Daily Football

Daily Football

Share

Our major objective is to deliver latest football news to our fans

Photos from Daily Football's post 11/07/2026

ကမ္ဘာ့ဖလား ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ တောင်အာဖရိက အသင်းရဲ့ အသက် (၂၅) နှစ်အရွယ် ကစားသမား 𝐉𝐚𝐲𝐝𝐞𝐧 𝐀𝐝𝐚𝐦𝐬 က သူ့ရဲ့ Cape Town ကနေအိမ်မှာ အသက်ဆုံးရှုံးနေကြောင်း ယနေ့ နံနက်မှာပဲ တွေ့ရှိခဲ့ရတယ်လို့ ရဲက စာထုတ်ပြန်ထားပါတယ်။

ကစားသမားက ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေဖြစ်တဲ့ မက္ကဆီကို ၊ ချက်နဲ့ ပွဲစဉ်တွေမှာ ပထမပွဲထွက် လူစာရင်းမှာ ပါဝင်ကစားခဲ့ပြီး ၊ တောင်ကိုရီးယားနဲ့ ပွဲစဉ်မှာတော့ လူစားလဲပြီး ပါဝင်ကစားခဲ့ရသူ ဖြစ်ပါတယ်။

ကနေဒါကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာတော့ ပါဝင် ကစားခွင့် မရရှိခဲ့ပါဘူး။

အခြားသတင်း တစ်ခုမှာတော့ စိတ်ဖိစီးမှု့ကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

𝐑.𝐈.𝐏 💔💔💔

Credit Photos

10/07/2026

မန်ယူန်ိုက်တက်က 𝐄𝐝𝐞𝐫𝐬𝐨𝐧 ခေါ်ယူမှု့ ပျက်ပြယ်တယ်လို့ သတင်းများထွက်ပေါ်လာမှု့အပေါ် ငြင်းဆိုထားတယ်လို့ သိရပါတယ်။

ဆေးစစ်ချက်အရ ကစားသမားရဲ့ဒူးက ဆေးထိုးပြီး ကစားနေရတဲ့ အပြင် နောင်အနာဂါတ်မှာ ဒဏ်ရာပြဿနာတက်လာနိုင်တဲ့ အတွက် ခေါ်ယူမှု့ ပျက်ပြယ်သွားတယ်လို့ သတင်းတွေ တက်နေတာ ဖြစ်ပါတယ်။

မန်ယူနိုက်တက်ဘက်က ဆေးစစ်မှု့တွေ မပြီးပြတ်သေးတဲ့ အတွက် ဆုံးဖြတ်ချက် အတိအကျ မချရသေးဘူးလို့ သိရပါတယ်။

Credit Photo

Photos from Daily Football's post 10/07/2026

မနက်ဖြန်ည ကစားမယ့် နော်​ဝေး နဲ့ အင်္ဂလန်ပွဲ မတိုင်ခင်

နော်ဝေး ခရီးသည် လေကြောင်းလိုင်းက အင်္ဂလန် ခရီးသည် လေကြောင်းလိုင်းကို စိန်ခေါ်လိုက်ပါတယ်။

“နော်ဝေး နိုင်ခဲ့ရင် ၊ အင်္ဂလန်လေကြောင်းလိုင်းက နော်ဝေးလေကြောင်းလိုင်းရဲ့ အမှတ်တံဆိပ်ကို အင်စတာဂရမ်မှာ တစ်ရက်တိတိ ပြောင်းတင်ပေးရမယ်” လို့ စိန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန် လေကြောင်းလိုင်း အက်မင်ကတော့

“လောင်းမနေပါနဲ့ ၊ မင်းတို့ မနိုင်ပါဘူး” လို့ တုန့်ပြန်ခဲ့ပါတယ်။

အဲဒီ post အောက်မှာ ကာတာ ၊ ဆွစ် ၊ အိန္ဒီယ ၊ ရီရက် နဲ့ အခြား လေကြောင်း လိုင်းများကလဲ ဝင်ပြီး အသီးသီး မှတ်ချက် ပေးခဲ့ကြပါတယ်။

