက် မဲခွဲအစီစဉ်အတွက် စုပေါင်းလုပ်အားပေးနေကြတဲ့ ညီအကိုများ 🔥

12/04/2026

တိုကျို သင်္ကြန် ပုလောအဖွဲ့ ဈေးရောင်းခြင်း ဂန်ဒ 🤍

29/03/2026

ဒုတိယကြိမ်မြောက် TANINTHARYICUP ဖူဆယ်ပြိုင်ပွဲအတွက် လူစာရင်းကို ကျွန်တော်တို့Palaw United pageကလဲ လာပေးလို့ရပါတယ်

ဒုတိယအကြိမ်မြောက် 🏆 TANINTHARYI CUP 🏆 ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပရန် ကစားသမားဖိတ်ခေါ်ခြင်း
—————————————————————

ဂျပန်ရောက်တနင်္သာရီတိုင်းသူ/တိုင်းသားများနှင့်တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား။🙏

ကျွန်တော်တို့ တနင်္သာရီဖလားဘောလုံးပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှဦးဆောင်၍ “ဒုတိယအကြိမ်မြောက် တနင်္သာရီဖလား” ရံပုံငွေဖူဆယ်ဘောလုံးပြိုင်ပွဲကြီးကို လာမယ့် 17.05.2026 ရက်နေ့ (တနင်္ဂနွေနေ့) နေလယ် 1:00နာရီ အချိန်တွင် စည်းကားသိုက်မြိုက်သွာပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါတယ်။

ဒုတိယအကြိမ်မြောက်တနင်္သာရီဖလားပြိုင်ပွဲအကြောင်းအသေးစိတ်အနေနဲ့ကတော့ ပထမအကြိမ်ကျင်းပခဲ့တုန်းက ပုံစံအတိုင်း ပြိုင်ပွဲဝင်များကို အသင်းလိုက်လက်ခံသွားမည်မဟုတ်ပဲ တစ်ယောက်ခြင်းစီကို လက်ခံသွားမည်ဖြစ်ပြီး ပွဲဖြစ်မြောက်ရေးကော်မတီမှ မဲနှိုက်၍ အသင်းပြန်လည်ဖွဲ့စည်းပေးမည်ဖြစ်ပါသည်။

ပြိုင်ပွဲကို ပါဝင်အားဖြည့်ရန်စာရင်းပေးသွင်းမယ့်သူများအနေနဲ့ နာမည်၊ကျောနံပတ်၊အင်္ကျီဆိုဒ်နှင့် ကစားမည့်နေရာများပါ ပေးရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင် ၆ထောင်ယန်း (အင်္ကျီဖိုးပါပြီး) ကျသင့်မည်ဖြစ်ပါသည်။

စာရင်းပေးမယ်သူများအနေနဲ့ (30.03.2026)ရက်နေ့မှစ၍ (20.04.2026)ရက်နေ့ နောက်ဆုံးထားစာရင်းပေးသွင်းနိုင်ပြီး Tanintharyi Football Club page တွင်လည်း စာရင်းပေးနိုင်သလို Dawei FC နှင့် Palaw United တွင်လည်း စာရင်းပေးသွင်းနိုင်ပါသည်။

ကျတော်တို့ရဲ့ပြိုင်ပွဲကြီးကို ဂျပန်ရောက်တင်္နသာရီတိုင်းသူ/တိုင်းသားများနှင့် တိုင်းရင်းသားညီအကိုမောင်နှမများအားလုံး စည်းစည်းလုံးလုံးနဲ့ လာရောက်ပါဝင်ဆင်နွဲနိုင်ကြောင်း ခင်မင်ရင်းနှီးစွာနဲ့ ဖိတ်ခေါ်အပ်ပါသည်။

ဒုတိယအကြိမ်မြောက် တနင်္သာရီဖလားပြိုင်ပွဲမှရရှိလာသော ရံပုံငွေအကျိုးမြတ်များအားလုံးကို တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံသို့ တိုက်ရိုက်စီးဆင်းသွားမည်ဖြစ်ပါသည်။

🎫:¥6,000 ( One Jersey Free )
🗓️ : 17th May 2026 (Sunday)
⏰ : 1pm to 5pm
📍 : 埼玉県さいたま市桜区西堀8丁目2−1 (8 Chome-2-1 Nishibori, Sakura Ward, Saitama)

အသေးစိတ်သိရှိလိုပါက ဆက်သွယ်မေးမြန်းရန် ⚽

📱07012433943 ( Ko Paing Soe )
( DYJ/ DAWEI FC )

📱080-3511-6309 ( Ko Khant Nge )
( PSGJ/ Palaw United's)

