Hokkaido Myanmar Football Team

Hokkaido Myanmar Football Team Sports

🤗အားလုံး မဂ်လာရှိသော နေ့လေးပါ🤗 🏆 July 19 နှင့် August 14ရက်နေ့ 🏆    Sapporo တွင် HMFT မှ ကျင်းပပြုလုပ်သော July နှင့် Aug...
31/08/2026

🤗အားလုံး မဂ်လာရှိသော နေ့လေးပါ🤗

🏆 July 19 နှင့် August 14ရက်နေ့ 🏆

Sapporo တွင် HMFT မှ ကျင်းပပြုလုပ်သော July နှင့် August ပြိုင်ပွဲမှ ရရှိခဲ့သည့် အလှူငွေများကို လိုအပ်နေ‌သည့် နေရာဒေသအသီးသီးဆီသို့ ပြန်လည်စီးဆင်းသွားပြီးကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
ဘောလုံးအားကစားမှ မိမိနိုင်ငံရှိ ဆင်းရဲဒုက္ခ၊စားဝတ်နေရေးအခက်ခဲရှိတဲ့သူတွေဆီသို့ အနှစ်နာခံပြီး ဦးဆောင် ကြိုးစားကူညီပေးသည့် အသင်းခေါင်းဆောင်များ၊ အဝေးမှ လာရောက်ပါဝင်ပေးတဲ့အသင်းသားများနှင့် ဝန်းရံပေးတဲ့ ‌ညီအစ်ကိုမောင်နှမများအားလုံးကို ရင်ထဲ လိူက်လှဲစွာ ဂုဏ်ယူကျေးဇူးတင်ရှိပါသည်။

To Nepal Sapporo FC 🇳🇵⚽

We sincerely appreciate your heartfelt participation and strong team spirit in supporting this meaningful movement.

Thank you for joining us and supporting this charitable cause.
You are always warmly welcomed! ⚽🤝❤️

HMFT နှင့်အတူ အမြဲကြိုးစားပါဝင်ပေးတဲ့တဦးစီတိုင်းကို လေးစားလျက်ပါ 🫡🫡



🍂 Hokkaido Autumn Memories Cup 2026 🍂📅 2026/Sep/20အားလုံး မင်္ဂလာပါ 🙏こんにちは😊နွေရာသီရဲ့ အပူတွေကို ဖြတ်သန်းပြီးတဲ့နောက် ဆော...
23/08/2026

🍂 Hokkaido Autumn Memories Cup 2026 🍂
📅 2026/Sep/20

အားလုံး မင်္ဂလာပါ 🙏
こんにちは😊

နွေရာသီရဲ့ အပူတွေကို ဖြတ်သန်းပြီးတဲ့နောက် ဆောင်းဦးရဲ့ အေးမြတဲ့လေထုနဲ့အတူ ⚽ ဘောလုံးကွင်းထဲမှာ မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံတွေ့နိုင်ဖို့၊ ပိုမိုကောင်းမွန်တဲ့ အမှတ်တရတွေ ဖန်တီးနိုင်ဖို့ Hokkaido Autumn Memories Cup ကို အရောက်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော် 🤗🍂⚽

အခုပွဲမှာလည်း 🍁 Hokkaido ရှိ ⚽ ဘောလုံးဝါသနာရှင်များ အတူတကွစုစည်းပြီး 🤝 ခင်မင်ရင်းနှီးမှုများ အပြန်အလှန်ဖလှယ်နိုင်စေရန်၊ ဘောလုံးအားကစားနဲ့အတူ မိမိနိုင်ငံအတွက် လိုအပ်နေသူများထံသို့ ဆက်လက်ပံ့ပိုးကူညီနိုင်စေရန် ရည်ရွယ်ပါတယ်။

👥 တစ်သင်းလူဦးရေ — 12 ယောက်
⏰ အချိန် — မနက် 8:30 မှ စတင်ပါမည်
🎟️ အသင်းဝင်ကြေး — ¥22,000 / Team