ကဲ နော်ဝေး လား ၊ နော်ဝေးလား ။ 😉😉😉

Credit Photos

10/07/2026

𝐌𝐢𝐤𝐞𝐥 𝐌𝐞𝐫𝐢𝐧𝐨 က super sub ပါပဲ

ပေါ်တူဂီနဲ့ ဘယ်လ်ဂျီယံ တို့ အသဲကို ခွဲသူပေါ့

Credit Photo

Photos from Daily Football's post 10/07/2026

မသေချာရင် အဝေးကို ပုတ်ထုတ်ခဲ့သင့်တာပေါ့

𝐒𝐞𝐧𝐧𝐞 𝐋𝐚𝐦𝐦𝐞𝐧𝐬 ရာ 😔😔

𝐏𝐞𝐭𝐞𝐫 𝐒𝐜𝐡𝐦𝐞𝐢𝐜𝐡𝐞𝐥 ဆို ခြေထောက်ကြီး ကားပြီး ရှင်းထုတ်မှာ

Credit Photos

Photos from Daily Football's post 10/07/2026

စပိန်ကို

ဘယ်လ်ဂျီယံလို man-to-man ကစားမှပဲ

ဒါတောင် စပိန်က လုပ်ပြနေသေးတာ။

စပိန်ကတော့ ထုံးစံအတိုင်း possession က စီးနေတာပါပဲ။

Credit Photos

Photos from Daily Football's post 10/07/2026

(၂၀၂၆) ကမ္ဘာ့ဖလားမှာ (၆၄၉) မိနစ် တိတိ ပေးဂိုးမရှိကစားထားတဲ့ စပိန်က ဒီနေ့ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပထမဆုံးဂိုးကို ခွင့်ပြုခဲ့ရပြီ ဖြစ်ပါတယ်။

Credit Photos

10/07/2026

ဘုန်းမောက်ရဲ့ အသက် (၂၀) အရွယ် ကစားသမား 𝐄𝐥𝐢 𝐉𝐮𝐧𝐢𝐨𝐫 𝐊𝐫𝐨𝐮𝐩𝐢 ကို တရားဝင် ကမ်းလှမ်းဖို့ အတွက် အဖွဲ့အစည်းအတွင်း ဆွေးနွေးနေတဲ့ စပါး

ကစားသမားနဲ့ စပါးနည်းပြသစ် 𝐑𝐨𝐛𝐞𝐫𝐭𝐨 𝐃𝐞 𝐙𝐞𝐫𝐛𝐢 တို့ကတော့ တွေ့ဆုံဆွေးနွေးပြီး ဖြစ်ပါတယ်။ ကစားသမားကလဲ စပါးအသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဘုန်းမောက်အသင်းက ကစားသမားကို မရောင်းချလိုတဲ့အတွက် ကစားသမားရဲ့တန်ဖိုးကို ပေါင်သန်း (၁၀၀) အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ စပါးက ကစားသမားရဲ့ တန်ဖိုးကို လက်ရှိစျေးကွက်တန်ဖိုးနဲ့ တိုင်းတာပြီး ကမ်းလှမ်းဖို့အတွက် အဖွဲ့အစည်းအတွင်းဆွေးနွေးမှု့ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ကလဲ ကစားသမားကို စိတ်ဝင်စားပေမဲ့ ပေါင်သန်း (၁၀၀) ကြောင့် စိတ်ဝင်စားမှု့ လျော့နည်းသွားပြီ ဖြစ်ပါတယ်။

စပါးကတော့ ဒီရာသီစျေးကွက်မှာ အပြောင်းအရွှေ့အတွက် ပေါင်သန်း (၂၀၀) ကျော် သုံးစွဲထားပြီး ဖြစ်ပါတယ်။

Credit Photo

09/07/2026

ပြင်သစ်အလယ်တန်းရဲ့ passive defending ပုံစံကတော့ အရမ်းသဘောကျ

သေချာမှ ဝင်လုတော့တာ ၊ မသေချာရင် ဘောလုံး ဝင်ကို မလုတာ၊ မရမ်းဘူး၊ မကြမ်းဘူး။ 👏

နည်းပြ 𝐃𝐢𝐝𝐢𝐞𝐫 𝐃𝐞𝐬𝐜𝐡𝐚𝐦𝐩𝐬 ရဲ့ mid block ကစားတဲ့ပုံစံကြောင့်ရယ် ၊ ကစားသမားတွေရဲ့ ယုံကြည်မှု့ နဲ့ skills တွေကြောင့် ကြည့်ရတာ ပွဲက ကောင်း၊ မော်ရိုကို အေးဆေး ကစားသွားတာလဲ ပါလိမ့်မယ်။

ပါရာဂွေးပွဲနဲ့ တစ်ခြားစီ 👎🏻

09/07/2026

𝐎𝐮𝐬𝐦𝐚𝐧𝐞 𝐃𝐞𝐦𝐛é𝐥é ရယ် ကန်ဖို့ နေရာလွတ် (၁) ပေလောက် မပေးလိုက်နဲ့ ၊ တန်းသွင်းတာပဲ

😳😳😳

Want your business to be the top-listed Gym/sports Facility in London?

Click here to claim your Sponsored Listing.

Location

Category

Website

Address

London
TW31XL