#တနင်္သာရီတိုင်းဖလား
#ဖူဆယ်ဘောလုံးပြိုင်ပွဲ
#တိုကျို_ဂျပန်

06/03/2026

၃လပိုင်း ရဲ့ တလရ ရန်ပုံငွေဘောလုံးပွဲ
အဆင့်သင့်ဘဲလား ညီကိုတို💪💪💪💪💪💪💪

👨‍🎓REAL SENMON CUP🏆🏆

ဂျပန်ရောက် ဘောလုံးဝါသနာရှင် ညီအစ်ကို မောင်နှစ်မများအားလုံး မင်္ဂလာပါခင်ဗျာ🙏🙏🙏

JC KHIN-Uရွှေထိမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF၊
BEOFS ဒေသအသီးသီးမှ CDM ဆရာ/မ များ နှင့် PEACE CLASSROOM မှ စစ်ဘေးရှောင် ကလေးများ ထောက်ပံ့ရေးတို့အတွက် ထောက်ပို့ရည်ရွယ်၍ ရန်ပုံငွေဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို

Real Senmon Fc ညီငယ်များနှင့် MJFF မှ ဦးစီးပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

📅 2026 ခုနှစ်ရဲ့3ပိုင်း 29ရက် တနင်္ဂနွေနေ့တွင် ကျင်းပသွားမည် ဖြစ်ပါသဖြင့် ညီအစ်ကိုမောင်နှစ်မများအားလုံး ဝန်းရံပေးကြဖို့ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ🙏

⏰ စာရင်းပေးသွင်းရမည့်နေ့အချိန်
အသင်းစာရင်းစတင်လက်ခံမည့်နေ့
၃လပိုင်း ၈ရက်နေ့ တနင်္ဂနွေနေ့

မှတ်ချက်။ ။ ( ၇ရက် စနေနေ့ည၁၂ ထိုးတာနဲ့ စတင်ပေးလို့ရပါပြီ )

သတ်မှတ်ရက်မတိုင်ခင်ကြိုတင်ပေးလာသော အသင်းစာရင်းများကို လက်ခံမည်မဟုတ်ပါ။

💴 ပြိုင်ပွဲကြေး – **¥30,000 / တစ်သင်း**

👥 ကစားသမား – **11 ယောက် (တစ်သင်း)**

🗓️ **ပြိုင်ပွဲကျင်းပမည့် နေ့ရက်**
2026 March 29 (Sunday)

⌚️ **အချိန်**
8:30AM to 10PM

🏟️ **နေရာ**
Z Futsal Sport Shin-Misato
341-0011
1 Chome, 121 Uneme, Misato, Saitama
Shin-Misato Station - 7min walk

---

💖 ပြိုင်ပွဲမှရရှိသော အလှူငွေများက်ို အထက်ပါဖော်ပြထားသော နေရာအသီးသီးသို့ ခွဲဝေလှူဒါန်းသွားမှာဖြစ်ပါသည်။

🔑 ရန်ပုံငွေ ပြိုင်ပွဲဖြစ်တာကြောင့် ဆုကြေးငွေချီးမြှင့်မည် မဟုတ်ပါ။

🎉ချီးမြှင့်မည့်ဆုများကတော့

🥇ပထမချန်ပီယံဆုဖလား၊ ရွှေတံဆိပ်ဆု ၁၁ဆု

🥈ဒုတိယ ငွေတံဆိပ်ဆု၁၁ဆု

🥉တတိယကြေးတံဆိပ်ဆု ၁၁ဆုနှင့်

ပြိုင်ပွဲရဲ့

အကောင်းဆုံးကစားသမားဆု ၊

အကောင်းဆုံးတိုက်စစ်မှူးဆု၊

အကောင်းဆုံးနောက်တန်းဆု၊

အကောင်းဆုံးဂိုးသမားဆု၊

ဂိုးသွင်းအများဆုံးဆု တို့ကို

ထိုက်တန်ထူးချွန်သောကစားများကို ချီးမြှင့်ပေးသွားမှာဖြစ်ပါသည်။

🍱 နေ့လယ်အစားအသောက်ကိုလည်း စျေးနှုန်းချိုသာစွာ ရောင်းချပေးသွားပါမည်။ ဝယ်ယူအားပေးခြင်းဖြင့် ကူညီကြပါစို့ 🤗

✊⚽️ စည်းလုံးညီညွတ်မှုကို အင်အားအဖြစ် ပြောင်းလဲပြီး အားကစားမှသည် တော်လှန်ရေးစိတ်ဓာတ်ကို မြှင့်တင်ရင်း ဖက်ဒရယ်အနာဂတ်ဆီသို့ ချီတက်ကြပါစို့ ✊⚽️

အသင်းစာရင်းများကို အောက်ဖော်ပြပါ Page မှသာပေးသွင်းပေးကြပါ။

**📍 စာရင်းလက်ခံမည့် Page များ**

1️⃣ Myanmar in Japan Football Federation (MJFF)