💧 ရေသန့်အလှူ

ဒီနေ့ပွဲမှာလည်း ကစားသမားများအတွက် ရေသန့်အလှူရှင်ရှိပါမည်။ 🙏
ပွဲအတွက် လိုအပ်တဲ့နေရာမှာ အမြဲကူညီပံ့ပိုးပေးတဲ့ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ 🙇‍♂️🙇‍♀️

⚽⚽⚽ ဘောလုံးချစ်သူ ညီအစ်ကိုများနှင့် ပရိသတ်များကိုလည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်။

ကျွန်တော်တို့နဲ့အတူ တစ်နေ့တာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းကြရအောင်။ 🤗⚽🍂

📍 နေရာ

〒007-0820 北海道札幌市東区東雁来町
豊平川緑地少年サッカー場

🚌 လမ်းညွှန်ချက်

Sapporo Station မှ Bus No. 56 စီးပြီး
「東雁来8条2丁目 (Higashi Kariki 8-2)」 မှတ်တိုင်တွင် ဆင်းပါ။

📍 နေရာ Link (https://www.google.com/maps/search/?

🚶 မှတ်တိုင်မှ ကွင်းအထိ လမ်းလျှောက် ၂ မိနစ်ခန့် ကြာပါမည်။

One Team. One Community. One Autumn Memory. 🍂


⚽️⚽️⚽️ Hokkaido Friendship Cup 2026 🇲🇲🤝🇯🇵Hokkaido Friendship Cup 2026 ကို ဩဂုတ်လ ၁၄ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြီးစီး...
19/08/2026

⚽️⚽️⚽️ Hokkaido Friendship Cup 2026 🇲🇲🤝🇯🇵

Hokkaido Friendship Cup 2026 ကို ဩဂုတ်လ ၁၄ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါပြီ။ ⚽️

ဒီပွဲမှာ ပါဝင်ယှဉ်ပြိုင်ပေးခဲ့ကြတဲ့ အသင်းများအားလုံး၊ လာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်များနဲ့ ပွဲဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 🙏❤️

🏆 Tournament Results

🥇 Champion – Nepal FC
🥈 Runner-up – Scorpions FC
🥉 Third Place – Kitami FC

ကစားသမားများအတွက် အမြဲတမ်း ရေ လှူဒါန်းပေးခဲ့သည့် အလှူရှင်ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ 💧🙏

အနိုင်အရှုံးထက် အချင်းချင်း ခင်မင်ရင်းနှီးမှု၊ စည်းလုံးညီညွတ်မှုနဲ့ ပျော်ရွှင်စွာ အတူတကွ ပါဝင်ကစားနိုင်ခဲ့ကြတာက ဒီပွဲရဲ့ အမှတ်တရကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ 🤝⚽️

နောင်လာမယ့် ပွဲများမှာလည်း အခုလိုပဲ အားလုံးနဲ့အတူ ပြန်လည်ဆုံတွေ့ကြမယ်နော ❤️🇲🇲

Thank you everyone for making the Hokkaido Friendship 2026 Cup a memorable event! ⚽️🏆

🇲🇲🤝🇯🇵

⚽⚽⚽သတင်းကောင်းတခုက 🤗🤗Hokkaido Friendship Cup ကိုAug /14 ရက်နေ့မှာ ကျင်းပပြုလုပ်သွားမည်။ လာခဲ့ပါ ထပ်တွေ့ကြအုံးမယ်နော 🤗🤗
23/07/2026

⚽⚽⚽သတင်းကောင်းတခုက 🤗🤗
Hokkaido Friendship Cup ကို
Aug /14 ရက်နေ့မှာ ကျင်းပပြုလုပ်သွားမည်။
လာခဲ့ပါ ထပ်တွေ့ကြအုံးမယ်နော 🤗🤗

Big Congratulations 🎉👏 Third Place! 🏆   A heartfelt thank you to the Nepal Team from Sapporo Language Center for joining...
21/07/2026

Big Congratulations 🎉👏
Third Place! 🏆

A heartfelt thank you to the Nepal Team from Sapporo Language Center for joining the Heroes' Memorial Cup 2026 and sharing the spirit of friendship, sportsmanship, and unity with us.

Your continued support and participation mean a great deal to us. We truly appreciate your friendship and look forward to welcoming you back for many more tournaments in the future.

Thank you, Team Nepal!
🇳🇵🤝🇲🇲 Together, football brings us closer.

🇲🇲⚽ Heroes' Memorial Cup – July 19, 2026  Heroes' Memorial Cup 2026 ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ကျဆုံးသွားသေ...
21/07/2026

🇲🇲⚽ Heroes' Memorial Cup – July 19, 2026

Heroes' Memorial Cup 2026 ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအားလုံးကို လေးစားစွာ ဂုဏ်ပြုအလေးပြုအပ်ပါသည်။

🏆 Tournament Results
🥇 Champion – Kayan Force FC
🥈 Runner-up – Asahikawa Unity FC
🥉 Third Place – Sapporo Language Center FC

ဒီပြိုင်ပွဲရဲ့ အဓိကအောင်မြင်မှုက ဆုဖလားတစ်လုံးထက် ပိုပါတယ်။

မိုးထဲ၊ လေထဲမှာ အတူကစားခဲ့ကြတဲ့ အခိုက်အတန့်တွေ၊ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ပြီး မိတ်ဆွေအဖြစ် ပြန်လည်လက်ဆွဲခဲ့တဲ့ အမှတ်တရတွေ၊ တစ်ယောက်ကိုတစ်ယောက် အားပေးခဲ့တဲ့ အပြုံးတွေက ကျွန်တော်တို့ကို ပိုပြီး စည်းလုံးစေခဲ့ပါတယ်။ ပိုပြီးတော့ စုစည်းလာနိုင်ခဲ့ပါတယ်။

ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် အချိန်ပေးပြီး ပါဝင်ခဲ့ကြသော အသင်းခေါင်းဆောင်များ၊အသင်းသားများ၊ စပွန်ဆာများ၊ လာရောက်အားပေးခဲ့ကြသော ဘောလုံးချစ်သူများနှင့် ကူညီပံ့ပိုးပေးသူအားလုံးကို Hokkaido Myanmar Football Team မှ အထူးကျေးဇူးတင်ရှိပါသည်။

🩵 ကစားသမားများအတွက် ကယန်းဆန်ပြုတ် ကြိုးစားချက်ပြုတ်ပေးတဲ့ ခွန်းမာရီယိုတို့ မိသားစု၊
💙 သောက်ရေလှူဒါန်းပေးသော အလှူရှင်နှင့်
💙 Pocari Sweat အချိုရည်ကို လှူဒါန်းပေးတဲ့ မကျဲလွင်တို့အား အထူးကျေးဇူးတင်ပါတယ်။

ဆက်လက်ပြီးတော့လဲ Sponsor များကို ဖိတ်ခေါ်
နေလျက်ပါ 🤗🤗

ဘောလုံးတစ်လုံးက လူတွေကို စည်းလုံးစေတယ်။
စည်းလုံးမှုကတော့ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အောင်ပွဲပါ။ ❤️🇲🇲





⚽️Heroes’ Memorial Cup 2026 🇲🇲⚽️"The Martyrs' Day (July 19)" 🔥 မဂ်လာပါ ခင်ဗျာ 🔥  အသိပေး နောက်ကျမူအတွက် အားလုံးကို တောင်း...
14/07/2026

⚽️Heroes’ Memorial Cup 2026 🇲🇲⚽️

"The Martyrs' Day (July 19)"