🔗 [https://www.facebook.com/share/15Yv16S8Hs/](https://www.facebook.com/share/15Yv16S8Hs/)

2️⃣Real Senmon Fc Page

🔗https://www.facebook.com/share/1CEtmXUGDH/?mibextid=wwXIfr

📣📣စာရင်းပေးသွင်းရမည့်ရက်မှာ မတ်လ ၈ ရက်နေ့ တနင်္ဂနွေနေ့ဖြစ်ပါသည်။ ၇ ရက်နေ့ စနေည ၁၂ ထိုးတာနှင့်စတင်ပေးသွင်းလို့ရပါပြီ။

ကြိုတင်စာရင်းများကို လက်ခံမည်မဟုတ်ပါ။ အခြား Page များကိုပေးသော စာရင်းများကိုလည်း လက်ခံမည်မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ အားလုံးပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါသည်။
⚽️⚽️⚽️⚽️

Senmon Cup ဘောလုံးပြိုင်ပွဲ

#အားကစားဖြင့်တော်လှန်

#အားကစားဖြင့်တော်လှန်

17/02/2026

PALAW UNITED vs Japan FB Club

FUTSAL ( フトサル ) Training Time

ပြီးခဲ့တဲ့ရက် တနင်္ဂနွေ နေ့ ညနေ ပုလောယူနိုက်တက်အသင်းသားများ ဘော်လုံးထရိန်နင်မှာလူမစုံလို့ ကစားကွက်ချပုံဖော်ကစားဖို့ အဆင်မပြေဖြစ်နေချိန် ဂျပန်ဘော်လုံးပြိုင်ပွဲတပွဲရှိနေတာကို မသိဘဲ့ ခပ်တည်တည်နဲ့ ကစားပေးဖို့ သွားခေါ်ပြီး အသင်းကညီလေးများ အတွေ့အကြုံယူနိုင်ဖို့ရယ်နဲ့ စည်းကမ်းရှိရှိ စကေးရှိရှိဘော်လုံးကစားတာကိုလေ့လာနိုင်ဖို့ ဖိတ်ခေါ်ပေးတာကို လေးစားစွာပါဝင်ပေးတဲ့ ဂျပန်ဖူဆယ်ဘော်လုံးအသင်းကိုလဲ အများကြီးကျေးဇူးတင်ပါတယ် 🙏🏻

အမှတ်တရအနေနဲ့ တင်ပေးလိုက်ပါတယ် 🔥

17/02/2026
25/01/2026

စုပေါင်းအင်အား ဖယ်ဒရယ်ဖလား

ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အုပ်စုအဆင့် ပင်နယ်တီအဆုံးအဖြတ်နဲ့ အိမ်ပြန်လာခဲ့ပါပြီဗျာ 🫡

ပုလောဂိုးသမား အကများပြီး a little ခြေခြော်လက်ခြော်ဖြစ်ပွား 😁

24/01/2026

ပုလော ဂိုးသမားကြီးကတော့ မနက်ဖြန် အတွက် ဆင့်သင့်ဘဲ့တဲ့🤪🤪🤪🤪🤪

Photos from PALAW United's post 19/01/2026

ရှေ့သို့ချီတက် PALAW UNITED 🔥

ဒီတပတ်လည်းအကောင်းဆုံးကြိုးစားသွားမယ့် PALAW United's အုပ်စုဇယား နှင့် ပွဲထွက်လူစရင်းပါ ❤️

Photos from PALAW United's post 02/01/2026

31.12.2025 おめでとう㊗️

HAPPY BIRTHDAY & BIG CONGRATULATION

タン ジン アウン & TZ Tzma

နှစ်တနှစ်ရဲ့နောက်ဆုံးနေ့လေးမှာ ကျုပ်တို့ Palaw United Family ထဲ စတင်ဝင်ရောက်လာခဲ့တဲ့ ဖအေတူသားလေး ( မန်ယူဖန်လေး ) ရေ 🤍

Perfect Welcome ပါ ကောင်လေး 💪🏻

ကောင်းကောင်းမွန်မွန်နဲ့ ကြီးပြင်းပြီး မိဘကျေးဇူးသိတတ်နားလည်တဲ့ အများအကျိုးသယ်ပိုးနိုင်တဲ့ သားကောင်းရတနာလေးဖြစ်ပါစေလို့ PALAW United's
ညီအကိုများအားလုံးကိုယ်စား ဆုတောင်းပေးလိုက်ပါတယ်ကွယ် 🔥💪🏻🤍

あなたの事業をジム/スポーツ施設のトップリストSumida-kuにしたいですか?

ここをクリックしてあなたのスポンサー付きリスティングを獲得。

場所

カテゴリー

住所

東京、墨田𝑻𝑶𝑲𝒀𝑶
Sumida-ku, Tokyo
130-0021