🔥 မဂ်လာပါ ခင်ဗျာ 🔥

  အသိပေး နောက်ကျမူအတွက် အားလုံးကို တောင်းပန်ပါတယ်။
ဇူလိုင် ၁၉ ဆိုတာ ကျွန်တော်တို့အတွက် မမေ့နိုင်တဲ့ နေ့တစ်နေ့ဖြစ်သလို လက်ဆင့်ကမ်း မျှဝေပေးဖို့လည်း လိုအပ်ပါတယ်။ ယနေ့အချိန်ထိ တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့ရသော အာဇာနည် သူရဲကောင်းအားလုံးကို အောက်မေ့သတိရစေတဲ့ နေ့ထူး‌နေ့မြတ်နေ့ဖြစ်တဲ့အတွက် အတူတကွ သတိရဆုတောင်းပေးကြရအောင်။
တစ်ဖက်မှာလည်း နိုင်ငံရပ်ခြားဆိုတာ အထီးကျန်မူ၊ စိတ်ဖိစီးမူ၊ အလုပ်ပင်ပန်းမူတွေကို ခဏဘေးဖယ်ထားပြီး မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေနဲ့ အတူဆုံတွေ့ကြမယ်။ ပျော်ရွှင်စွာ ဘောလုံးကို အတူကစားကြရအောင်။

ငယ်ရွယ်တုန်း နုပျိုနေတုန်း လုပ်နိုင်တဲ့အရာတွေကို စည်းလုံးစွာနဲ့ အတူရှေ့ဆက်ကြမယ်။

🏆 ဒီတစ်ခေါက် ပြိုင်ပွဲမှာတော့ အသင်း စုစုပေါင်း (၁၁) သင်းပါဝင် ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

သတင်းကောင်းတခုကတော့
💧 ကစားသမားများအတွက် ရေသန့်ပံ့ပိုးပေးမည့် အလှူရှင်များလည်း ရှိပါမည်။

📍 နေရာ
〒007-0820 北海道札幌市東区東雁来町
豊平川緑地少年サッカー場

🕗 အချိန် – မနက် ၈:၀၀ နာရီ
🎟 အသင်းဝင်ကြေး – ¥20000 / Team
🚌 လမ်းညွှန်ချက်
Sapporo Station မှ Bus No. 56 စီးပြီး
「東雁来8条2丁目 (Higashi Kariki 8-2)」မှတ်တိုင်တွင် ဆင်းပါ။
ထို့နောက် ခြေလျှင် (၇) မိနစ်ခန့် လျှောက်လျှင် ကွင်းသို့ ရောက်ရှိနိုင်ပါသည်။

📍 Google Map Link
https://maps.app.goo.gl/EeXHzVgnPyUxQV696?g_st=afm

📣 မိတ်ဆွေများနှင့်အတူ လာရောက်အားပေးဖို့ ဖိတ်ခေါ်ပါတယ်နော။
📣 ပျော်ပျော်ရွှင်ရွှင်နဲ့ တစ်နေ့တာကို အတူဖြတ်သန်းကြမယ်။

"One Team.
One Community.
One Hope for Myanmar."

Memorial Cup


🎉 ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ရှိကြောင်း အသိပေးကြေညာခြင်း 🎉  ၂၀၂၆ ခုနှစ် မေလနှင့် ဇွန်လအတွင်း HMFT (Hokkaido Myan...
09/07/2026

🎉 ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကျေးဇူးတင်ရှိကြောင်း အသိပေးကြေညာခြင်း 🎉

၂၀၂၆ ခုနှစ် မေလနှင့် ဇွန်လအတွင်း HMFT (Hokkaido Myanmar Football Team) မှ ကြီးမှူးကျင်းပခဲ့သော Hokkaido Zone ဘောလုံးပြိုင်ပွဲများ မှ ရရှိခဲ့သည့် အလှူငွေများကို လိုအပ်နေသော ဒေသအသီးသီးရှိ အဖွဲ့အစည်းများထံသို့ လှူဒါန်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာဖြင့် အသိပေးအပ်ပါသည်။
ဘောလုံးပွဲနှင့်အလှူငွေများ ရရှိနိုင်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းပါဝင်ကူညီပံ့ပိုးပေးခဲ့ကြသော ရင်ဘတ်တူ ညီအစ်ကို မောင်နှမများ၊ အားကစားသမားများ၊ အသင်း‌ခေါင်းဆောင်များ၊ စေတနာရှင် အလှူရှင်များနှင့် ပရိသတ်များအားလုံးကို HMFT မိသားစု မှ ဂုဏ်ယူလေးစားစွာဖြင့် အထူးကျေးဇူးတင်ရှိပါသည်။
ရှေ့ဆက်တွင်လည်း HMFTနှင့်အတူ တတ်နိုင်သည့် အခန်းကဏ္ဍမှ အတူတကွ လက်တွဲပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။




Thank you so much for your outstanding leadership and unwavering support of HMFT over the years, Luck Hau. 🫡 We will alw...
19/06/2026

Thank you so much for your outstanding leadership and unwavering support of HMFT over the years, Luck Hau. 🫡

We will always appreciate your dedication and commitment.
From 2022 to the present, your contributions have made a lasting impact.
Thank you for everything! 🙏🫡

🏆 Suu 81 Unity Cup အောင်မြင်စွာ ပြီးဆုံး 🏆Congratulations 🎉 Titan United FC 🎉🎂 Happy 81st Birthday အမေစု 🎂ကျန်းမာဘေးကင်း...
19/06/2026

🏆 Suu 81 Unity Cup အောင်မြင်စွာ ပြီးဆုံး 🏆

Congratulations 🎉 Titan United FC 🎉

🎂 Happy 81st Birthday အမေစု 🎂

ကျန်းမာဘေးကင်း၍ မတရားအချုပ်အနှောင်များမှ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ယနေ့ကျင်းပခဲ့သော Suu 81 Unity Cup ဘောလုံးပြိုင်ပွဲတွင် အသင်း (၁၂) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘောလုံးအားကစားမှတဆင့် စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှုနှင့် ညီအစ်ကိုမောင်နှမ စိတ်ဓာတ်များကို ပိုမိုခိုင်မာစေခဲ့သော အမှတ်တရနေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။

⚽ ဘောလုံးသည် အနိုင်အရှုံးအတွက်သာ မဟုတ်ဘဲ မတူညီသော နေရာဒေသများမှ မြန်မာညီအစ်ကိုမောင်နှမများကို ပြန်လည်ဆုံစည်းစေပြီး ချစ်ခင်ရင်းနှီးမှုများ တည်ဆောက်ပေးသော တံတားတစ်စင်းလည်း ဖြစ်ပါသည်။

🙇🙇ပွဲဖြစ်မြောက်ရေးအတွက် အချိန်၊ ခွန်အားနှင့် စေတနာများဖြင့် ပါဝင်ကူညီပေးခဲ့ကြသော မိတ်ဆွေများ၊ အသင်းခေါင်းဆောင်များ၊ ကစားသမားများ၊ အလှူရှင်များနှင့် အဝေးအနီးမှ လာရောက်အားပေးခဲ့ကြသူ တစ်ဦးချင်းစီအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါသည်။

💧 လစဉ်လတိုင်း ရေသန့်လှူဒါန်းပေးသော အလှူရှင်များအားလည်း အထူးကျေးဇူးတင်ရှိပါသည်။

🍱 နေ့လည်စာများ စီစဉ်ရောင်းချပေးခဲ့ကြသူများကိုလည်း ကျေးဇူးအထူးတင်ရှိပါသည်။

ဘောလုံးကို ချစ်မြတ်နိုးသူများ၊ မြန်မာအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို တန်ဖိုးထားသူများနှင့်အတူ လာမည့်ပြိုင်ပွဲများတွင်လည်း ဆက်လက်တွေ့ဆုံနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

🤝 Together We Are Stronger

⚽ Football Unites Us

❤️ We Are Brotherhood









住所

Hokkaido
Sapporo-shi, Hokkaido

ウェブサイト

アラート

Hokkaido Myanmar Football Teamがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー